နမ့်ခမ်းမြို့အတွင်း တိုက်ပွဲ ဘုန်းကြီးကျောင်း အပါအဝင် နေအိမ်အများအပြားပျက်စီး

မြန်မာ – တရုတ်နယ်စပ်ဒေသ နမ့်ခမ်းမြို့တွင် စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား တိုက်ပွဲကြောင့် ဘုန်းကြီးကျောင်း အပါအဝင် နေအိမ် အများအပြား ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ ( နိုဝင်ဘာလ ၇ ရက် ) နံနက် ၆ နာရီဝန်းကျင်တွင် နမ့်ခမ်းမြို့လယ်ဘုရားကျောင်းဝန်းတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များအား အပြီးသတ် ရှင်းလင်းနိုင်ခဲ့ပြီး လက်နက် နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း TNLA က ထုတ်ပြန်ထားသည်။

Photo- Credit ( တိုက်ပွဲကြောင့် နေအိမ် ထိခိုက်ပျက်စီး)

အဆိုပါ တိုက်ပွဲထဲတွင် စစ်ကောင်စီတပ်မှ ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်တပ်စွဲနေထိုင်သောကြောင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ ဘုန်းကြီးကျောင်း အပါအဝင် အနီးတဝိုက်ရှိ ကား၊ ဆိုင်ခန်း နှင့် နေအိမ် အများအပြား ထိမှန်ပျက်စီးသွားခဲ့သည်ဟု နမ့်ခမ်းမြို့ဒေသခံတစ်ဦးက ပြောသည်။

“ လျှပ်စစ်ဆိုင်တွေ၊ အိမ်တွေကော ထိတယ်။ အမိုးတွေ ပေါက်ကုန်တာ။ မြို့လယ်ဘုရားကျောင်းဝင်းကတော့ တော်တော်ထိသွားတယ်။ ဒီနေ့ မြို့လယ်ဘုရားကျောင်းမှာရှိတဲ့ စစ်ကောင်စီ တပ်သား (၁၅) ယောက်လောက်ကိုလည်း TNLA က အရှင်ဖမ်းသွားတာတွေ့တယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲသည် ယမန်နေ့ (နိုဝင်ဘာလ ၆ ရက်) မွန်းလွဲ ၂ နာရီကျော် အချိန်မှစ၍ ဖြစ်ပွားကာ ၁၆ နာရီကျော်အကြာ နှစ်ဖက်တပ်ဖွဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် TNLA မှ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့သည်။

Photo- Credit

လက်ရှိမှာ နမ့်ခမ်းမြို့နယ် စခန်း ၁ ကုန်းမှလွဲ၍ တမြို့လုံးနီးပါးကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့က ထိန်းချုပ်ထားနိုင်သည့် အခြေအနေ ရောက်ရှိနေပြီ ဖြစ်ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်တစ်ဦးက ဆက်ပြောသည်။

“အခုမြို့လယ်ဘုရားကျောင်းမှာရှိတာက စစ်ကောင်စီ တပ်သားတချို့နဲ့ ပြည်သူ့စစ်တွေပဲရှိတယ်။ စစ်ကောင်စီ အင်အား ၁၀၀ ကျော်လောက်က နမ့်ခမ်းဖောင်ချောင်းအတိုင်းဆင်းပြီး စခန်း ၁ ကုန်းကို ရောက်ကုန်ပြီ။ ပြောချင်တာတော့ နမ့်ခမ်းမြို့တခုလုံးကို TNLA က ဝိုင်းထားပြီ။ စခန်း ၁ ကုန်းကို သွားမတိုက်တာပဲရှိတယ် “ ဟု ခိုင်မာသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့အပြင် သျှမ်းမြောက်ဒေသ “ ၁၀၂၇ စစ်ဆင်ရေး “ ၁၁ ရက်ကြာ ကာလအတွင်း သံလွင်မြစ်အရှေ့ခြမ်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့တို့က ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း MNDAA မှထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...