ကွတ်ခိုင်မြို့ အဝင်၊ အထွက် ယာယီပိတ်ထား

သျှမ်းပြည် ကွတ်ခိုင်မြို့၏ အဝင်၊ အထွက် လမ်းများအားလားလုံးကို ယနေ့ (ဇန်နဝါရီလ ၇ ရက်)မှစပြီး နှစ်ရက်အတွင်းယာယီပိတ်ထားကြောင်းလူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယနေ့ (ဇန်နဝါရီလ ၇ ရက်) မှ (ဇန်နဝါရီလ ၈ ရက်)အထိ နှစ်အတွင်း ကွတ်ခိုင်မြို့၏ အဝင်၊ အထွက် လမ်းများအားလုံးကို ဖြတ်သန်းသွားလာခွင့်မပြုကြရန် ညီနောင်မဟာမိတ်သုံးဖွဲ့ဘက်မှ ပြောဆိုလိုက်ကြောင်း လူမှုကူညီရေးအသင်းဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့နဲ့ မနက်ဖြန်ကို ဝင်၊ ခွင့် ပိတ်ထားတယ်။ အရင်ရက်တွေလည်း ပြည်သူတွေက ဝင်လာတယ်။ ကျနော်တို့လူမှုကူညီရေးအသင်းဖွဲ့ကားတွေတော့ အဲ့လိုပြောဆိုဝင်သွားတဲ့ အတွက် လွန်ခဲ့တဲ့ ၄ ရက်၊ ၅ ရက်လောက်ထိ တစ်နေ့နှစ်ကြိမ်နှုန်းနဲ့ မြို့ထဲမှာပိတ်မိနေတဲ့ပြည်သူတွေကော၊ ဒဏ်ရာရသူတွေကော သွားပြီးသယ်ပါတယ်” ဟု ၎င်းက ပြောသည်။

တစ်ဖက်တွင်လည်ညး ညီနောင်မဟာမိတ်ထံသို့ လက်ချခဲ့သော ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ အခြေချ စစ်ဗျူဟာတပ် (စဗခ) ကလည်း ၎င်းမိသားစုဝင်များနှင့်အတူ ကားအစီးအရေ (၂၀) ကျော်ဖြင့် မြို့ကို ယမန်နေ့ ( ဇန်နဝါရီလ ၆ ရက်) ညပိုင်းတွင် စွန့်ခွာထွက်ခွာသွားကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်မှစပြီး ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ အခြေချ စစ်ဗျူဟာတပ် (စဗခ) ကို ညီနောင်မဟာမိတ်တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ (ဒီဇင်ဘာလ ၆ ရက်) နံနက်အစောပိုင်း၌ စစ်ကောင်စီဘက်မှ လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီဘက်မှ လက်နက်ချခြင်းကိစ္စနှင့် ပတ်သက်၍ ညီနောင်မဟာမိတ်ဘက်က တရားဝင် ထုတ်ပြန်ထားခြင်း မတွေ့ရသေးပေ။

ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက် ရေးတပ်မတော် TNLA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေလျက်ရှိပြီး စစ်ကောင်စီဘက်မှ ကွတ်ခိုင်မြို့ရှိ ဗျူဟာကုန်းစခန်းအတွင်း ထောက်ပို့လေယာဉ် Y12 ဖြင့် (၁) ကြိမ် လက်နက်ခဲယမ်းများ လာရောက်ပို့ချခဲ့ကြောင်း TNLA၏  ယမန်နေ့ (ဇန်နဝါရီလ ၆ ရက်) ညပိုင်းထုတ်ပြန်ချက်အရသိရသည်။

လက်ရှိတွင် တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့အတွင်း ပိတ်မိနေသည့် ပြည်သူများ ကျန်ရှိနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...