လားရှိုး-နမ္မတူ ကားလမ်းမပေါ်ရှိ အီနိုင်းတံတား ဗုံးဖောက်ခွဲခံရ

သျှမ်းပြည် လားရှိုးမြို့နယ်အတွင်း လားရှိုး-နမ္မတူ ကားလမ်းမပေါ်ရှိ အီနိုင်းတံတားသည် ဗုံးဖောက်ခွဲခံရပြီး ထက်ပိုင်းကျိုးကျသွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၃၁ ရက်) နှစ်သစ်ကူး ညသန်းခေါင်တွင် လားရှိုးမြို့နှင့် ၇ မိုင်ခန့်သာ ကွာဝေးသည့် လားရှိုး-နမ္မတူ ကားလမ်းမကြီးပေါ်ရှိ အီနိုင်းတံတားသည် ဗုံးဖောက်ခွဲဖျက်ဆီးခံရပြီး ထက်ပိုင်းကျိုးကျသွားသဖြင့် သွားလာ၍မရတော့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

“အီနိုင်းတံတား ဗုံးဖောက်ခွဲခံရတာ မနေ့ည သန်းခေါင်လောက်က ဖြစ်မယ်။ ဘယ်သူဖောက်ခွဲလဲတော့ မသိရသေးဘူး။ ညတုန်းကတော့ ဒရုန်းနဲ့ ဗုံးသီးချတဲ့အသံကော မြို့ထဲကနေ လက်နက်ကြီး ပစ်လွှတ်တဲ့အသံကော ကြားရတယ်။ အခုတံတားက ထက်ပိုင်းကျိုးသွားတော့ ကားကော ဆိုင်ကယ်ကော ဘယ်လိုမှ သွားလို့မရတော့ဘူး”ဟု လားရှိုးမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် လားရှိုးမြို့မှ အခြားမြို့များသို့ ဆက်သွယ်နိုင်ရန် လားရှိုး-နမ့်ပေါင်-မိုင်းရယ် ကားလမ်းတစ်လမ်းတည်းသာ ကျန်ရှိတော့ပြီး လားရှိုးမြို့သို့ ဝင်ရောက်နိုင်သည့် လမ်းကြောင်းအားလုံးနီးပါး ဖြတ်တောက်ခံရခြင်းကြောင့် ဒေသခံများမှာ စားနပ်ရိက္ခာ ပြတ်တောက်ပြီး မြို့တွင်းတိုက်ပွဲများ ပြင်းထန်လာမည်ကို စိုးရိမ်နေကြောင်း လားရှိုးဒေသခံများထံမှ သိရသည်။

“လားရှိုးကို ဆက်သွယ်တဲ့တံတားက မိုင်းရယ်ဘက်ကိုသွားတဲ့ နမ့်ပေါင်တံတားဘက်ပဲ ကျန်တာ။ ထွက်ပေါက်က တစ်ပေါက်ပဲကျန်တော့လို့ တချို့တော့ လားရှိုးကနေ တခြားဒေသကို ရှောင်နေကြတယ်။ လမ်းကြောင်းတွေလဲ ပိတ်ကုန်တော့ ရိက္ခာပြတ်မှာရယ်၊ ပြီးတော့ ဗုံးကြဲခံရမှာကိုလည်း ကြောက်ကြတာ ပါတာပေါ့။ မြို့သိမ်းတိုက်ပွဲက လားရှိုးထိ ရောက်လာတော့မှာကို စိုးရိမ်ကြတာ”ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ဒီဇင်ဘာလ ၂၉ ရက်တွင် လားရှိုးမြို့နယ် ဟန်နားကျေးရွာမှ လားရှိုးမြို့သို့ ဈေးဝယ်ရန် အီနိုင်းကျေးရွာအရောက်တွင် မိသားစု ၃ ဦး မောင်းနှင်လာသည့် ဆိုင်ကယ်အနီးသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၃၀ နှစ်အရွယ်ရှိ နန်းကြိမ်ခမ်းဆိုသူ ကျောင်းဆရာမတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘယ်ဘက်ခြေထောက်တစ်ဘက် ဖြတ်လိုက်ရကြောင်း လားရှိုးဒေသခံများထံမှ သိရသည်။

လားရှိုး-သီပေါအကြားရှိ စဉ့်အင်တံတားမှာလည်း ၂၀၂၃ ဒီဇင်ဘာလ ၁ ရက်တွင် TNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့၏ နှစ်ဘက်တိုက်ပွဲကြား ဖျက်ဆီးခံလိုက်ရပြီး လားရှိုး-သိန္နီအကြားရှိ နမ္မတူတံတားလည်း ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက ပျက်စီးသွားခဲ့သည်။

အလားတူ ဒီဇင်ဘာလ ၂၈ ရက်တွင် သီပေါနှင့် နမ္မတူမြို့အကြား အဓိကဆက်သွယ်ထားသည့် မိုးတေချောင်းတံတားအား သီပေါမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ-၅၀၃/၅၀၄ တပ်ရင်းမှ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း TNLA တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ ကူမင်းမြို့၌ နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု တစုံတရာ မရရှိဘဲ နှစ်ဘက်တိုက်ပွဲ ပိုမိုပြင်းထန်လျက်ရှိပြီး သီပေါ၊ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်နှင့် လောက်ကိုင်မြို့တို့သည် ညီနောင်မဟာမိတ်တပ်တို့၏ ဝိုင်းရံပိတ်ဆို့ထားခြင်းကို ခံနေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...