နမ့်ခမ်းမြို့ကို စစ်တပ်မှလေယာဉ်ဖြင့် လာရောက်ဗုံးကြဲမည်ကိုစိုးရိမ်၍ စစ်ဘေးရှောင်များ နေရပ်မပြန်ရဲ

သျှမ်းပြည် နမ့်ခမ်းမြို့ကို စစ်ကောင်စီတပ်မှလေယာဉ်ဖြင့် လာရောက်ဗုံးကြဲချမည်ကိုစိုးရိမ်၍ စစ်ဘေးရှောင်များက နေရပ်မပြန်ရဲကြသေးကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

နမ့်ခမ်းမြို့နယ် ဘုန်းကြီးကျောင်းပျက်စီးမှုပုံ

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ စခန်းသစ်ကုန်းကို တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA မှ သိမ်းပိုက်ထားနိုင်ပြီးသကဲ့သို့ မြို့ကိုလည်း အလုံစုံ ထိန်းချုပ်ထားနိုင်ပြီဟု ကြေညာထားပြီးနောက် အဆိုပါမြို့တွင်းတိုက်ပွဲမှာ ငြိမ်သက် သွားခဲ့သည်။

ယင်းကဲ့သို့ မြို့တွင်းတိုက်ပွဲငြိမ်သက်သွားပြီးနောက် စစ်ဘေးရှောင်များသည် တိုက်ပွဲကြား ပျက်စီးသွားသည့် မိမိနေရပ်အိုးအိမ်ကို ပြန်လည်ရှုကြည့်ရန် နေရပ်ပြန်သွားကြပြီး ပြန်လည် အခြေချနေထိုင်ဖို့ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်နေရသေးကြောင်း စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“အခုကဘာကိုကြောက်နေရလဲဆိုတော့ လောက်ကိုင်လိုမျိုး စစ်တပ်ကလက်နက်ကြီး၊ လေယာဉ်နဲ့ ဗုံးလာကြဲမှာကို ကြောက်နေရတယ်။ သူတို့ရမ်းသမ်းပစ်မှာကို ကြောက်တာ။ အခုဘယ်သူမှ အိမ်မှာမနေရဲဘူး။ လူငယ်တွေကော၊ လူကြီးတွေကာ အားလုံးက တရုတ်ပြည်ဘက် ကို ပြေးပြီး ဝမ်းရေးအတွက် ရှာဖွေစားသောက်နေရတာ။ အများကြီးမရပေမယ့် နေလို့တော့ရတာပေါ့”ဟု ၎င်းကပြောသည်။

နမ့်ခမ်းမြို့နေအိမ်ပျက်စီးမှုပုံ

လက်ရှိတွင် နမ့်ခမ်းမြို့တွင်း နေရပ်ပြန်သွားသည့် စစ်ဘေးရှောင် ဦးရေ ၄ ပုံ ၁ ပုံသာရှိပြီး လူသူကင်းမဲ့နေသဖြင့် မြို့ပျက်တစ်ခုလို ဖြစ်နေကြောင်း ၎င်းကဆက်ပြောသည်။

တစ်ဖက်တွင် နမ့်ခမ်းမြို့ကို ထိန်းချုပ်ထားသည့် တအာင်းတပ်ဖွဲ့ TNLA၏ တပ်သားများကလည်း ပြည်သူနေအိမ်အတွင်း ဝင်ရောက်တဲခိုနေထိုင်မှု ပြုလုပ်နေကြောင်း နေရပ်ပြန်သွားကြည့်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျမတို့အခုပြန်လာတာတော့ ဘာမှမဖြစ်သေးဘူး။ ဒါပေမယ့် TNLAစစ်သားတွေတော့ ရှိနေတယ်။ ပြည်သူနေအိမ်ထဲမှာနေတာရှိတယ်။ ရွာတွေဘက်မှာလည်းသူတို့နေနေတာရှိတယ်။ လူထုနေအိမ်ထဲမှာအများကြီးရှိနေတယ်။ အရင်ကတော့ သူတို့ရွာသားတွေ နေအိမ်ထဲမှာ ဝင်နေတာ။ အခုစစ်သားတွေ နေအိမ်ထဲမှာ ဝင်နေရင် လာတိုင်ဖို့သူတို့ပြောတာပဲ”ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့ပေါ် TNLA လှုပ်ရှား

ယင်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်အများစုသည် လက်ရှိတွင် နေရပ်ပြန်လာဖို့ထက် ဘေးလွတ်ကင်းရာ အခြားဒေသဖြစ်သည့် မန္တလေး၊ တရုတ်နိုင်ငံဘက်သို့ ထပ်မံရွှေ့ပြောင်းသွားကြကြောင်း သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” နှစ်လကျော် ကာလအတွင်း တိုက်ပွဲကြောင့် နမ့်ခမ်းမြို့ ပြည်သူ ၁၂ ဦး သေဆုံးသွားခဲ့ပြီး ၂၆ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် တအာင်းတပ်ဖွဲ့ TNLAတပ်ဖွဲ့မှ နမ့်ခမ်းမြို့တွင်း နေထိုင်သူ ပြည်သူဦးရေစာရင်းနှင့် နေအိမ်စားရင်းကို လိုက်လံကောက်ခံ နေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...