တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့ ပြည်သူကို အကာအကွယ်ယူပြီး တိုက်ခိုက်နေ

ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်ကို ဆင်နွှဲနေသည့် “၁၀၂၇ စစ်ဆင်ရေး”အတွင်း နှစ်ဘက်တပ်ဖွဲ့များသည် ပြည်သူကို အကာအကွယ်ယူပြီး တိုက်ခိုက်နေကြကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီ နှင့် TNLA

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ (နိုဝင်ဘာ ၁ ရက်)မှ စ၍ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများမှာ နောင်ချိုမြို့နယ် အုမ္မသီး လမ်းခွဲနှင့် ရေမောင်းတန်းကျေးရွာများရှိ ပြည်သူနေအိမ်များတွင် ဝင်ရောက်နေရာယူပြီး တိုက်ခိုက်နေကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“အုမ္မသီးလမ်းခွဲနဲ့ ရေမောင်းတန်းရွာတွေမှာ လမ်းမကြီးဘေးက အိမ်တိုင်းနီးပါးကို စစ်ကောင်စီတပ်သားတွေ ဝင်နေရာယူထားကြတာ။ အိမ်ကြီးအိမ်ကောင်းတွေမှာ သူတို့ခွဲနေကြတာ။ သူတို့လဲ သေမှာကြောက်တယ်ထင်တယ်၊ သူတို့လွတ်မယ်ထင်တဲ့ အိမ်တွေထဲကို ဝင်နေကြတာ။ အိမ်တွေထဲလဲ အကုန်ဝင်မွှေတယ်၊ ရှိတာတွေလဲ အကုန်ယူစားသွားတယ်၊ သူတို့လိုချင်တာ ရှိရင်လဲ ယူသွားတယ်”ဟု နောင်ချိုမြို့ အုမ္မသီးဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ ယာဥ်တန်း

လက်ရှိတွင် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲနှင့် ရွှေညောင်ပင်ကျေးရွာတို့တွင် စစ်တပ်က စစ်ကား အစီး ၃၀ ကျော်နှင့် သံချပ်ကာ ၂ စီးတို့ဖြင့် အခိုင်အမာ တပ်စွဲထားပြီး ပြည်သူများကို အကာအကွယ်ယူကာ တိုက်ခိုက်နေကြောင်း နောင်ချိုဒေသခံများက ပြောသည်။

အလားတူ မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့တွင်လည်း စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း TNLA တပ်သားများက ပြည်သူနေအိမ်များကို အကာအကွယ်ယူပြီး ပစ်ခတ်နေကြောင်း နမ့်ခမ်းမြို့ ဒေသခံများက ပြောသည်။

“ပေါက်နေ၊ ကောင်းနောင်မို၊ ဈေးတန်းနဲ့ နမ့်ခမ်းမြို့မဈေး အနီးတဝိုက်က ပြည်သူတွေရှိတဲ့ အိမ်ရှေ့နားမှာ TNLA စစ်သားတွေ နေတာ။ ပြည်သူအိမ်ကို အကာအကွယ်လုပ်ပြီး ပစ်လိုက်တယ်၊ ပစ်ပြီး သူတို့ထွက်ပြေးသွားတယ်။ စစ်ကောင်စီတပ်က ပစ်လာတဲ့ဘက်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်လာတာ။ ခံရတာက ပြည်သူတွေပဲ”ဟု တိုက်ပွဲကြား ပိတ်မိနေသည့် နမ့်ခမ်းမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့ဝင် စစ်သားများက အရပ်သားပြည်သူတို့၏ မြေ၊ အိမ်ယာ၊ အဆောက်အဦတို့ကို လေးစားမှုမရှိဘဲ အရပ်သားပြည်သူများကို အကာအကွယ်ယူကာ တိုက်ပွဲပစ်ခတ်မှု ဖြစ်ပွားခြင်း၊ မြို့ရွာအတွင်း လူထုနှင့်အတူ ရောနှောနေထိုင်ခြင်းတို့သည် ဂျီနီဗာ ကွန်ဗင်းရှင်း (Geneva Convention)၊ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (IHL)နှင့် ဆန့်ကျင်သည့်အပြင် စစ်ရာဇာဝတ်မှု မြောက်သည်။

သျှမ်းပြည် မြောက်ပိုင်းရှိ မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ် ပြုလုပ်လာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...