နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို TNLA တပ်ဖွဲ့က ဝိုင်းရံပိတ်ဆို့ထား

သျှမ်းပြည် နမ့်ခမ်းမြို့နယ် စစ်ကောင်စီလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ရဲစခန်းတို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့က ဝိုင်းရံပိတ်ဆို့ထားကြောင်း စုံစမ်းသိရသည်။

နမ့်ခမ်းမြို့

ယနေ့ (နိုဝင်ဘာ ၅ ရက်) နံနက် ၆ နာရီခန့်မှပြီး နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို TNLA တပ်ဖွဲ့က ဝိုင်းရံပိတ်ဆို့ထားပြီး အနီးအနားရှိ ပြည်သူများနှင့် ဈေးဝယ်ထွက်သူများကို မိမိအိမ်တွင်သာ နေကြရန် TNLA တပ်ဖွဲ့က ညွှန်ကြားနေသည်ဟု နမ့်ခမ်းမြို့ ဒေသံများက ပြောသည်။

“ဒီနေ့လယ်အထိတော့ သေနတ်သံမထွက်သေးဘူး။ ဈေးထွက်ဝယ်တဲ့လူတွေကို တော့ အိမ်မြန်မြန်ပြန်ကြဖို့ လာပြောတာရှိတယ်။ ထွေအုပ်ရုံးကို မနက်အစောကတည်းက သူတို့ဝိုင်းထားတာ ဟုတ်တယ်။ နမ့်ခမ်းက ထွေအုပ်ရုံးနဲ့ ရဲစခန်းကို သူတို့သိမ်းတော့မယ်လို့ မနေ့တနေ့ကတည်းက ကြားတာ။ အခု အဲ့ဒီထွေအုပ်ရုံးထဲမှာ ဘယ်သူမှ မရှိတော့ဘူး။ ရဲစခန်းက လူတွေလဲ အစကတည်းက ထွက်ပြေးဖို့ အထုပ်ပြင်ထားကြတယ် ထင်တယ်၊ သွားကုန်ကြပြီ”ဟု နမ့်ခမ်းမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ TNLA နဲ့ စကစ စိုးမိုးနေသည့် နေရာများ

ထို့အပြင် နမ့်ခမ်းမြို့အခြေစိုက် စစ်ကောင်စီ တပ်မ-၁၁ ၏ စခန်းသစ် စစ်ဗျူဟာကုန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်ရန် TNLA တပ်ဖွဲ့က အင်အားဖြည့်တင်းနေခြင်းကြောင့် စစ်ကောင်စီတပ်ဘက် လေကြောင်းမှ ပြည်သူလူထု နေထိုင်ရာ မြို့ရွာအတွင်းသို့ ဗုံးကြဲတိုက်ခိုက်မည်ကို နမ့်ခမ်းမြို့ခံများက စိုးရိမ်ထိတ်လန့်နေကြသည်။

“မြို့တွင်းထဲလဲ ဘယ်သူမှ မထွက်ရဲဘူး၊ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကျဲမှာ ကြောက်ရလို့။ ဟိုနေ့က အရမ်းဖြစ်တဲ့နေ့မှာ လေယာဉ်နဲ့ ၁၀ ခေါက်လောက်ပတ်ပြီး ပစ်နေတာ။ လေယာဉ်က နိမ့်နိမ့်လေးပျံတော့ အိမ်ခေါင်မိုးပေါ် ကျော်သွားရုံပဲလို့တောင် ထင်တာ။ လေယာဉ်သံနဲ့ သေတဲ့လူရှိတယ်လို့ ပြောတယ်”ဟု နမ့်ခမ်းမြို့ဒေသခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့ လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် နမ့်ခမ်းမြို့ပေါ် ရပ်ကွက် ၂ ခုနှင့် မြို့ဆင်ခြေဖုံး ကျေးရွာ ၁၀ ရွာတို့မှ စစ်ဘေးရှောင်ဦးရေ ၁၅၀၀ ကျော်သည် ရွှေလီမြစ် မြောက်ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

TNLA တအာင်းပလောင်တပ်ဖွဲ့ဝင်များသည် “၁၀၂၇ စစ်ဆင်ရေး”နှင့်အတူ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း၊ မူဆယ်၊ ကွယ်ခိုင်၊ မန်တုံ၊ နမ္မတူ၊ ကျောက်မဲ၊ နောင်ချိုနှင့် မိုးကုတ် မြို့နယ်များတွင် စစ်ဆင်ရေး ဆင်နွှဲနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...