သိန္နီမြို့နယ်တွင် စစ်ကောင်စီနှင့် ညီနောင်ဟာမိတ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

သျှမ်းပြည် သိန္နီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များတို့ အကြားတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေလျက်ရှိပြီး စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း သိန္နီမြို့ကို ညီနောင်မဟာမိတ်တပ်ဖွဲ့သုံးဖွဲ့မှ ထိန်းချုပ်လိုက်ပြီဟု ကြေညာထားသော်လည်း သီန္နီမြို့အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ စကခ (၁၆) နှင့် ခလရ – ၆၉ တို့မှာ လက်ရှိအချိန်ထိ သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။

ယမန်နေ့ (ဇန်နဝါရီလ ၂ ရက်) ညပိုင်းအထိ သိန္နီမြို့ ဝိန်းနန်းရပ်ကွက်၊ ပန်လော့ကျေးရွာနှင့် ဝိန်းလှိုင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များတို့ ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲကြောင်း ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံတစ်ဦးက ပြောသည်။

“အခြေအနေမကောင်းဘူး။ ပိုဆိုးလာတယ်။ မနေ့ကလည်း ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်တယ်။ မြို့နဲ့နီးတဲ့ ဝိန်းနန်းရပ်ကွက်၊ ပန်လော့ရွာ၊ ဝိန်းလှိုင်ရွာမှာ ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာကို လေကြောင်းဖြင့် ပစ်ကူနေလျက်ရှိသကဲ့သို့ ယမန်နေ့ တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် အရပ်သား နေအိမ်ထိခိုက်ပျက်စီးမှု ရှိကြောင်း၎င်းကဆိုသည်။

သို့သော် သျှမ်းသံတော်ဆင့်မှ သီခြားအတည်ပြု၍ မရသေးပေ။ ယင်းတိုက်ပွဲနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ ကိုးကန့်တပ်ဖွဲ့ MNDAA၏ ပြန်ကြားရေးထံသို့လည်းကောင်း၊ တအာင်းတပ်ဖွဲ့ TNLA၏ ပြန်ကြားရေးထံသို့လည်းကောင်း ဆက်သွယ်မေးမြန်းခဲ့ရာ ဖြေကြားရှင်းမရှိသေးပေ။

“အခုလည်းထွက်မလာနိုင်တဲ့ သက်ကြီးရွယ်အိုတွေ အများကြီးကျန်သေးတယ်။ ဒီရက်ထဲ ဆက်တိုက်ဗုံးကြဲနေတော့ စိတ်ပူနေရတယ်။ ဖုန်းလိုင်းလည်းမရတော့ ဆက်သွယ်လို့မရဘူး” ဟု လားရှိုးမြို့သို့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်တစ်ဦးက ဆက်ပြောသည်။

အလားတူ (ဇန်နဝါရီ ၁ ရက်) တွင်လည်း သိန္နီမြို့နယ် ပန်လော့ကျေးရွာထဲကို စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် မိခင်နှင့်ကလေးတို့ ၂ ဦးအပါအဝင် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်ဖွဲ့သည် သိန္နီမြို့ထဲတွင် အနည်းငယ်သာကျန်ရှိနေပြီး ကျောင်းခမ်းဘုန်းကြီးကျောင်းအနီးသို့ လာရောက်ပုန်းခိုနေကာ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဆိုသည်။

ထို့အပြင် တိုက်ပွဲကြောင့် ဒေသခံများ တိုက်ပွဲတိမ်းရှောင်နေစဉ် နေအိမ်များဖောက်တွင်းခံရပြီး တန်းဖိုးကြီး ပစ္စည်းများ ယူဆောင်သွားကြောင်း နေရပ်ပြန်သွားကြည့်သည့် ဒေသခံတစ်ဦးက ပြောသည်။

“လူကသာ အဝေးရောက်နေတာ စိတ်ကတော့ သိန္နိမြို့နဲ့ ကိုယ့်ခြံကိုယ့်အိမ်ကိုပဲ စိတ်ပူနေမိတယ်။ မရှောင်ရင်လည်း အန္တရာယ်များလို့ ရှောင်ပြန်တော့လည်း အိမ်မှာရှိသမျှပစ္စည်းတွေ အကုန်မွှေပြီး ယူသွားတယ်။ ပြောတာတော့ ဆေးသမားတွေလို့ ဖြစ်တယ်လို့ ပြောကြတယ်”ဟုပြောသည်။

သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအနီးရှိ စစ်ကောင်စီလက်အောက်ခံ ခမရ-၅၆၇/၅၆၈ တပ်ရင်း ၂ ခုကို ညီနောင်မဟာမိတ်တပ်များက နိုဝင်ဘာလ ၂၄ ရက်တွင် သိမ်းပိုက်ခဲ့ပြီး သံချပ်ကာ ၁ စီး၊ ဟောင်ဝစ်ဇာ ၂ လက်နှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်သည့် အောက်တိုဘာလ နောက်ဆုံးပတ်မှစ၍ သိန္နီမြို့နယ်ကို စစ်ကောင်စီက အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားသည်။

လက်ရှိတွင် သိန္နီမြို့နယ်အတွင်း ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာလျက်ရှိကာ သိန္နီမြို့နယ်ဒေသခံ ထက်ဝက်ကျော်ခန့်မှာ တိုက်ပွဲကြောင့် အခြားဒေသများသို့ စစ်ဘေးရှောင်နေရပြီး နေရပ်ပြန်လည် နေထိုင်နိုင်ခြင်း မရှိသေးကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...