လားရှိုးမြို့နယ်မှ အီနိုင်းတံတားဖြတ်သန်းခွင့်ကို ပိတ်ပင်တားမြစ်ထား

သျှမ်းပြည် လားရှိုးမြို့နယ်ရှိ အီနိုင်းကျေးရွာ အနီးရှိ အီနိုင်းတံတား ဖြတ်သန်း သွားလာခွင့်ကို ပိတ်ပင်ထားကြောင်း စုံစမ်းသိရသည်။

လားရှိုးမြို့

ယနေ့( ဒီဇင်ဘာလ ၂၅) ရက် မွန်းလွဲပိုင်း (၁၂) နာရီဝန်းကျင်မှ စတင်ကာ လားရှိုးမြို့ အဝင် အီနိုင်းကျေးရွာရှိ တံတား ဖြတ်သန်းခွင့်ကို အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်လိုက်ခြင်း ဖြစ်ကြောင်း လားရှိုးမြို့မှ ကားဆရာ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အီးနိုင်းဘက်က တံတားကပိတ်လိုက်ပြီ၊ ပြီးခဲ့တဲ့ တပတ် (ဒီဇင်ဘာလ ၁၁ ဝန်းကျင်) တုန်းက သွားလာလို့ ရသေးတယ်၊ အဲ့နောက်တိုက်ပွဲတွ ပြင်းထန်လာတော့ ကျနော်လည်း အဲ့ဘက် ကားမထွက်နိုင်ခဲ့ဘူး။ ဒီနေ့တော့ အီနိုင်းတံတားက ပိတ်လိုက်ပြီ၊ ဖြတ်သန်းသွားလာခွင့် လုံးဝ ခွင့်မပြုတော့ဘူးတဲ့” ဟု လားရှိုးမြို့နေ နာမည်မဖော်လိုသူ ကားဆရာ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အီနိုင်း ကျေးရွာရှိ အီနိုင်းတံတားသည် လားရှိုးမြို့ – နမ္မတူမြို့ အတွက် အဓိက ဖြတ်သန်းသွားလာရသည့် ကားလမ်းမကြီးခု ဖြစ်ပြီး လားရှိုးမြို့အထွက် နှင့် ကပ်လျက် ရှိနေသည့် ကျေးရွာလည်း ဖြစ်သည်။

လက်ရှိ အီနိုင်းတံတား လမ်းပိတ်လိုက်သည့်အတွက် နမ္မတူဘက်မှ လာသည့် ခရီးသည်များ၊ စစ်ဘေးရှောင် များ၊ ကားသမား အတွက် အဆင်မပြေနိုင်ကြောင်း ၊လားရှိုးမြို့မှ နမ္မတူ စစ်ရှောင်များကို သွားရောက် ကူညီ ပေးမည့် ပရဟိတသမားများလည်း သွားလာရန် မဖြစ်နိုင်တော့ကြောင်း သိရသည်။

“နမ္မတူကို သွားဖို့ လက်ရှိ အချိန်ကတော့ ကူညီရေးကားတွေပေါ့၊ အခုလမ်းပိတ်ပြီဆိုရင် သွားလို့ မရနိုင်တော့ဘူး၊ အရင်နေ့ကလည်း နမ္မတူဘက်ကလာတဲ့ စစ်ရှောင်တွေကို လားရှိုးမြို့အဝင် စစ်ဆေးရေးဂိတ်မှာ ပိတ်ပြီး ပေးမဝင် ဘူးလို့ ကြားမိပါတယ်။ ဘာရည်ရွယ်ချက်နဲ့ လုပ်နေသလဲဆိုတာကိုတော့ မသိဘူး” ဟု အထက်ပါ ကားသမားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်တွင် နမ့်ဆန်မြို့အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့၏ တိုက်ပွဲအပြီး အီနိုင်းတံတားကိုပါ မဟာမိတ်တပ်မှ ထိန်းချုပ်နိုင်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

လက်ရှိ အီနိုင်းတံတား ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင့်သည့် လက်နက်ကိုင်အဖွဲ့အစည်းကို သျှမ်းသံတော်ဆင့်မှ ဆက်လက်အတည်ပြုနေဆဲ ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့၏ နမ္မတူမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်မှုကြောင့်လားရှိုးဘက် စစ်ရှောင်လာသည့် ဒေသခံများကို စစ်ကောင်စီတပ်မှ တားမြစ်ပိတ်ပင်ထားကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...