စစ်ရေးပဋိပက္ခအတွင်း ပြည်သူလူထုအား အကာအကွယ်ပေးရန် သျှမ်းလူထုနှင့် အရပ်ဖက် အဖွဲ့အစည်းများ ထုတ်ပြန်

“၁၀၂၇ စစ်ဆင်ရေး” ဆင်နွှဲနေသော ညီနောင်မဟာမိတ်တပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့် စစ်ကောင်စီတပ်တို့ကို စစ်ရေးပဋိပက္ခအတွင်း ပြည်သူလူထုအား အကာအကွယ်ပေးရန် သျှမ်းလူထုနှင့် အရပ်ဖက် အဖွဲ့အစည်းများက ယနေ့ (နိုဝင်ဘာ ၁၁ ရက်)တွင် ထုတ်ပြန်လာသည်။

MNDAA တပ် သိန္နီသိမ်းပိုက်ခဲ့ပုံ

စစ်ရေးပဋိပက္ခတွင် ပါဝင်ကြသော နှစ်ဘက်လက်နက်ကိုင် တပ်ဖွဲ့အားလုံးသည် ပြည်သူလူထုအား ခြိမ်းခြောက်ခိုင်းစေခြင်း၊ အတင်းအဓမ္မ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူသားတံတိုင်းကဲ့သို့ အသုံးပြုခြင်း၊ လူနေအိမ်နှင့် သာသနိက အဆောက်အဦများကို ပစ်ခတ်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်ခြင်းများနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေ (IHL)ကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

“တော်လှန်ရေးအင်အားစုကော စစ်ကောင်စီကော အပြန်အလှန် ချေမှုန်းကြတာက အဲ့ဒီမှာနေတဲ့ သျှမ်းပြည်သူလူထုကို အများကြီး ထိခိုက်တာ ရှိတယ်။ အခု ပြည်သူလူထုက အများကြီး ရွှေ့ပြောင်းနေရတယ်။ ရွှေ့ပြောင်းတဲ့အချိန်မှာ ကောင်းကောင်းမွန်မွန် မရွှေ့ပြောင်းရဘူးဆိုတာတွေ ရှိတယ်။ မြို့ထဲ ရွာထဲမှာ လက်နက်ကြီးတွေ ချတယ်။ မြို့ရွာတွေထဲကို တမင်ကြံရွယ်ချက်နဲ့ စစ်လာတိုက်နေကြတယ်”ဟု ထုတ်ပြန်ချက်တွင် ပါဝင်ထောက်ခံသည့် အဖွဲ့အစည်းများကိုယ်စား နန်းဆွဲ့ခမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ရေးပဋိပက္ခတွင် ပါဝင်ကြသည့် လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကလည်း လူထု၏ ဒုက္ခကို လျစ်လျူရှုနေကြပြီး ဒေသခံပြည်သူများစွာမှာ အသက်အန္တရာယ် စိုးရိမ်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လားရှိုးမန်ဆူ စစ်ရှောင်

“အခုလက်ရှိမှာ သျှမ်းပြည်သူလူထုတွေ တအားကြီးကို ကြုံတွေ့နေရတဲ့ ဘာအကာအကွယ်မှ မရှိဘဲ နေနေရတဲ့ အချိန်ကာလမှာ လူသားတံတိုင်းလိုမျိုး အသုံးချခံနေရတယ်ဆိုတာမျိုး ဖြစ်နေတယ်။ စစ်ဥပဒေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို လုံးဝ မလိုက်နာတဲ့ ကဏ္ဍလေးတွေ ရှိနေတယ်။ အဲ့လိုမျိုး မဖြစ်စေချင်ဘူး။ အခုဆိုရင် စစ်ဘေးရှောင်တွေ သိန္နီမှာ ပိတ်မိနေတာတွေ ရှိတယ်။ တခြားနေရာ ဒေသမှာ ပိတ်မိနေတာ ရှိတယ်”ဟု နန်းဆွဲ့ခမ်းက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

စစ်ပွဲအတွင်း ပိတ်မိနေသည့် ပြည်သူလူထုများ ဘေးကင်းစွာ စစ်ဘေးရှောင်နိုင်ရေးနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးသည့် ပြည်သူများနှင့် အရပ်ဖက်အဖွဲ့အစည်းများကို လွတ်လပ်စွာ ကူညီခွင့်ပြုရန်လည်း ထုတ်ပြန်ချက်တွင် တိုက်တွန်းတောင်းဆိုထားသည်။

သိန္နီ စစ်ရှောင်

“စစ်ကောင်စီကို မလာနိုင်အောင် အမျိုးမျိုး ဖြတ်တောက်တာတွေရှိတယ်။ စစ်ဆင်ရေးအရ ဖြတ်တောက်တာက တစ်မျိုးပေါ့နော်။ ဒါပေမယ့် တကယ့်လူနေတဲ့ နေရာဒေသမှာ လုပ်နေတဲ့ ကိစ္စရပ်ကကျတော့ မလုပ်စေချင်ဘူး။ ပြည်သူတွေကြားမှာ တိုက်ပွဲမဖော်ဆောင်ပါနဲ့။ ပြည်သူလူထုတွေကို အကာအကွယ် ပေးပါ။ အခုဆိုရင် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ လုပ်နေတဲ့ အဖွဲ့တွေ လုပ်ရကိုင်ရ အရမ်းခက်နေတယ်၊ သူတို့တွေကိုလဲ အကာအကွယ်ပေးဖို့ လိုအပ်တယ်”ဟု စစ်ရှောင်ကူညီနေသူများ၏ အခက်အခဲကို နန်းဆွဲ့ခမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် တော်လှန်ရေးခေါင်းစဉ်ကို အကြောင်းပြ၍ ပိုးလမ်းမစီမံကိန်း BRI မှ အကျိုးအမြတ် ရရှိစေရန် ကြိုတင်ကြံစည်၍ ထိန်းချုပ်နယ်မြေ လုယူခြင်း၊ လူမျိုးရေး ပဋိပက္ခဖြစ်စေရန် စည်းရုံးလှုံဆော်ကြခြင်းနှင့် နိုင်ငံရေး၊ စစ်ရေး မရိုးဖြောင့်မှုများ ပြုလုပ်လာခြင်းကြောင့် စိုးရိမ်ပူပန်မိကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ထုတ်ပြန်ချက်တွေမှာ ဘယ်လိုပဲ ရေးနေ ရေးနေ၊ နိုင်ငံရေး စစ်ရေးအရ ဘယ်လိုပဲ ပြောနေပါစေ သူ့နောက်ကွယ်က အကျိုးစီးပွား ကြီးကြီးမားမားတွေ ရှိတယ်ဆိုတာကို မြင်သာနိုင်တယ်ပေါ့။ အဲ့ထဲက တစ်ခုကို ထောက်ပြပါဆိုရင် ပိုးလမ်းမကိစ္စ BRI က နံပါတ်တစ်လောက် ဖြစ်နိုင်တယ်ပေါ့။ အဲ့ဒီအတွက်ကြောင့် အခုကတည်းက ကြိုတင်ပြင်ဆင်ပြီးတော့ နယ်မြေချဲ့ထွင်ခြင်း ဖြစ်တယ်လို့ ပြည်သူလူထုအများစုက အဲ့လိုပဲ ယူဆကြပါတယ်”ဟု လက်ရှိဖော်ဆောင်နေသည့် စစ်ဆင်ရေးအပေါ် နန်းဆွဲ့ခမ်းက သျှမ်းသံတော်ဆင့်ကို ယခုကဲ့သို့ ပြန်လည်ဖြေကြားထားသည်။

ယခု သဘောထားထုတ်ပြန်ချက်ကို သျှမ်းပြည်တွင်းနှင့် ပြည်ပရှိ သံဃာတော်များ၊ ပြည်သူလူထုနှင့် အရပ်ဖက် အဖွဲ့အစည်းများ စုစုပေါင်း ၂၆ ဖွဲ့က ပူးပေါင်းထုတ်ပြန်ခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...