နမ့်ခမ်းမြို့ တပ်စွဲထားသည့် စစ်ကောင်စီ ပြည်သူပိုင် ကုန်ပစ္စည်းများကို အဓမ္မယူစား

သျှမ်းပြည် နမ့်ခမ်းမြို့အတွင်း တပ်စွဲနေရာ ယူထားသည့် စစ်ကောင်စီတပ်သည် ပြည်သူပိုင် ကုန်စုံဆိုင်မှ ကုန်ပစ္စည်းများကို အဓမ္မယူဆောင်စားသုံးနေကြောင်းသိရသည်။

နမ့်ခမ်းမြို့

နမ့်ခမ်းမြို့ နမ့်ခမ်းဖောင်၊ ပေါက်တိုက်၊ ဟိုနောင်၊ အောင်မေတ္တာ ရပ်ကွက် နှင့် ဂျာမေ့ဗလီ တို့၌ စစ်ကောင်စီက တပ်စွဲ နေရာယူထားပြီး ပြည်သူပိုင် ကုန်ပစ္စည်းများကို ယူဆောင်စားသုံးနေကြောင်း လုံခြုံရေး အရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လမ်းမကြီးဘေးမှာပဲ ပြည်သူ့အိမ်တွေကို အကာအကွယ်ယူပြီး နေရာယူ တပ်စွဲထားကြတာ။ ပြီးတော့ ဆိုင်ထဲ ပစ္စည်းတွေကိုလည်း အဓမ္မယူစားကြတာပေါ့။ သေနတ်တွေနဲ့လည်း လျှောက်ပစ်ကြတယ်” ဟု အမည်မဖော်လိုသူ အမျိုးသားကပြောသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့တို့၏ “၁၀၂၇ စစ်ဆင်‌ရေး နှင့် စစ်ကောင်စီတပ်တို့ ကြား တိုက်ပွဲကြောင့် နမ့်ခမ်းမြို့မှ ပြည်သူ ၁၅၀၀ ကျော်က စစ်ရှောင်ထွက်ပြေးနေရပြီး စားနပ်ရိက္ခာအကူအညီများ လိုအပ်နေကြောင်းလည်း သိရသည်။

လက်ရှိတွင် မဟာမိတ် တပ်ဖွဲ့သည် နမ့်ခမ်းမြို့ပြင်ရှိ ကွန်လုံဘက် သွားသည့် လမ်းမကြီး တစ်လျှောက်၌ နေရယူထားကြောင်းလည်း ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

နမ့်ခမ်း အရပ်သားနေအိမ်ကျည်ထိမှန်

“မဟာမိတ်တပ်က စစ်ကောင်စီတပ်ကို ဝိုင်းထားတဲ့ အနေအထားနဲ့ မြို့ပြင် လမ်းမကြီး တစ်လျှောက်မှာ နေရာယူထားတယ်။ အဲ့ကြောင့် စစ်ကောင်စီက မြို့တွင်း ပိတ်နေပြီး ပြည်သူပိုင် ကုန်ပစ္စည်းတွေကို ယူစားနေရတာပေါ့” ဟု ဒေသခံ အမျိုးသ သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ယနေ့ နိုဝင်ဘာလ မွန်းလွဲပိုင်း ၁ နာရီခွဲ ဝန်းကျင်တွင်လည်း နမ့်ခမ်းမြို့ပေါ်မှ လက်နက်ကြီး/ငယ် ပစ်ခတ်သံများကြားရကြောင်းလည်း သိရသည်။

သျှမ်းပြည် မြောက်ပိုင်းရှိ မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများလည်း ရှိခဲ့သည်။

ထို့အပြင် တိုက်ပွဲကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု၊ နေအိမ်အဆောက်အအုံ ပျက်စီးမှု နှင့် တစ်မြို့နှင့်တစ်မြို့ ကူးသန်းသွားလာရန်အတွက် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်မှုလည်း ရင်ဆိုင်ကြုံတွေ့နေရကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီတွင် MNDAA က ညမထွက်ရအမိန့်ထုတ်ပြန်၊ MNDAA နှင့် TNLAကြား စစ်ရေးတင်းမာနေ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ယနေ့ညမှ စတင်ကာ ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ရန် ညမထွက်ရအမိန့်ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ရုတ်တရက် ထုတ်ပြန်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါအမိန့်သည် ကွတ်ခိုင်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်းတပ်ဖွဲ့ (TNLA) တို့ကြား တိုက်ပွဲများ...

ကွတ်ခိုင်မြို့နယ် TNLA တပ်စခန်းများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် MNDAA တိုက်ခိုက်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းနေရာများကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး စတင်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်ရှိ မုံးစီး၊ နမ့်ဖတ်ကာ၊...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...