TNLA
မူဆယ်ခရိုင် နမ့်ခမ်းနှင့် ပန်ဆိုင်း တိုက်ပွဲပြင်းထန်နေ
သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်နှင့် ပန်ဆိုင်း (ကြူကုတ်)မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ် တို့အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (အောက်တိုဘာလ ၃၀ ရက်) မွန်းလွဲ ၁ နာရီအချိန်မှစပြီး နမ့်ခမ်းမြို့နယ် မန်ခမ်းရွာနှင့် စယ်ဟိုင်းရွာ အကြားတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်...
သိန္နီမြို့အဝင် တံတားကြီးကျိုး
သျှမ်းပြည် လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမပေါ် ရှိ သိန္နီမြို့အဝင် တံတား ယနေ့ (အောက်တိုဘာလ ၃၀ ရက်) နံနက်ပိုင်းအချိန်တွင် ကျိုးကျသွားပြီဖြစ်ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၃၀) နံနက်ပိုင်းအချိန်တွင် လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမပေါ်ရှိ သိန္နီမြို့အဝင်မှ ကုန်သွယ်ရေးလမ်းကြောင်းအတွက် ဆက်သွယ်ထားသော တံတား (အဓိကကျသည့် တံတားကြီး)...
သိန္နီမြို့ လက်နက်ကြီးကြောင့် ပြည်သူနေအိမ် ၂၀ ကျော် ပျက်စီး
SHAN -
သျှမ်းပြည် သိန္နီမြို့နယ်တွင် စစ်ကောင်စီမှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲသဖြင့် ပြည်သူနေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီးကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၉ ရက်) ညသန်းခေါင်အချိန်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်လာသည့် လက်နက်ကြီးသည် သိန္နီမြို့အနီးရှိ ခူးဝိန်းနှင့်တိုက်ယက်ကျေးရွာတို့တွင် ကျရောက်ပေါက်ကွဲခြင်းကြောင့် ပြည်သူနေအိမ် ၂၀...
သျှမ်းမြောက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၄၀ ကျော်သေဆုံး၊ ဗိုလ်ကြီးအပါအဝင် လက်နက်ခဲယမ်းများ ဖမ်းဆီးသိမ်းဆည်းရမိ
သျှမ်းပြည် မြောက်ပိုင်းဒေသတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၄၀ ကျော်သေဆုံးပြီး ဗိုလ်ကြီးအပါအဝင် စစ်သုံ့ပန်းနှင့်အတူလက်နက်ခဲယမ်း အများအပြား ဖမ်းဆီးသိမ်းဆည်းရမိကြောင်း BPLA မှထုတ်ပြန်ထားသည်။ ယမန်နေ့ (အောက်တိုဘာလ ၂၈ ရက်) နံနက်ပိုင်းအချိန်မှစပြီး သျှမ်းမြောက်ဒေသရှိ မဟာမိတ်တပ်ဖွဲ့များ လှုပ်ရှားရာနေရာတစ်ခုသို့ တပ်မ (၃၃) လက်အောက်ခံတပ်ရင်း...
နောင်ချို စစ်ကောင်စီတပ် ခမရ-၁၁၄ မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ
SHAN -
သျှမ်းပြည် နောင်ချိုမြို့အနီး ကျောက်ကြမ်းရွာရှိ စစ်ကောင်စီတပ် ခမရ-၁၁၄ မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၂၉ ရက်) နံနက် ၄ နာရီအချိန်ခန့်မှ စတင်ပြီး နောင်ချိုမြို့အနီး ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီတပ်ကို TNLA တပ်ဖွဲ့နှင့် မန္တလေး-PDF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ...
နောင်ချိုမြို့အနီး ကျောက်ကြမ်းရွာရှိ စစ်ကောင်စီတပ်ကို TNLA နှင့် မန္တလေး-PDF ပူးပေါင်းတိုက်ခိုက်၊ တိုက်ပွဲပြင်းထန်နေ
SHAN -
သျှမ်းပြည် နောင်ချိုမြို့အနီး ကျောက်ကြမ်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့၊ မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၂၉ ရက်) နံနက် ၄ အချိန်ခန့်မှ စတင်ပြီး နောင်ချိုမြို့အနီး ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီတပ်ကို TNLA တပ်ဖွဲ့နှင့် မန္တလေး-PDF တပ်ဖွဲ့တို့က...
သိန္နီမြို့ ညီနောင်မဟာမိတ်များ ခေတ္တထိန်းချုပ်ခဲ့
SHAN -
သိန္နီမြို့တွင် ယနေ့ (အောက်တိုဘာ ၂၉)ရက် နံနက်အစောပိုင်း၌ ညီနောင်မဟာမိတ်တပ်များက ခေတ္တထိန်းချုပ်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ညီနောင်မဟာမိတ်ဖြစ်သည့် MNDAA၊ TNLAနဲ့ AAတို့ သည် ယနေ့ (အောက်တိုဘာ ၂၉)ရက် နံနက် ၇ နာရီခွဲဝန်းကျင်တွက် ထိန်းချုပ်လိုက်ခဲ့ကြောင်း သိရသည်။ "သိန္နီမြို့ကို ညီနောင်မဟာမိတ်တပ်တွေ ထိန်းချုပ်နိုင်ခဲ့ပြီပြောတယ်။အခုထိတော့ ပစ်နေတုနိးပဲ။ ဘယ်မှထွက်လို့လဲမရဘူး"ဟု...
နမ္မတူ မြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ အရပ်သား (၃)ဦးထိမှန်
SHAN -
သျှမ်းပြည် နမ္မတူမြို့နယ် ရွာသစ်ပါင်ဆာကျေးရွာအတွင်းသို့ ယနေ့ (အောက်တိုဘာ ၂၈)ရက် မွန်းလွဲ ၁နာရီတွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ ဖြင့် ဗုံး (၃)လုံးလာရောက်ကြဲကာ အမျိုးသား ၂ဦး၊ အမျိုသမီး (၁)ဦး ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (အောက်တိုဘာ ၂၈)ရက် မွန်းလွဲ၁နာရီတွင် စစ်ကောင်စီဘက်မှ...
လားရှိုး စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနေအိမ် ၄ လုံး ထိခိုက်ပျက်စီး
SHAN -
သျှမ်းပြည် လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် မိုင်းတင်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ် ၄ အိမ် ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၇ ရက်) ည ၇ နာရီခန့်တွင် စစ်ကောင်စီတပ် ခလရ-၆၈ မှ ၁၂၀ မမ (120 mm)အရွယ်ရှိ...
မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းဇုံလမ်းကြော ပိတ်ထားဆဲ
မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်-လားရှိုး-ချင်းရွှေဟော် ကုန်သွယ်ရေးလမ်းဇုံများ ပိတ်ထားနေဆဲဖြစ်သဖြင့် ဖြတ်သန်းသွားလာ၍ မရသေးကြောင်း ကားသမားထံများထံမှ သတင်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၈ )ရက်အထိ လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော် လမ်းပိုင်အား လုံခြုံရေး အခြေအနေအရ ဖြတ်သန်းသွားလာ၍ မရသေးကြောင်း၊ ဖြတ်သန်းသွားလာနေသူ အချို့သည်လည်း စစ်ကောင်စီ၏ စစ်ရေးဂိတ်၌ ရပ်နားနေရကြောင်း မူဆယ်ကားသမားတစ်ဦးက...





