လားရှိုးမြို့ရှိ စစ်ကောင်စီတပ်ကို ညီနောင်မဟာမိတ်နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်

သျှမ်းပြည် လားရှိုးမြို့ရှိ စစ်ကောင်စီတပ်ကို ညီနောင်မဟာမိတ်နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

လားရှိုးမြို့

ယနေ့ (ဇန်နဝါရီလ ၅ ရက်) နံနက်ပိုင်းမှစ၍ လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ညီနောင်မဟာမိတ်နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း လားရှိုးဒေသခံများက ပြောသည်။

“နှစ်ဘက်ထိတွေ့မှုဖြစ်တာပေါ့။ ကိုးကန့်တပ်နဲ့ PDF တပ်တွေက ဖိုင်တောင်း၊ မက်ချိနု ဒီရွာတွေဘက်မှာရှိတဲ့ စစ်ကောင်စီတပ်ကို သေနတ်နဲ့ လာပစ်သွားတာမျိုးပေါ့။ စစ်ကောင်စီတပ်ကလည်း ကြောက်တော့ မြို့ထဲကနေကော မြို့ပြင်ကကော လက်နက်ကြီးနဲ့ ပြန်ပစ်နေတာ၊ ပြည်သူတွေကတော့ တိုက်ပွဲကြီးဖြစ်တယ်လို့ ထင်ပြီးထိတ်လန့်တာပေါ့”ဟု လားရှိုးမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် မက်ချိနုနှင့် ဖိုင်တောင်းရွာဘက်မှ ဒေသခံများသည် ဟိုပိတ်၊ မန်ဆူဘုန်းကြီးကျောင်းနှင့် မြို့ပေါ်ရှိ နီးစပ်ရာ ဆွေမျိုးထံသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း လားရှိုးဒေသခံများထံမှ သိရသည်။

လားရှိုးစစ်ရှောင် များထံ အာဏာသိမ်းခေါင်းဆောင် လာရောက်ကြည့်ရှု့နေစဥ်

“လားရှိုးနားက တိုက်ပွဲတွေကတော့ အရမ်းကြီး မပြင်းထန်သေးဘူး။ ဘာလို့လဲဆိုတော့ အခု ကိုးကန့်တပ်က သူ့အင်အားတွေကို သိန္နီဘက်မှာ တိုက်ဖို့ယူသွားတယ်။ သိန္နီဘက်မှာ တိုက်နိုင်ဖို့က လက်နက်နဲ့ ရိက္ခာပို့ဖို့ ထောက်ပို့လမ်းကြောင်းက လူအများကြီးလိုတယ်။ လားရှိုးကို အခုချက်ချင်းကြီး ဝင်တိုက်ဖို့ဟာက မဖြစ်နိုင်လောက်သေးဘူး”ဟု လားရှိုးမြို့မှ အသက် ၄၀ကျော် အမျိုးသားတစ်ဦး ကသုံးသပ်ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ညပိုင်းကလည်း လားရှိုးမြို့အရှေ့ဘက် ၃ မိုင်ခန့်အကွာရှိ ဖိုင်တောင်းကျေးရွာ အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း လားရှိုးဒေသခံများထံမှ သိရသည်။

ထို့အပြင် လားရှိုးမြို့နယ်ရှိ အီနိုင်းတံတား ဗုံးဖောက်ခွဲ ဖျက်ဆီးခံရပြီးနောက် လားရှိုးမြို့ပေါ်ရှိ ဒေသခံများနှင့် စစ်ဘေးရှောင်များသည် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ၏ နှစ်ဘက်ထိတွေ့တိုက်ပွဲအကြား စိုးရိမ်ထိတ်လန့်ပြီး လားရှိုး-မိုင်းရယ် ကားလမ်းမှတဆင့် ဘေးလွတ်ကင်းရာသို့ ထပ်မံရွှေ့ပြောင်းနေကြကြောင်း လားရှိုးဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...