သိန္နီမြို့ရှိ စကခ-၁၆ ကို ညီနောင်မဟာမိတ်တပ်နှင့် PLA ၊ BPLA ၊ KNDF ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်

သျှမ်းပြည် သိန္နီမြို့အခြေစိုက် စစ်‌ကောင်စီတပ် စကခ-၁၆ ကို ညီနောင်မဟာမိတ် တပ်များနှင့်အတူ PLA ၊ BPLA ၊ KNDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇန်နဝါရီလ ၇ ရက်) နံနက် ၉ နာရီခန့်မှစ၍ သိန္နီမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၆ ကို ညီနောင်မဟာမိတ်တပ်များနှင့်အတူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း PLA တပ်ဖွဲ့မှ သတင်းထုတ်ပြန်လာသည်။

သိန္နီမြို့ရှိ စကခ-၁၆ ဌာနချုပ်ကို ဇန်နဝါရီလ ၄ ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီး တပ်ရင်းအတွင်းရှိ လက်နက်ကြီးကုန်းများ၊ ရဟတ်ယာဉ်ကွင်း၊ သံချပ်ကာကားများ၊ ဟောင်ဝစ်ဇာနှင့် လက်နက်ခဲယမ်း အများအပြားကို ဇန်နဝါရီလ ၇ ရက်တွင် သိမ်းပိုက်ရရှိကြောင်း ထုတ်ပြန်ထားသည်။

စကခ-၁၆ နှင့် ကပ်ရပ်ရှိ ခလရ-၆၉ တပ်ရင်းကိုလည်း ဇန်နဝါရီလ ၄ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး ဇန်နဝါရီလ ၆ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ ခမရ-၂၄၀၊ ခမရ-၃၂၃၊ အင်ဂျင်နီယာတပ်နှင့် ဆေးတပ်များအားလုံး ထွက်ပြေးသွားကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယခုကဲ့သို့ သိန္နီမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ညီနောင်မဟာမိတ်နှင့် ပူးပေါင်းတပ်ဖွဲ့များက အလုံးစုံသိမ်းပိုက်နိုင်သည့်အပေါ် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ပြောရေးဆိုခွင့်ရှိသူထံသို့ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

အလားတူ ကွတ်ခိုင်မြို့အခြေစိုက် စစ်ဗျူဟာကုန်း (စဗခ)တပ်ကိုလည်း ယမန်နေ့ (ဇန်နဝါရီလ ၇ ရက်) ည ၁၁ နာရီခန့်တွင် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူရုံးမှ တာဝန်ခံတစ်ဦးက ပြောသည်။

“ကွတ်ခိုင်မြို့က တပ်ကိုတော့ TNLA တပ်က မနေ့ညက ဝင်ရောက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့တယ်။ စစ်သုံ့ပန်းနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်အရေအတွက်ကိုတော့ အသေးစိတ်မသိရသေးပါဘူး”ဟု ကွတ်ခိုင်ဗျူဟာကုန်း စခန်းသိမ်းအခြေအနေကို TNLA တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူရုံးမှ ၎င်းတာဝန်ခံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည် ဇန်နဝါရီ ၄ ရက်တွင်လည်း လောက်ကိုင်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တပ် လက်နက်ချခဲ့ရာ စစ်ကောင်စီတပ်သား ၂၁၀၀ ကျော်နှင့် မိသားစု၀င် ၁၆၀၀ ကျော်၊ စုစုပေါင်း လူ ၄၀၀၀ နီးပါးကို ကိုးကန့်တပ်ဖွဲ့ MNDAA က လားရှိုးနှင့် ကျိုင်းတုံ ပြန်ပို့ပေးခဲ့ရသည်။

လက်ရှိတွင် “၁၀၂၇ စစ်ဆင်ရေး” နှစ်လခွဲကျော်အတွင်း ညီနောင်မဟာမိတ်တပ်များသည် သျှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းပေါင်း ၃၀၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပြီး လားရှိုးနှင့် မူဆယ်မြို့များကို ဝိုင်းရံပိတ်ဆို့ထားသည်ဟု ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကွတ်ခိုင်တက်မည့် ကုန်တင်ကားများကို သိန္နီတိုးဂိတ်တွင် MNDAA ဖြတ်သန်းခွင့်ပိတ်ထား

0
သျှမ်းပြည် သိန္နီမြို့ရှိ အေးရှားဝေါလ်တိုးဂိတ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကွတ်ခိုင်မြို့ဘက် သွားရောက်မည့် ကုန်တင်ကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း စုံစမ်းသိရသည်။ သိန္နီနှင့် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကြား တစ်လနီးပါးကြာ ဖြစ်ပွားနေသည့် ပဋိပက္ခများ ပြေလည်မှု...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ကွတ်ခိုင်တွင် TNLA နှင့် MNDAA စစ်ရေးတင်းမာမှု ဆက်ရှိနေ၊ ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA အကြား စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ TNLA နှင့် MNDAA ပူးတွဲထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်တွင် နှစ်ဘက်တပ်ဖွဲ့ကြား မဟာမိတ်အချင်းချင်း စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး မတ်လ (၂)...