ကျောက်မဲ-နောင်ချို ဂုတ်တွင်းလမ်းပိုင်း တိုက်ပွဲပြင်းထန် နှစ်ဘက်ထိခိုက်သေဆုံးမှုရှိ

သျှမ်းပြည် ကျောက်မဲနှင့်နောင်ချိုမြို့အကြားရှိ ဂုတ်တွင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် TNLA ၊ မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ကာ နှစ်ဘက်ထိခိုက် သေဆုံးမှုရှိကြောင်း စုံစမ်းသိရသည်။

ဂုတ်တွင်း

ကျောက်မဲမြို့နယ် ဂုတ်တွင်းလမ်းပိုင်းတွင် နေရာယူထားသော စစ်ကောင်စီတပ်စခန်းအား TNLA တပ်ဖွဲ့နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့သည် ယနေ့ (နိုဝင်ဘာလ ၆ ရက်) နံနက် ၈ နာရီခွဲခန့်မှ စတင်တိုက်ခိုက်ခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“ဂုတ်တွင်းထဲမှာ ရှိနေကြတဲ့ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တပ်တွေ မြေပြင်မှာအရင် ထိတွေ့တိုက်ပွဲ ဖြစ်တယ်ကြားတယ်။ ဒီမနက် ၁၀ နာရီလောက်အထိ သေနတ်တွေ ကြားနေတာ။ နေ့လယ် ၁၂ နာရီလောက်ကျတော့ စစ်ကောင်စီတပ်ဘက်က လေကြောင်းစစ်ကူနဲ့ လာပစ်တယ်။ ဗုံးလာကျဲတာထင်တယ်၊ အသံတွေ အကျယ်ကြီးကြားနေရတာ။ ဂုတ်တွင်းထဲမှာ လေယာဉ်နဲ့ လာဝဲနေတာ ၁ နာရီလောက်တောင် ကြာတယ်”ဟု နောင်ချိုမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဂုတ်တွင်း

ပြင်ဦးလွင်မြို့မှ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသည့် စစ်ကား ၄၀ စီးခန့်နှင့် သံချပ်ကာ ၂ စီးပါ စစ်ကောင်စီယာဉ်တန်းကိုလည်း TNLA တပ်ဖွဲ့နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့သည် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲနှင့် ရေမောင်းတန်းကျေးရွာတို့တွင် ဖြတ်တောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှာ ရှေ့မတိုးနိုင်ဖြစ်သဖြင့် လေကြောင်းမှ နေ့ရောညပါ ဗုံးကျဲတိုက်ခိုက်နေသည်။

“ဒီနေ့ (နိုဝင်ဘာ ၆ ရက်)မှာ နောင်ချို ဒါမှမဟုတ် ကျောက်မဲဘက်ကို စစ်ကောင်စီတပ်တွေ ရအောင် ဝင်လာမယ်လို့ ပြောသံကြားရတယ်ပေါ့နော်။ ကျောက်ကြမ်းတို့ ရွှေညောင်ပင်တို့မှာ အရင်ချနေကြတာ၊ အဲ့ကနေ ဂုတ်တွင်းဘက် ရောက်လာတာပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကတော့ ဘယ်ဘက်ကမှ ဂုတ်တွင်းကိုကျော်ပြီး သျှမ်းမြောက်ဘက်ကို ပေးမတက်လောက်ဘူး။ အခု ဂုတ်တွင်းမှာ ချနေတာကြလဲ စစ်ကောင်စီဘက်ကရော၊ TNLA နဲ့ PDF ဘက်ကရော နှစ်ဘက်အကျအဆုံးရှိတယ် ပြောတယ်”ဟု နောင်ချိုမြို့မှ ၎င်းဒေသခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးရှိ ဂုတ်တွင်းလမ်းပိုင်းကို TNLA တပ်ဖွဲ့နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့က ကျောက်မဲဘက်ခြမ်းတွင် မြောင်းတူးကာ လမ်းပိတ်ဆို့ထားပြီး သျှမ်းမြောက်သို့ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်များကို နောင်ချိုမြို့နယ်တွင် ဖြတ်တောက်တိုက်ခိုက်နေသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...