သျှမ်းမြောက် ရွှေလီ(ထုန့်မောဝ်း)ဒေသကို စစ်တပ်မှလေယာဉ်ဖြင့် နေ့စဉ်နီးပါး ဗုံးကြဲခြင်းကြောင့် ကျေးရွာတချို့ ရွာပျက်ဖြစ်လာ

သျှမ်းမြောက် ရွှေလီ(ထုန့်မောဝ်း)ဒေသကို စစ်ကောင်စီမှ လေယာဉ်ဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကျေးရွာတချို့မှာ နေအိမ်အများအပြား ပျက်စီးသွားပြီး ရွာပျက် ဖြစ်နေကြောင်း နေရပ်ပြန်သွားကြည်သူများထံများက ပြောသည်။

တုန့်ခန်ကျေးရွာ

အောက်တိုဘာလ ၂၇ ရက်မှစတင်လာသည့် “၁၀၂၇ စစ်ဆင်ရေး”ကာလအတွင်း နှစ်လနီးပါးအကြာ သျှမ်းမြောက် မြို့နယ်များမှ စစ်ကောင်စီ တပ်စခန်းပေါင်း ၃၀၀ နီးပါးကို ညီနောင်မဟာမိတ်တပ်ဖွဲ့များတို့ သိမ်းပိုက်လာနိုင်ချိန်တွင် စစ်ကောင်စီဘက်မှ ခုခံတန်ပြန်တိုက်ခိုက်သည့်အနေဖြင့် လေကြောင်းကို ပိုအသုံးပြု၍ အရပ်သားနေအိမ်၊ ကျောင်းဆောင်များကို မရှောင်ဘဲ ဗုံးကြဲတိုက်ခိုက်နေလျက်ရှိသည်။

ယင်းကဲ့သို့ အဆင်မခြင် လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် မူဆယ်မြို့နယ် ၁၀၅ မိုင်၊ မန့်မော်ကျေးရွာနှင့် တုန်ခန်ကျေးရွာ စသည့်ဖြင့် ကျေးရွာများတွင် နေအိမ်အများအပြား ပျက်စီးသွားပြီး ရွာပျက် ဖြစ်နေကြောင်း တုန်ခန်ရွာကို ပြန်သွားကြည့်သည့် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“နေအိမ်တွေတော့ တော်တော်များများပျက်စီးသွားတယ်။ ဘာမှပြန်ယူလို့မရတော့ဘူး။ သူခိုး၊ ဓားမြတွေလည်း ပေါတယ်။ ပစ္စည်းတွေအကုန် မွှေထားတာ။ ရွာဘေးပတ်လည်မှာ အနံ့ဆိုး၊ အပုတ်နံ့တွေလည်း ထောင်းနေတာပဲ။ ရွာကတော့ ရွာပျက်ကြီးလိုဖြစ်နေပြီ” ဟု ၎င်းစစ်ဘေးရှောင်တစ်ဦးက ပြောသည်။

အလားတူ ယမန်နေ့ (ဒီဇင်ဘာလ ၂၄ ရက်)တွင်လည်း မူဆယ်မြို့နယ် နမ့်ခွမ်ကျေးရွာနှင့် တုန်ခန်ကျေးရွာအကြား စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ်ပျက်စီးမှုများလည်း ရှိကြောင်း သိရသည်။

လက်ရှိ တအာင်းတပ်ဖွဲ့ TNLA ထိန်းချုပ်ရာ နမ့်ခမ်းမြို့တွင်လည်း ဒေသခံနေအိမ်များ ဖောက်သွင်းခံရပြီး တန်းဖိုးကြီး ပစ္စည်းများလည်း ယူဆောင်းသွားခံရကြောင်း နေရပ်ပြန်သွားကြည့်သူများက ဆိုသည်။

“ကျနော်တို့ အိမ်ပြန်သွားရင် တိုက်ပွဲထပ်ဖြစ်လို့ ပြေးရမှာမကြောက်တော့ဘူး။ သေနတ်သံကြားရင် ပြေးဖို့အသင့်ပဲ။ ဒါပေမယ့် အိမ်မှာရှိတဲ့ကျနော်တို့ ဝယ်ထားတဲ့ပစ္စည်းတွေ ခိုးခံရလို့ ပျောက်ကုန်မှာပဲ ကြောက်တယ်။ ပျက်ကုန်မှာပဲ စိုးတယ်။ အခုချိန်မှာတော့ အိမ်ပြန်ကြည့်ချင်တာပဲ သိတယ်” ဟု မူဆယ်မြို့ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ထို့အပြင် နမ့်ခမ်းမြို့တွင်လည်း စစ်ကောင်စီ၏ စခန်းသစ်ကုန်း သိမ်းပိုက်နိုင်ရေး ဖော်ဆောင်ခဲ့စဉ် ကာလအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် အကြိမ်ရေ စုစုပေါင်း ၃၆၀ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ တစ်လကျော်ကြာ စခန်းသစ်ကုန်း သိမ်းပိုက်ရေး ကာလ၌ နေအိမ်အလုံး ၁၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း TNLA မှထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...