TNLA
မူဆယ်-နမ့်ခမ်း- လားရှိုး သို့သွားသောလမ်း TNLA ဆက်ကြေးတိုးကောက်
မူဆယ်-နမ့်ခမ်း- လားရှိုးမြို့သို့ သွားသည့်လမ်းပိုင်းတွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)က ကားသမားများထံ ဆက်ကြေးကောက်ခံ နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့ မှ လားရှိုးမြို့သို့သွားသောလမ်းတကြောရှိ မန်တုံ နှင့် နမ္မတူလမ်းကြားတွင် TNLA တပ်သားများ က ကားဆရာများ၊ ကုန်ကားများထံ...
နမ့်ဆန်မြို့သိမ်းတိုက်ပွဲ တစ်ပတ်အတွင်း အရပ်သား ၈ ဦးထက်မနည်း သေဆုံး
စိုင်းခွမ်မိန်း၊ ၂၀၂၃ ဒီဇင်ဘာလ ၂၀ ရက် သျှမ်းပြည် နမ့်ဆန်မြို့နယ်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့သည့် တစ်ပတ်အတွင်း အရပ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ၁၀ ရက်မှ ၁၆ ရက်နေ့အထိ TNLA တပ်ဖွဲ့၏ နမ့်ဆန်မြို့သိမ်းတိုက်ပွဲ တစ်ပတ်အတွင်း...
နမ့်ခမ်းမြို့ စခန်းသစ်ကုန်း သိမ်းပိုက်နိုင်ရေး TNLA ဘက်မှ ၅၀ နီးပါးကျဆုံး အများအပြား ထိခိုက်ဒဏ်ရာရ
သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် စစ်ကောင်စီ၏ စခန်းသစ်ကုန်း သိမ်းပိုက်နိုင်ရန် တအာင်း (ပလောင်) အမျိုးသားလွှတ်မြောက်ရေး တပ်မတော် TNLA မှ တစ် လကျော်ကြာ ထိုးစစ်ဆင် တိုက်ခိုက်လာစဉ်အတွင်း တပ်သား ၅၀ နီးပါးကျဆုံးပြီး အများအပြားထိခိုက်ဒဏ်ရရှိကြောင်း ထုတ်ပြန်ထားသည်။ “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်နေသည့် ကာလအတွင်း...
နမ္မတူမြို့နယ်အတွင်း TNLA တပ်သားများ ဝင်ရောက်နေရာယူပြီး ကတုတ်ကျင်းများ တူးထားနေ
သျှမ်းပြည် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း၌ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ဝင်ရောက်နေရာယူပြီး ကတုတ်ကျင်းများပါ တူးထားနေကြောင်း ဒေသခံများထံ မှ စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၀) ရက် နံနက်ပိုင်း ၇ နာရီ ဝန်းကျင်တွင် TNLA...
ကျောက်မဲ စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် ၁၄ နှစ်အရွယ် မိန်းကလေး ၂ ဦးအပါအဝင် ၃ ဦးသေဆုံး၊ ၂ ဦးထိခိုက်ဒဏ်ရာရ
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှုကြောင့် အသက် ၁၄ နှစ်အရွယ်ရှိ မိန်းကလေး ၂ ဦး အပါအဝင် စုစုပေါင်း ၃ ဦး သေဆုံးပြီး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၈ ရက်) ညနေ ၅...
နမ့်ခမ်းမြို့ကို TNLA တပ်ဖွဲ့ အလုံးစုံ ထိန်းချုပ်
သျှမ်းပြည် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ် စခန်းသစ်ကုန်းကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က သိမ်းပိုက်လိုက်ပြီး နမ့်ခမ်းမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၁၉ ရက်) နံနက် ၁ နာရီခွဲဝန်းကျင်တွင် နမ့်ခမ်းမြို့၌ စစ်ကောင်စီတပ်၏ နောက်ဆုံးကျန်ရှိသည့် စခန်းသစ်ကုန်းကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA...
မူဆယ်မြို့မှ ထွက်ခွာလာသူ တိုက်ပွဲကြောင့် လမ်းတွင် ပိတ်မိနေ
သျှမ်းပြည် မူဆယ်မြို့အတွင်း ပိတ်မိနေသူများနှင့် စစ်ဘေးရှောင်များသည် နေရပ်ပြန်လာစဉ် တိုက်ပွဲကြောင့် စယ်လန့်ကျေးရွာတွင် ပိတ်မိနေကြကြောင်း စုံစမ်းသိရသည်။ ယခုသီတင်းပတ် ၁ ပတ်အတွင်း မူဆယ်မြို့မှ ထွက်ခွာသည့် ပြည်သူများနှင့် စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် ဖြတ်သန်းသွားလာ၍ မရကာ မူဆယ်-နမ့်ခမ်းလမ်းကြား စယ်လန့်ကျေးရွာတွင် ရာနှင့်ချီရှိသော ယာဉ်များနှင့်အတူ တစ်ပတ်နီးပါးကြာ ပိတ်မိနေကြောင်း...
နမ္မတူမြို့နယ် ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီမှ လက်နက်ကြီး တပ်ဆင်ထား
သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့နယ်၊ ဆိုင်းခေါင်ကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်မှ လက်နက်ကြီး တပ်ဆင်ထားကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်အတွင်းမှ စတင်ကာ နမ္မတူမြို့နယ်၊ ဆိုင်းခေါင်ကျေးရွာအုပ်စုအတွင်း အာစာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)...
နမ့်ဆန်မြို့ကို TNLA တပ်ဖွဲ့ ထိန်းချုပ်နိုင်ပြီ
သျှမ်းပြည် နမ့်ဆန်မြို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီ တပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းသိရသည်။ နမ့်ဆန်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ဒီဇင်ဘာလ ၁၅ ရက် ညနေ ၃ နာရီခွဲအချိန်ခန့်တွင် တအာင်း(ပလောင်)တပ် TNLA က အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီပိုင် လက်ဖက်ခြောက်စက်ရုံ၊...
နမ့်ဆန်မြို့ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲခြင်းကြောင့် အရပ်သား ၁ ဦးသေဆုံး
သျှမ်းပြည် နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး နမ့်ဆန်ရဲစခန်းကို TNLA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၁၂ ရက်) နံနက် ၆ နာရီခန့်မှစ၍ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် နမ့်ဆန်မြို့ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့်...





