Wednesday, January 28, 2026

နမ့်ခမ်းမြို့တွင်း စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပတ္တမြားခန်းမ မီးလောင်ပျက်စီး

သျှမ်းပြည် နမ့်ခမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်၏ စခန်းသစ်မှနေ၍ နမ့်ခမ်းမြို့တွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။

နမ့်ခမ်းမီးလောင်

ယနေ့ (နိုဝင်ဘာ ၁၂ ရက်) ည ၆ နာရီခန့်မှ စ၍ နမ့်ခမ်းမြို့ စခန်းသစ်ဗျူဟာကုန်းမှ စစ်ကောင်စီတပ်သည် နမ့်ခမ်းမြို့တွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် နမ့်ခမ်းမြို့မ ရဲစခန်းအနောက်ဘက်ရှိ ပတ္တမြားခန်းမကို ထိမှန်ပြီး မီးလောင်ပျက်စီးသွားကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“စခန်းသစ်ဘက်က လက်နက်ကြီးနဲ့ ရမ်းပစ်လို့ ရဲစခန်းအနောက်က ပတ္တမြားခန်းမကို လာမှန်တာ၊ အဲ့မှာ မီးလောင်နေတယ်။ အခု မီးသတ်ကား ၂ စီး မီးငြိမ်းဖို့ သွားပြီ။ ဒီနှစ်ရက် သုံးရက်အတွင်း စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးက အိမ်တွေပေါ်လာကျရင် ချက်ချင်း မီးတောက်လောင်တာ။ သူတို့ပစ်လာတာ ဘယ်လိုလက်နက် အမျိုးအစားလဲ မသိဘူး”ဟု နမ့်ခမ်းဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ခမ်းမီးလောင်

ယနေ့ (နိုဝင်ဘာ ၁၂ ရက်) ည ၆ နာရီဝန်းကျင်မှ စပြီး ယခုသတင်းရေးသားနေသည့် ည ၉ နာရီ အချိန်အထိ စခန်းသစ် ဗျူဟာကုန်းမှနေ၍ နမ့်ခမ်းမြို့တွင်းသို့ ရမ်းသမ်းပစ်ခတ်နေသည့် လက်နက်ကြီးမှာ ၁၀ လုံးထက်မနည်း ရှိနေသည်ဟု သိရသည်။

“ခုနလေးတင် စေ့ဟိုင်းနဲ့ မန်ခမ်းဘက်ကို လက်နက်ကြီး နောက်ထပ် ၂ လုံး ထပ်ကျတယ်။ အဲ့ဒါတော့ ထိခိုက်ပျက်စီးမှု မသိရသေးဘူး၊ ရွာသားတွေတော့ ထွက်ပြေးကုန်ကြပြီ ပြောတယ်”ဟု ၎င်းနမ့်ခမ်းဒေသခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်ကလည်း နမ့်ခမ်းမြို့ မြောက်ဘက်ရှိ စခန်းသစ် ဗျူဟာကုန်းမှနေ၍ နမ့်ခမ်းမြို့တွင်းသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ရာ သာယာကုန်းရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူနေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့ရသည်။

ယခု နိုဝင်ဘာလ ဒုတိယပတ်မှစ၍ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ်၏ စခန်းသစ်ဗျူဟာကုန်းသို့ TNLA တပ်ဖွဲ့မှ ညအချိန် ၁၀ နာရီနောက်ပိုင်း ညတိုင်းနီးပါးခန့် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်မှ မြို့တွင်းသို့ ရမ်းသမ်းပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

TNLA တပ်ဖွဲ့က နမ့်ခမ်းမြို့အား နိုဝင်ဘာ ၃ ရက်နေ့မှ စတင်တိုက်ခိုက်လာပြီး အလုံးစုံထိန်းချုပ်နိုင်ရန် အစွမ်းကုန် ကြိုးစားလျက်ရှိကာ နှစ်ဘက်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ကျော်မှာ တရုတ်နယ်စပ်နှင့် မူဆယ်မြို့နယ်တို့တွင် ထွက်ပြေးတိမ်းရှောင်‌နေရသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...