Saturday, May 4, 2024

ကွတ်ခိုင်မြို့ အဝင်၊ အထွက် ယာယီပိတ်ထား

Must read

သျှမ်းပြည် ကွတ်ခိုင်မြို့၏ အဝင်၊ အထွက် လမ်းများအားလားလုံးကို ယနေ့ (ဇန်နဝါရီလ ၇ ရက်)မှစပြီး နှစ်ရက်အတွင်းယာယီပိတ်ထားကြောင်းလူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယနေ့ (ဇန်နဝါရီလ ၇ ရက်) မှ (ဇန်နဝါရီလ ၈ ရက်)အထိ နှစ်အတွင်း ကွတ်ခိုင်မြို့၏ အဝင်၊ အထွက် လမ်းများအားလုံးကို ဖြတ်သန်းသွားလာခွင့်မပြုကြရန် ညီနောင်မဟာမိတ်သုံးဖွဲ့ဘက်မှ ပြောဆိုလိုက်ကြောင်း လူမှုကူညီရေးအသင်းဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့နဲ့ မနက်ဖြန်ကို ဝင်၊ ခွင့် ပိတ်ထားတယ်။ အရင်ရက်တွေလည်း ပြည်သူတွေက ဝင်လာတယ်။ ကျနော်တို့လူမှုကူညီရေးအသင်းဖွဲ့ကားတွေတော့ အဲ့လိုပြောဆိုဝင်သွားတဲ့ အတွက် လွန်ခဲ့တဲ့ ၄ ရက်၊ ၅ ရက်လောက်ထိ တစ်နေ့နှစ်ကြိမ်နှုန်းနဲ့ မြို့ထဲမှာပိတ်မိနေတဲ့ပြည်သူတွေကော၊ ဒဏ်ရာရသူတွေကော သွားပြီးသယ်ပါတယ်” ဟု ၎င်းက ပြောသည်။

တစ်ဖက်တွင်လည်ညး ညီနောင်မဟာမိတ်ထံသို့ လက်ချခဲ့သော ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ အခြေချ စစ်ဗျူဟာတပ် (စဗခ) ကလည်း ၎င်းမိသားစုဝင်များနှင့်အတူ ကားအစီးအရေ (၂၀) ကျော်ဖြင့် မြို့ကို ယမန်နေ့ ( ဇန်နဝါရီလ ၆ ရက်) ညပိုင်းတွင် စွန့်ခွာထွက်ခွာသွားကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်မှစပြီး ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ အခြေချ စစ်ဗျူဟာတပ် (စဗခ) ကို ညီနောင်မဟာမိတ်တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ (ဒီဇင်ဘာလ ၆ ရက်) နံနက်အစောပိုင်း၌ စစ်ကောင်စီဘက်မှ လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီဘက်မှ လက်နက်ချခြင်းကိစ္စနှင့် ပတ်သက်၍ ညီနောင်မဟာမိတ်ဘက်က တရားဝင် ထုတ်ပြန်ထားခြင်း မတွေ့ရသေးပေ။

ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက် ရေးတပ်မတော် TNLA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေလျက်ရှိပြီး စစ်ကောင်စီဘက်မှ ကွတ်ခိုင်မြို့ရှိ ဗျူဟာကုန်းစခန်းအတွင်း ထောက်ပို့လေယာဉ် Y12 ဖြင့် (၁) ကြိမ် လက်နက်ခဲယမ်းများ လာရောက်ပို့ချခဲ့ကြောင်း TNLA၏  ယမန်နေ့ (ဇန်နဝါရီလ ၆ ရက်) ညပိုင်းထုတ်ပြန်ချက်အရသိရသည်။

လက်ရှိတွင် တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့အတွင်း ပိတ်မိနေသည့် ပြည်သူများ ကျန်ရှိနေသည်။

Leave a Comments

- Advertisement -spot_img

Latest article