နမ့်ခမ်းမြို့တွင်း စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပတ္တမြားခန်းမ မီးလောင်ပျက်စီး

သျှမ်းပြည် နမ့်ခမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်၏ စခန်းသစ်မှနေ၍ နမ့်ခမ်းမြို့တွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။

နမ့်ခမ်းမီးလောင်

ယနေ့ (နိုဝင်ဘာ ၁၂ ရက်) ည ၆ နာရီခန့်မှ စ၍ နမ့်ခမ်းမြို့ စခန်းသစ်ဗျူဟာကုန်းမှ စစ်ကောင်စီတပ်သည် နမ့်ခမ်းမြို့တွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် နမ့်ခမ်းမြို့မ ရဲစခန်းအနောက်ဘက်ရှိ ပတ္တမြားခန်းမကို ထိမှန်ပြီး မီးလောင်ပျက်စီးသွားကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“စခန်းသစ်ဘက်က လက်နက်ကြီးနဲ့ ရမ်းပစ်လို့ ရဲစခန်းအနောက်က ပတ္တမြားခန်းမကို လာမှန်တာ၊ အဲ့မှာ မီးလောင်နေတယ်။ အခု မီးသတ်ကား ၂ စီး မီးငြိမ်းဖို့ သွားပြီ။ ဒီနှစ်ရက် သုံးရက်အတွင်း စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးက အိမ်တွေပေါ်လာကျရင် ချက်ချင်း မီးတောက်လောင်တာ။ သူတို့ပစ်လာတာ ဘယ်လိုလက်နက် အမျိုးအစားလဲ မသိဘူး”ဟု နမ့်ခမ်းဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ခမ်းမီးလောင်

ယနေ့ (နိုဝင်ဘာ ၁၂ ရက်) ည ၆ နာရီဝန်းကျင်မှ စပြီး ယခုသတင်းရေးသားနေသည့် ည ၉ နာရီ အချိန်အထိ စခန်းသစ် ဗျူဟာကုန်းမှနေ၍ နမ့်ခမ်းမြို့တွင်းသို့ ရမ်းသမ်းပစ်ခတ်နေသည့် လက်နက်ကြီးမှာ ၁၀ လုံးထက်မနည်း ရှိနေသည်ဟု သိရသည်။

“ခုနလေးတင် စေ့ဟိုင်းနဲ့ မန်ခမ်းဘက်ကို လက်နက်ကြီး နောက်ထပ် ၂ လုံး ထပ်ကျတယ်။ အဲ့ဒါတော့ ထိခိုက်ပျက်စီးမှု မသိရသေးဘူး၊ ရွာသားတွေတော့ ထွက်ပြေးကုန်ကြပြီ ပြောတယ်”ဟု ၎င်းနမ့်ခမ်းဒေသခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်ကလည်း နမ့်ခမ်းမြို့ မြောက်ဘက်ရှိ စခန်းသစ် ဗျူဟာကုန်းမှနေ၍ နမ့်ခမ်းမြို့တွင်းသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ရာ သာယာကုန်းရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူနေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့ရသည်။

ယခု နိုဝင်ဘာလ ဒုတိယပတ်မှစ၍ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ်၏ စခန်းသစ်ဗျူဟာကုန်းသို့ TNLA တပ်ဖွဲ့မှ ညအချိန် ၁၀ နာရီနောက်ပိုင်း ညတိုင်းနီးပါးခန့် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်မှ မြို့တွင်းသို့ ရမ်းသမ်းပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

TNLA တပ်ဖွဲ့က နမ့်ခမ်းမြို့အား နိုဝင်ဘာ ၃ ရက်နေ့မှ စတင်တိုက်ခိုက်လာပြီး အလုံးစုံထိန်းချုပ်နိုင်ရန် အစွမ်းကုန် ကြိုးစားလျက်ရှိကာ နှစ်ဘက်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ကျော်မှာ တရုတ်နယ်စပ်နှင့် မူဆယ်မြို့နယ်တို့တွင် ထွက်ပြေးတိမ်းရှောင်‌နေရသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...