သီပေါ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ် ဒေသခံများ လုံခြုံရေး စိုးရိမ်

သျှမ်းပြည် သီပေါမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများက လုံခြုံရေးစိုးရိမ်နေကြောင်း စုံစမ်းသိရသည်။

သီပေါစစ်ရှောင်

ယမန်နေ့ (ဇန်နဝါရီလ ၁ ရက်) ည ၆ နာရီခွဲဝန်းကျင်မှစပြီး သီပေါမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ-၅၀၃/၅၀၄ တပ်ရင်းများမှ သီပေါမြို့နယ်အတွင်းရှိ ဘော်ကြို၊ နားခဲနှင့် မိုးတေကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သီပေါဒေသခံများက ပြောသည်။

“ဘော်ကြို၊ နားခဲရွာတွေ အဲ့ဘက်ကို လက်နက်ကြီးနဲ့ ရမ်းပစ်နေတာ။ မနေ့ည ၆ နာရီခွဲလောက်က စပစ်တာ။ စစ်ကောင်စီတပ်က စံဖိတ်တံတားကနေရယ် သီပေါထောင်ကြီးနားကနေရယ် လက်နက်ကြီးနဲ့ လှမ်းပစ်တာပဲ။ မနေ့ညက မိုးတေဘက်ကိုလဲ လက်နက်ကြီး ၃ လုံး ပစ်သွားတယ်။ နေအိမ်ထိခိုက်ပျက်စီးမှုကတော့ မကြားသိရဘူး”ဟု သီပေါမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် သီပေါမြို့၌ တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ညစဉ်နီးပါး ရမ်းသမ်းပစ်ခတ်နေခြင်းအပြင် လေကြောင်းဖြင့်ပါ ကင်းထောက်ပျံသန်းနေခြင်းကြောင့် သီပေါမြို့နယ်အတွင်းရှိ ဒေသခံများမှာ လုံခြုံရေးစိုးရိမ်ပြီး အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

“မနေ့ညက လက်နက်ကြီးနဲ့ လှမ်းပစ်တဲ့ ဘော်ကြို၊ နားခဲဘက်ကို လေယာဉ်နဲ့လည်း လာဝဲနေတာ။ လေယာဉ်ပေါ်ကနေတော့ ဗုံးမကြဲသွားဘူး။ ခဏနေပြီးရင် လက်နက်ကြီးနဲ့ ပြန်ပြီးတော့ လှမ်းပစ်လိုက်တာ။ နားလိုက် ပစ်လိုက် အဲ့လိုပစ်နေတာပဲ။ မြို့ထဲမှာတော့ တိတ်ဆိတ်နေတယ်၊ တချို့လဲ ကြောက်ကြလို့ အများစု ထွက်ပြေးကြပြီ”ဟု သီပေါမြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

သီပေါမြို့နယ်အတွင်း မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကျင်သီတံတားနှင့် စဉ့်အင်တံတားတို့သည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဖျက်ဆီးခံခဲ့ရပြီး သီပေါနှင့် နမ္မတူမြို့ကို အဓိကဆက်သွယ်ထားသည့် မိုးတေချောင်းတံတားမှာလည်း ဒီဇင်ဘာလ ၂၈ ရက်နေ့က သီပေါစစ်ကောင်စီတပ် ခမရ-၅၀၃/၅၀၄ မှ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း TNLA တပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

သီပေါမြို့တွင် ၂၀၂၃ နိုဝင်ဘာလ တတိယပတ်မှစတင်၍ စစ်ဘေးရှောင် ၃၀၀၀ ခန့်သည် သီပေါမြို့ပေါ် ဘုန်းကြီးကျောင်းများနှင့် ဘော်ကြိုဘုရားကြီးကျောင်းတိုက်တို့တွင် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း သီပေါဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...