နမ့်ခမ်းမြို့ တိုက်ပွဲကြောင့် စစ်ရှောင် (၁,၅၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရ

မြန်မာ-တရုတ်နယ်စပ်ဒေသ နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲကြောင့် စစ်ရှောင် (၁,၅၀၀) ကျော် ထွက်ပြေးတိမ်း ရှောင်နေရကြောင်း စုံစမ်းသိရှိရသည်။

နမ့်ခမ်း အရပ်သားအိမ်ပေါ် လက်နက်ကြီးကျ

ယမန်( နိုဝင်ဘာလ ၃ ရက် ) နံနက်အစောပိုင်းမှစ၍ စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ထိတွေ့တိုက်ပွဲကြား အပြန်အလှန် ပစ်ခတ်ခြင်းအပါအဝင် စစ်တပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံများမှာ နေရပ်အိုးအိမ်စွန့်ပြီး ဘေးလွှတ်ရာ ထွက်ပြေးတိမ်း ရှောင်နေရသည်။

လက်ရှိမှာ နမ့်ခမ်းမြို့နယ် ကွန်ဟိုင်းကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာအုပ်စု နှင့် မန့်ကွန်ရွာအတွင်းရှိ ဘုန်းကြီးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် အကူညီလိုအပ်နေကြောင်း စစ်ရှောင်ကူညီသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ခမ်းစစ်ရှောင်များအတွက် နေစရာ ပြုလုပ်နေစဥ်

“ လောလောဆယ်တော့ နောင်ခမ်းရွာမှာတော့ စစ်ရှောင် ၁ ထောင်ဝန်းကျင်လောက်ရှိနေပြီ။ လူဦးရေကတော့ ဒီထက်တိုးလာဖို့ အလားအလာရှိတယ်။ မနေ့က ညနေစာအတွက်တော့ ဒီရွာကလူတွေ ပြုစုကျွေးမွေးထားပါတယ်။ အရေးပေါ်အတွက်တော့ စားနပ်ရိက္ခာတွေ၊ အထိုင်အခင်းတွေ လိုအပ်ပါတယ် “ ဟု ၎င်းက ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာကြသည့် ကျေးရွာများမှာ နမ့်ခမ်းမြို့ အောင်မြတ်သာရပ်ကွက်၊ သာယာကုန်းရပ်ကွက်၊ ဝမ်းဟောင်း (မန့်ဟောင်း)ရွာ၊ ကွန်လုံရွာ နှင့် နောင်မလုံရွာ စသည့် ကျေးရွာ ၁၀ နီးပါးမှ စစ်ရှောင် (၁,၅၀၀) ဖြစ်ကြောင်း သိရသည်။

ထို့အတူ နမ့်ခမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် TNLA တပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေလျက် ရှိသောကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်ကြောင်း၊ စစ်ရှောင် ဦးရေ ထပ်တိုးလာနိုင်ကြောင်း နမ့်ခမ်းမြို့ဒေသခံတစ်ဦးက ပြောဆိုထားပါသည်။

ပြီးခဲ့သည့် (အောက်တိုဘာလ ၂၇ ) ရက်မှစပြီး “ ၁၀၂၇ စစ်ဆင်းရေး “ ခေါင်းစဉ်ဖြင့် စတင်လာခဲ့သည့် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာသုံးသုံးဖွဲ့တို့အကြား တိုက်ပွဲကြောင့် စုစုပေါင်း စစ်ရှောင်ဦးရေ ၂ သောင်းကျော်အထိ ရှိလာပြီဖြစ်သည်။

အလားတူ တိုက်ပွဲအတွင်း အပြန် အလှန် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးကျပေါက်ကွဲခြင်းအပါအဝင် စစ်တပ်လေယာဉ်သုံး ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ရက်သတ္တပတ် ၁ ပတ်အတွင်း အရပ်သား ၁၇ ဦးသေဆုံးခဲ့ပြီး၊ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...