ကွတ်ခိုင်မြို့နယ် တိုက်ပွဲကြား ပြည်သူ ၁ ဦးသေဆုံး၊ ထိခိုက်ဒဏ်ရာရသူများရှိနေ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များတို့အကြား တိုက်ပွဲကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရသူများရှိနေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇန်နဝါရီလ ၂ ရက်) နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့ ရပ်ကွက် ၅ အတွင်းရှိ နေအိမ်ခြံဝန်းတစ်ခုထဲသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သေဆုံးသွားသူ၏ ဆွေမျိုးတော်စပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အိမ်ရှေ့က ဆိုင်ကိုပိတ်ပြီးအပြန် အိမ်ရှေ့မှာပဲ လက်နက်ကြီးထိပြီး ပွဲချင်းပြီးဆုံးသွားတာ။ အဲ့ချိန်မှာ ကျနော်တို့လည်း တိုက်ပွဲကြောင့် ပြေးနေရတော့ သွားမကယ်နိုင်ဘူး။ တိုက်ပွဲဖြစ် နေတုန်းမှာပဲ သူတို့လိုက်ရှာတာ ဘယ်မှလည်းမတွေ့၊ ဖုန်းဆက်တော့လည်း မကိုင်ဘူးဆိုတော့ အိမ်ကိုပြန်လာလိုက်တာ။ အိမ်ရှေ့မှာသူတို့တွေ့လိုက်တာ” ဟု ၎င်းက ပြောသည်။

သေဆုံးသူ အမျိုးသားတစ်ဦးမှာ အသက် ၅၀ နှစ်ကျော် စိုင်းခမ်းခေးဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူက ထပ်လောင်းပြောသည်။

အလားတူ ထိုနေ့ နံနက်ပိုင်းတွင်လည်း ကွတ်ခိုင်မြို့ရှိ ကားဂိတ်အနီးသို့ လက်နက်ကြီးထပ်မံ ကျရောက်ပေါက်ကွဲကာ ပြည်သူ ၁ ဦး သေဆုံးသွားကြောင်း သိရသော်လည်း သီခြားအတည်ပြု၍ မရသေးပေ။

လက်ရှိ ပစ်ခတ်လိုက်သော လက်နက်ကြီးများသည် မည်သည့်အဖွဲ့အစည်းဘက်မှ ပစ်ခတ်ကြောင်း သည်းသည်းကွဲကွဲမသိရှိရဘဲ ပြည်သူနေအိမ်ခြံဝန်းထဲသို့ မကြာခဏ ဆိုသလို ကျရောက်ပေါက်ကွဲ နေကြောင်း၊ ဒရုန်းများပါ တိုက်ခိုက်နေသောကြောင့် ထိခိုက်ဒဏ်ရာရသူ နေစဉ်ရှိနေကြောင်း ဆိုသည်။

“လက်နက်ကြီးကတော့ ဘယ်ဘက်ကပစ်မှန်း မသိတော့ပါဘူးဗျာ။ အပြန်အလှန် ပစ်နေကြတာပဲ။ နားတွေလည်း ငြီးနေတာပဲ” ဟု ကွတ်ခိုင်မြို့ဒေသခံ အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

ထို့အပြင် ကွတ်ခိုင်မြို့တွင်းအပြင် တုံဆင်လေးကျေးရွာ၊ ရပ်ကွက် (၈)နှင့် ရဲစခန်းအနီးကို စစ်ကောင်စီမှ လေကြောင်းဖြင့် ၅ ကြိမ်တိုင်တိုင် အလေးချိန်ပေါင် (၅၀၀) ဗုံးနှစ်လုံးအပါအဝင် ဗုံးအများအပြား လာရောက်ကြဲချသွားကြောင်း ယမန်နေ့ ဇန်နဝါရီလ ၂ ရက် ညပိုင်းက TNLAမှ ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် သေဆုံးသွားသည့် အလောင်းတချို့ မှာ ကောက်ယူနိုင်ခြင်း မရှိသေးသကဲ့သို့ မြို့တွင်းရှိ ပြည်သူများသည်လည်း တားမိုးညဲ၊ မန်ပိန်း နှင့် လားရှိုးမြို့သို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...