နမ္မတူမြို့နယ် တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး သေဆုံး

သျှမ်းပြည် နမ္မတူမြို့နယ်အတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အာဏာသိမ်း စစ်ကောင်စီ တို့၏ တိုက်ပွဲ ပြင်းထန်နေပြီး လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး သေဆုံးရကြောင်း စုံစမ်းသိရသည်။

နမ္မတူမြို့

ယနေ့ (ဒီဇင်ဘာလ ၂၆) ရက် နံနက်ပိုင်း ၇ နာရီခွဲဝန်းကျင်မှ စတင်ကာ နမ္မတူမြို့ အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ) တပ်အမှတ် (၃၂၄) ကို TNLA တပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး လက်နက်ကြီး/ ငယ်ဖြင့် အပြန်အလှန် ပစ်ခတ်မှု ရှိခဲ့ကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနက်ကတည်းက တိုက်ပွဲတွေ ဖြစ်နေတာပါ။ လက်နက်ကြီး/ငယ် သုံးကျတယ်။ ရပ်ကွက်ထဲကိုလည်း လက်နက်ကြီးကျကွဲတယ်။ ဒါပေမဲ့ ထိခိုက်ကျဆုံးမှုကိုတော့ မသိရသေးဘူး၊ မနေ့ကလည်း ရွာထဲ လက်နက်ကြီး ကျလို့ အိမ်တွေ ပျက်စီးတယ်၊ ပြီးတော့ လူကိုလည်း ထိသေးတယ်လေ” ဟု နမ္မတူမြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂၅ )ရက်တွင်လည်း အာဏာသိမ်း စစ်ကောင်စီ နှင့် TNLA တပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီလေကြောင်းလိုင်းမှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ရှိသည့် အပြင် နေအိမ်များလည်း ထိခိုက်ပျက်စီးရကကောင်း သိရသည်။

ယင်းလေကြောင်းလိုင်းပစ်ခတ်မှုကြောင့် နမ္မတူမြို့နယ်၊ ဆိုင်းခေါင်ကျေးရွာအုပ်စု၊ ကောင်းဆာကျေးရွာတွင် ၁ လုံး၊ ပိန်းလောင်းကျေးရွာအတွင်း ၁ လုံး နှင့် တုန်ဟုန်းခမ်းကျေးရွာဘုန်းကြီးကျောင်းဝင်း အတွင်း (၄) လုံး ကျရောက်ပေါက်ကွဲပြီး အရပ်သား ၂ ဦးလည်း ပွဲချင်းပြီး သေဆုံးသွားရကြောင်း အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ကလည်း လက်နက်ကြီးနဲ့ တစ်နေကုန် ပစ်ခတ်နေကြတာပဲ။ မနက် ၁၁ နာရီကနေ ညနေအထိ နားလိုက် ပစ်လိုက်နဲ့ တစ်နေကုန် တိုက်ပွဲဖြစ်တယ်။ ညနေ ၄း၄၅ ဝန်းကျင်မှာ ရွာထဲကို လက်နက်ကြီးကျလို့ နေအိမ်ထဲ ရှိတဲ့ အမျိုးသား ၂ ဦးလည်း ပွဲချင်းပြီး သေဆုံးသွားရတယ်၊ နေအိမ်တွေလည်း ခေါင်မိုးတွေ ပျက်စီးကုန်တယ်” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ဆိုသည်။

စစ်ကောင်စီ လေကြောင်းလိုင်း လက်နက်ကြီးကြောင့် သေဆုံးသွားရသည့် အရပ်သား ၂ ဦးသည် အသက် (၄၀) ဝန်းကျင်ရှိ နမ္မတူမြို့၊ ရပ်ကွက် (၃) နေ သက်လင်းထွန်း (ခေါ်) အငဲ နှင့် အသက် (၂၀) ဝန်းကျင်ရှိ နမ္မတူမြို့၊ ရပ်ကွက် (၁၀) နေ အောင်ထက်မိုးတို့ ဖြစ်ကြကြောင်းသိရသည်။

နမ္မတူမြို့နယ်အတွင်း စစ်ကောင်စီ နှင့် TNLA တပ်တို့မှ စစ်ရေးပြင်းထန်နေခြင်း ၊ လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်ခြင်း၊ လေကြောင်းလိုင်းဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အရပ်သား ထိခိုက်သေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီးရသည့် အပြင် ဒေသခံ အရပ်သား (၂၀၀၀) ဝန်းကျင်ကလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...