နမ့်ခမ်းမြို့ စစ်ရှောင်ဦးရေ ၂,၅၀၀ ဝန်းကျင်ထိရှိလာ

မြန်မာ-တရုတ်နယ်စပ်ဒေသ နမ့်ခမ်းမြို့တွင် စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး TNLA တို့ သုံးရက်ကျော်ကာလအတွင်း တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ဦးရေ ၂,၅၀၀ ဝန်းကျင်အထိ ရှိလာပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

နမ့်ခမ်းစစ်ရှောင်

ပြီးခဲ့သည့်ရက်ပိုင်း (နိုဝင်ဘာလ ၃ ရက်)တွင် နမ့်ခမ်းမြို့တွင် မြေပြင်တိုက်ပွဲအပြင် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံ ၁,၅၀၀ ကျော်သည် နမ့်ခမ်းမြို့ မန့်နောင်ခမ်းကျေးရွာ၊ ကွန်ဟိုင်းကျေးရွာနှင့် မန့်ကွန်ရွာရှိ ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ဖြစ်သည်။

ယင်းကဲ့သို့ တိုက်ပွဲကြောင့် သုံးရက်ကျော် ကာလအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ဦးရေ ၁ ထောင်ကျော် ထပ်မံတိုးလာပြီး စုစုပေါင်း စစ်ရှောင်ဦးရေ ၂,၅၀၀ ဝန်းကျင်အထိ ရှိလာပြီဖြစ်ကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

“ နောင်ခမ်းရွာမှာတော့ စစ်ရှောင်ဦးရေတွေ ထပ်တိုးလာတယ်။ အခု ၁၀၀၀ ကျော်သွားပါပြီ။ ဒီနေ့ထိလည်း လာနေတုန်းပဲ။ စားဖို့သောက်ဖို့တော့ ဒီကလူတွေ စီစဉ်ပေးထားတယ် “ ဟု ၎င်းစစ်ရှောင်ကူညီသူ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိမှာ စစ်ရှောင်များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် နေစရာ အထိုင်အခင်းများကို ကျေးရွာနေ ဒေသခံများက စုပေါင်းပြီး ထောက်ပံပေးထားသည်။

နမ့်ခမ်းမြို့ စစ်ရှောင်ကူညီသူတစ်ဦးက “ စားနပ်ရိက္ခာကတော့ ဒီရွာကလူတွေ ကျွေးမွေးထားပါတယ်။ SSPP ဘက်ကလည်း နည်းနည်းထောက်ပံ့တာရှိတယ်။ တချို့စစ်ရှောင်တွေကလည်း နည်းနည်းပါးပါးပါလာတယ်။ စားနပ်ရိက္ခာတော့ ဒီရှေ့နှစ်ရက်ဆို လုံလောက်သေးတယ်။ ရက်ရှည်ကြာလာရင်တော့ မသိဘူး၊ ထောက်ပံ့မှုတွေ မလောက်မှာပဲ စိုးရိမ်ရတယ် “ ဟု ၎င်းက ပြောသည်။

တိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်လာရသဖြင့် စစ်ရှောင်များသည် စိတ်ပိုင်းဆိုင်ရာ ပြသာနာနှင့် ကြုံတွေ့မှု ရှိနိုင်ကြောင်းလည်း ၎င်းကထပ်လောင်းပြောသည်။

အောက်တိုဘာ ၂၇ ရက်မှစ၍ “ ၁၀၂၇ စစ်ဆင်ရေး “ ခေါင်းစဉ်ဖြင့် စတင်ခဲ့သည့် သျှမ်းမြောက် ဒေသတလျောက် တိုက်ပွဲကြောင့် စုစုပေါင်း စစ်ရှောင်ဦးရေ ၄ သောင်းဝန်းကျင်အထိ ရှိလာပြီဖြစ်ကြောင်း လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂညှိနှိုင်းရေးမှုးရုံး UNOCHA က ထုတ်ပြန်ထားသည်။

ထို့အပြင် နမ့်ခမ်းမြို့ပြည်သူ ထွက်ပြေးတိမ်းရှောင်ရအချိန် စစ်ကောင်စီတပ်ဖွဲ့မှ လူနေအိမ်ရပ်ကွက်အတွင်း တပ်စွဲနေထိုင်ပြီး ပြည်သူပိုင် ကုန်စုံဆိုင်မှ ပစ္စည်းများကို အဓမ္မယူဆောင်စားသုံးနေသည်ဟု နမ့်ခမ်းမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...