TNLA
လားရှိုးမြို့ရှိ စစ်ကောင်စီတပ်ကို ညီနောင်မဟာမိတ်နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်
သျှမ်းပြည် လားရှိုးမြို့ရှိ စစ်ကောင်စီတပ်ကို ညီနောင်မဟာမိတ်နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၅ ရက်) နံနက်ပိုင်းမှစ၍ လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ညီနောင်မဟာမိတ်နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း လားရှိုးဒေသခံများက ပြောသည်။ “နှစ်ဘက်ထိတွေ့မှုဖြစ်တာပေါ့။ ကိုးကန့်တပ်နဲ့...
တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံကြီးကိုပိတ်လိုက်ရ၊ လူနာများအား အခြားဆေးရုံသို့ ပြောင်းရွှေ့ကုသနေရ
သျှမ်းပြည် ကွတ်ခိုင်မြို့အတွင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့ တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံကြီးကို ပိတ်ထားလိုက်ရပြီး လူနာနှင့်ဆရာဝန်များအား အခြားဆေးရုံထံသို့ ပြောင်းရွှေ့ထား ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၄ ရက်) နံနက်အစောပိုင်းမှစပြီး ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံကြီးကို လုံခြုံရေးအရ ပိတ်ချလိုက်ကာ လူနာနှင့်ဆရာဝန်များအား ကောင်းခါးတိုက်နယ်ဆေးရုံထံသို့ တစ်နေလုံးနီးပါး...
နောင်ချိုမြို့နယ် စစ်ကောင်စီစခန်းတစ်ခုကို TNLA၊ MDY-PDF တို့သိမ်းပိုက်နိုင်ပြီး ဒုဗိုလ်မှူးကြီး ၁ ဦး ကိုဖမ်းဆီးရမိ
သျှမ်းပြည် နောင်ချိုမြို့နယ် သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းအား ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး TNLA တို့ ပူးပေါင်းတိုက်ခိုက်၍ သိမ်းပိုက်နိုင်ခဲ့ကြောင်း MDY-PDF က ယနေ့ (ဇန်နဝါရီလ ၄) ရက်တွင် ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂...
နမ့်ခမ်းမြို့ကို စစ်တပ်မှလေယာဉ်ဖြင့် လာရောက်ဗုံးကြဲမည်ကိုစိုးရိမ်၍ စစ်ဘေးရှောင်များ နေရပ်မပြန်ရဲ
သျှမ်းပြည် နမ့်ခမ်းမြို့ကို စစ်ကောင်စီတပ်မှလေယာဉ်ဖြင့် လာရောက်ဗုံးကြဲချမည်ကိုစိုးရိမ်၍ စစ်ဘေးရှောင်များက နေရပ်မပြန်ရဲကြသေးကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ စခန်းသစ်ကုန်းကို တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA မှ သိမ်းပိုက်ထားနိုင်ပြီးသကဲ့သို့ မြို့ကိုလည်း အလုံစုံ ထိန်းချုပ်ထားနိုင်ပြီဟု ကြေညာထားပြီးနောက် အဆိုပါမြို့တွင်းတိုက်ပွဲမှာ...
သိန္နီမြို့နယ်တွင် စစ်ကောင်စီနှင့် ညီနောင်ဟာမိတ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ
သျှမ်းပြည် သိန္နီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များတို့ အကြားတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေလျက်ရှိပြီး စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း သိန္နီမြို့ကို ညီနောင်မဟာမိတ်တပ်ဖွဲ့သုံးဖွဲ့မှ ထိန်းချုပ်လိုက်ပြီဟု ကြေညာထားသော်လည်း သီန္နီမြို့အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ စကခ (၁၆) နှင့် ခလရ - ၆၉...
လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီ နှင့် မဟာမိတ် တပ်ဖွဲ့များ ထပ်မံ တိုက်ပွဲဖြစ်
သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့ တို့က တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး လက်နက်ကြီး / ငယ် အသုံးပြု ပစ်ခတ်မှုမှု ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၂ ရက်နေ့ ည ၁၁...
ကွတ်ခိုင်မြို့နယ် တိုက်ပွဲကြား ပြည်သူ ၁ ဦးသေဆုံး၊ ထိခိုက်ဒဏ်ရာရသူများရှိနေ
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များတို့အကြား တိုက်ပွဲကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရသူများရှိနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂ ရက်) နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့ ရပ်ကွက် ၅ အတွင်းရှိ နေအိမ်ခြံဝန်းတစ်ခုထဲသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး ပွဲချင်းပြီး...
သိန္နီမြို့နယ် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်သောလက်နက်ကြီးကြောင့် လူ ၃ ဦးဒဏ်ရာရ
သျှမ်းပြည် သိန္နီမြို့နယ် စစ်ကောင်စီတပ်ဖွဲ့မှ ရမ်းသမ်းပစ်ခတ်လိုက်သော လက်နက်ကြီးများ ကြောင့် လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းThe Kokangက ယနေ့ ဇန်နဝါရီလ ၂ ရက်တွင် ထုတ်ပြန်ထားသည်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက် မွန်းလွှဲ ၂ နာရီအချိန်တွင် သိန္နီမြိုနယ်တွင် ကျန်ရှိနေသေးသည့်...
သီပေါ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ် ဒေသခံများ လုံခြုံရေး စိုးရိမ်
သျှမ်းပြည် သီပေါမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများက လုံခြုံရေးစိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁ ရက်) ည ၆ နာရီခွဲဝန်းကျင်မှစပြီး သီပေါမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ-၅၀၃/၅၀၄ တပ်ရင်းများမှ သီပေါမြို့နယ်အတွင်းရှိ ဘော်ကြို၊ နားခဲနှင့် မိုးတေကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း...
လားရှိုး-နမ္မတူ ကားလမ်းမပေါ်ရှိ အီနိုင်းတံတား ဗုံးဖောက်ခွဲခံရ
သျှမ်းပြည် လားရှိုးမြို့နယ်အတွင်း လားရှိုး-နမ္မတူ ကားလမ်းမပေါ်ရှိ အီနိုင်းတံတားသည် ဗုံးဖောက်ခွဲခံရပြီး ထက်ပိုင်းကျိုးကျသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၃၁ ရက်) နှစ်သစ်ကူး ညသန်းခေါင်တွင် လားရှိုးမြို့နှင့် ၇ မိုင်ခန့်သာ ကွာဝေးသည့် လားရှိုး-နမ္မတူ ကားလမ်းမကြီးပေါ်ရှိ အီနိုင်းတံတားသည် ဗုံးဖောက်ခွဲဖျက်ဆီးခံရပြီး ထက်ပိုင်းကျိုးကျသွားသဖြင့် သွားလာ၍မရတော့ကြောင်း လားရှိုးဒေသခံများက...





