Wednesday, January 28, 2026

မိုင်းယော်တွင် စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦးအပါအဝင် ၄ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့နယ်ရှိ မိုင်ယော်တိုက်နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး အပါအဝင် ၄ ဦး သေဆုံးပြီး၊ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။

မိုင်းယော် နေအိမ်ပျက်စီး

ယမန်နေ့ (ဇန်နဝါရီလ ၈ ရက်) ည ၇ နာရီကျော်ခန့်က လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာတွင် တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၅၀ အရွယ်ခန့်ရှိ အမျိုးသမီးတစ်ဦး အပါအဝင် ၄ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးမြို့နယ် မိုင်းယော်ဒေသခံများက ပြောသည်။

“မနေ့ညက ၇ နာရီကျော် မှာ လေယာဉ်နဲ့ လာပစ်တာ။ ဗုံးကျတာ မိုင်းယော်ထဲက ဈေးတန်းရပ်ကွက်မှာ ကျတာ။ သေသွားတာကတော့ ၄ ယောက် ရှိတယ်။”ဟု လားရှိုးမြို့နယ် မိုင်းယော်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အမျိုးသားတစ်ဦးကို မိုင်းယော်တိုက်နယ်ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ထားပြီး ပြည်သူနေအိမ် ၂၀လုံး ထက်မနည်း ထိခိုက်ပျက်စီးသွားကြောင်း မိုင်းယော်ဒေသခံများထံမှ သိရသည်။

မိုင်းယော်နေအိမ်ပျက်စီး

“ဈေးတန်းရပ်ကွက်မှာ အိမ်တွေလည်း အများကြီး ပြိုတယ်။ ဗုံးကျတဲ့နေရာနဲ့ အနီးတစ်ဝိုက်က အိမ်တွေတော့ လုံးဝကို ပျက်စီးသွားတယ်။ မနေ့ကတော့ ဘာတိုက်ပွဲမှ မရှိဘဲ လေယာဉ်နဲ့ ဗုံးလာချတာ၊ ၃ ခါ လာပစ်တယ်။ အိမ်ခြေ ၂၀ ထက်မနည်း ထိခိုက်ပျက်စီးတာပေါ့”ဟု မိုင်းယော်ကျေးရွာမှ ၎င်းဒေသခံအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ လုံတွေကျေးရွာကို စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး ၂ ဦးသေဆုံးခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးကာ ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း လားရှိုးမြို့နယ် မိုင်းယော်ဒေသခံများထံမှ သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” နှစ်လခွဲအတွင်း လားရှိုးမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁၃ ဦးနှင့် ကလေး ၁ ဦး အပါအဝင် စုစုပေါင်း ၂၂ ဦး သေဆုံးပြီး ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးမြို့နယ် ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...