Wednesday, January 28, 2026

နမ္မတူမြို့နယ် တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး သေဆုံး

သျှမ်းပြည် နမ္မတူမြို့နယ်အတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အာဏာသိမ်း စစ်ကောင်စီ တို့၏ တိုက်ပွဲ ပြင်းထန်နေပြီး လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး သေဆုံးရကြောင်း စုံစမ်းသိရသည်။

နမ္မတူမြို့

ယနေ့ (ဒီဇင်ဘာလ ၂၆) ရက် နံနက်ပိုင်း ၇ နာရီခွဲဝန်းကျင်မှ စတင်ကာ နမ္မတူမြို့ အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ) တပ်အမှတ် (၃၂၄) ကို TNLA တပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး လက်နက်ကြီး/ ငယ်ဖြင့် အပြန်အလှန် ပစ်ခတ်မှု ရှိခဲ့ကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနက်ကတည်းက တိုက်ပွဲတွေ ဖြစ်နေတာပါ။ လက်နက်ကြီး/ငယ် သုံးကျတယ်။ ရပ်ကွက်ထဲကိုလည်း လက်နက်ကြီးကျကွဲတယ်။ ဒါပေမဲ့ ထိခိုက်ကျဆုံးမှုကိုတော့ မသိရသေးဘူး၊ မနေ့ကလည်း ရွာထဲ လက်နက်ကြီး ကျလို့ အိမ်တွေ ပျက်စီးတယ်၊ ပြီးတော့ လူကိုလည်း ထိသေးတယ်လေ” ဟု နမ္မတူမြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂၅ )ရက်တွင်လည်း အာဏာသိမ်း စစ်ကောင်စီ နှင့် TNLA တပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီလေကြောင်းလိုင်းမှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ရှိသည့် အပြင် နေအိမ်များလည်း ထိခိုက်ပျက်စီးရကကောင်း သိရသည်။

ယင်းလေကြောင်းလိုင်းပစ်ခတ်မှုကြောင့် နမ္မတူမြို့နယ်၊ ဆိုင်းခေါင်ကျေးရွာအုပ်စု၊ ကောင်းဆာကျေးရွာတွင် ၁ လုံး၊ ပိန်းလောင်းကျေးရွာအတွင်း ၁ လုံး နှင့် တုန်ဟုန်းခမ်းကျေးရွာဘုန်းကြီးကျောင်းဝင်း အတွင်း (၄) လုံး ကျရောက်ပေါက်ကွဲပြီး အရပ်သား ၂ ဦးလည်း ပွဲချင်းပြီး သေဆုံးသွားရကြောင်း အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ကလည်း လက်နက်ကြီးနဲ့ တစ်နေကုန် ပစ်ခတ်နေကြတာပဲ။ မနက် ၁၁ နာရီကနေ ညနေအထိ နားလိုက် ပစ်လိုက်နဲ့ တစ်နေကုန် တိုက်ပွဲဖြစ်တယ်။ ညနေ ၄း၄၅ ဝန်းကျင်မှာ ရွာထဲကို လက်နက်ကြီးကျလို့ နေအိမ်ထဲ ရှိတဲ့ အမျိုးသား ၂ ဦးလည်း ပွဲချင်းပြီး သေဆုံးသွားရတယ်၊ နေအိမ်တွေလည်း ခေါင်မိုးတွေ ပျက်စီးကုန်တယ်” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ဆိုသည်။

စစ်ကောင်စီ လေကြောင်းလိုင်း လက်နက်ကြီးကြောင့် သေဆုံးသွားရသည့် အရပ်သား ၂ ဦးသည် အသက် (၄၀) ဝန်းကျင်ရှိ နမ္မတူမြို့၊ ရပ်ကွက် (၃) နေ သက်လင်းထွန်း (ခေါ်) အငဲ နှင့် အသက် (၂၀) ဝန်းကျင်ရှိ နမ္မတူမြို့၊ ရပ်ကွက် (၁၀) နေ အောင်ထက်မိုးတို့ ဖြစ်ကြကြောင်းသိရသည်။

နမ္မတူမြို့နယ်အတွင်း စစ်ကောင်စီ နှင့် TNLA တပ်တို့မှ စစ်ရေးပြင်းထန်နေခြင်း ၊ လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်ခြင်း၊ လေကြောင်းလိုင်းဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အရပ်သား ထိခိုက်သေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီးရသည့် အပြင် ဒေသခံ အရပ်သား (၂၀၀၀) ဝန်းကျင်ကလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...