Saturday, January 31, 2026

TNLA

မူဆယ်မြို့နယ် အမျိုးသားတစ်ဦး ကျည်ထိမှန် သေဆုံး

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်မရှိဘဲ စစ်ကောင်စီမှ လေကြောင်းဖြင့် ပစ်ခတ်ခဲ့သဖြင့် အမျိုးသားတစ်ဦး ကျည်ထိမှန်၍သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် ဟိုနားရပ်ကွက် ယမန်နေ့ (ဒီဇင်ဘာ ၁၁)ရက် ညနေ ၄နာရီဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ပစ်ခတ်ပြီး ပြည်သူနေအိမ်ပေါ် ကျည်ကျကာ ‌အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း...

လားရှိုးရောက် အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်ဘေးရှောင်များ အမြန်ဆုံးနေရပ်ပြန်နိုင်ရန် ကြိုးပမ်းမည်ဟုဆို

သျှမ်းပြည် လားရှိုးမြို့သို့ ရောက်ရှိလာသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ဘေးရှောင်များ အမြန်ဆုံးနေရပ်ပြန်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာ့အလင်း သတင်းစာက ယနေ့ (ဒီဇင်ဘာ ၁၁ ရက်) တွင် သတင်းထုတ်ပြန်သည်။ “၁၀၂၇ စစ်ဆင်ရေး” တစ်လကျော်အကြာ ဆင်နွှဲပြီးနောက်ပိုင်း ယမန်နေ့ (ဒီဇင်ဘာလ ၁၀ ရက်)...

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲ

မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲပစ်ခတ်ခဲ့ကြောင်း ‌ ဒေသခံများက ပြောသည်။ သျှမ်းပြည် မူဆယ်မြို့နယ် တုန့်ခန်အောက်ကျေးရွာတွင် ယနေ့ (ဒီဇင်ဘာ ၁၁) ရက် ညနေ ၄ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးကြဲပစ်ခတ်သွားခဲ့ကြောင်း...

ကွတ်ခိုင်မြို့နယ် လက်နက်ကြီး၊ မြေမြုပ်မိုင်းကြောင့် ကလေးငယ် ၁ ဦးသေဆုံး၊ ၈ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် လက်နက်ကြီးနှင့် မြေမြုပ်မိုင်းကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး ၈ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နှင့် ဒီဇင်ဘာလ ၁၀ ရက် နှစ်ရက်အတွင်း ကွတ်ခိုင်မြို့နယ် မြို့နှင့် လွယ်ဆိုင်ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်...

သိန္နီမြို့တွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် ပြည်သူနေအိမ် ၁၂ လုံး မီးလောင်ပျက်စီး

သျှမ်းပြည် သိန္နီမြို့တွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးကြောင့် ပြည်သူနေအိမ် ၁၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၀ ရက်) ည ၁၀ နာရီကျော် အချိန်ခန့်မှစ၍ သိန္နီမြို့တွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး သိန္နီမြို့ ရပ်ကွက်(၁) ဈေးတန်းရပ်အတွင်းသို့...

နမ့်ခမ်းမြို့နယ် စစ်ကောင်စီ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်အတွင်း ယနေ့ (ဒီဇင်ဘာလ ၈ ရက်) နေ့လည်အချိန်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံ စုံစမ်း သိရသည်။ ယနေ့ (ဒီဇင်ဘာလ ၈ ရက်) နေ့လယ်ပိုင်း ၁ နာရီဝန်းကျင်တွင် နမ့်ခမ်းမြို့နယ် နောင်စန့်ရပ်ကွက် အတွင်း စစ်ကောင်စီမှ...

နမ့်ခမ်းမြို့ စခန်း ၁ ကုန်းသိမ်းပိုက်နိုင်ရေး တိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်ကောင်စီလေယာဉ်ဖြင့် ထပ်မံဗုံးကြဲ

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ စခန်း ၁ ကုန်းအား သိမ်းပိုင်နိုင်ရေးအတွက် လက်ရှိအချိန် ညီနောင်မဟာမိတ်သုံးဖော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက် ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၇ ရက်) ညပိုင်းအချိန်ထိ နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့်...

သျှမ်း-မန္တလေးနယ်စပ် မိုင်းလုံမြို့ လေယာဉ်ဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦးသေ၊ အရပ်သား ၁၀ ဦးဒဏ်ရာရ

သျှမ်းပြည် ကျောက်မဲမြို့နယ် မိုင်းလုံမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၅ ရက်) နံနက် ၉ နာရီအချိန်ခန့်က သျှမ်း-မန္တလေးနယ်စပ်ရှိ မိုင်းလုံမြို့တွင် စစ်ကောင်စီတပ်မှ...

မူဆယ်မြို့နယ် ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူအသက်အန္တရာယ်စိုးရိမ်နေရ

သျှမ်းပြည် မူဆယ်မြို့နယ်အတွင်း ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူများစိုးရိမ်နေရကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် ကျေးရွာအချို့တွင် ညီနောင်မဟာမိတ်တို့ ဒရုန်းများ၊ စစ်ကောက်စီတို့၏ လက်နက်ကြီး များနှင့် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင်း ပြည်သူများ အသက်အန္တရာယ် စိုးရိမ်နေရသည့် အဆင့်ဖြစ်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။ " အခု က...

သီပေါမြို့နယ် စဉ့်အင်တံတား ထပ်မံဖျက်ဆီးခံရ၊ ဒေသခံများ နှစ်ဘက်တိုက်ပွဲအတွင်း လုံခြုံရေးစိုးရိမ်နေ

သျှမ်းပြည် သီပေါမြို့နယ်တွင် မန္တလေး-လားရှိုး ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ စဉ့်အင်တံတား ထပ်မံဖျက်ဆီးခံရသဖြင့် ဒေသခံများမှာ နှစ်ဘက်တိုက်ပွဲအတွင်း ပိတ်မိမည်ကို စိုးရိမ်လျက်ရှိကြောင်း စုံစမ်းသိရသည်။ သီပေါမြို့နှင့် လားရှိုးမြို့အကြား မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စဉ့်အင်တံတားသည် ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်အကြား ယမန်နေ့ (ဒီဇင်ဘာ ၁ ရက်)က ဖြစ်ပွားခဲ့သော နှစ်ဘက်တိုက်ပွဲအတွင်း...

Latest news