စစ်ကောင်စီ မှ အရပ်သားများကို MNDAA ၊ TNLA နှင့်(SSPP/SSA) စစ်ဝတ်စုံများကို ချုပ်ခိုင်းနေ

သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကောင်စီက မြို့အတွင်းနေထိုင်နေသည့် အရပ်သားများကို MNDAA ၊ TNLA နှင့်(SSPP/SSA) စစ်ဝတ်စုံများကို ချုပ်ခိုင်းနေကြောင်း The Kokang တွင်ထုတ်ပြန်ထားသည်။

MNDAA

စစ်ကောင်စီမှ ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုများကျူးလွန်ပြီး MNDAA ၊ TNLA နှင့် (SSPP/SSA) အပေါ်စွတ်စွဲချက် ကြံစည်နိုင်ကြောင်းခန့်မှန်းသုံးသပ်ပြီး၊ ပြည်သူများလူထုများ အပေါ်နှင့် သတိရှိရှိ နေထိုင် ကြရန် တိုက်တွန်ထားပါသည်။

စစ်ကောင်စီတပ်မှ အာဏာသိမ်းပြီး ၂ နှစ် ကာလ အတွင်းတွင် ပြည်သူလူထုတို့၏နေအိမ်များကို မီးရှို့ဖျက်ဆီး ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူသား ဒိုင်းကာလုပ်ခြင်း စသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြ သည်။

စစ်ကောင်စီဘက်မှ စစ်ရေးရှုံးနှိမ့်များနှင့် ဆက်တိုက်ရင်ဆိုင်နေရခြင်းကြောင့် ရှုံးမဲမဲ၍ အရပ်သားများ အပေါ် စစ်ရာဇဝတ်မှုများချိုးဖောက်နိုင်သည့်အတွက်ကြောင့် ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် အထူးသတိထားရန် မေတ္တာရပ်ခံကြောင်း The Kokang မှထုတ်ဖော်ပြထားပါသည်။

ကွမ်းလုံ တံတား

ထို့အတူ သျှမ်းပြည် လားရှိုးခရိုင်ရှိ ကွမ်းလုံမြို့အား အပြီးအပိုင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ်အဖွဲ့မှ ကိုးကန့်တပ်ဖွဲ့ MNDAA က နိုဝင်ဘာလ ၁၂ ရက်တွင် ကိုးကန့်မီဒီယာမှတဆင့် သတင်းထုတ်ထားကြောင် သိရသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် သံလွင်မြစ် အရှေ့ဘက်ခြမ်းရှိ ကွမ်းလုံမြို့ကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီး သံချပ်ကာယာဉ်နှင့် လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းနိုင်ခဲ့ပြီး သံလွင်မြစ် အနောက်ဘက်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်း တပ်စခန်းကိုလည်း (နိုဝင်ဘာ ၁၀ ရက်) က သိမ်းပိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...