သျှမ်းတော်လှန်ရေး ဘယ်လဲ

မြေပြင်တွင် တံတားများ ပြိုကျနေသည်။ အိုးအိမ် အပျက်အစီးများသည် မျက်စိ တဆုံးဟု ဆိုရမည်။ သို့သော် ရက် ၆၀ ကျော် ကြာြမင့်လာပြီဖြစ်သည့် တော်လှန်ရေးတပ်များ၏ ထိုးစစ်သည် အောင်မြင်မှုများစွာဖြင့် အရှိန်မြင့်သထက် မြင့်လာနေဆဲ ဖြစ်သည်။

၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်ထောင်စုဟု ကြွေးကြော်ကာ ပြည်သူကို ရက်ရက်စက်စက် ဖိနှိပ်ပြီး စစ်ကျွန်ဇာတ်သွင်းခဲ့သည့် စစ်တပ်သည် နှစ်ပေါင်း ၆၀ ကျော် ကာလအတွင်း အဆိုးဝါးဆုံး ရှုံးနိမ့်မှုများဖြင့် စတင်ပြိုကွဲနေပြီ ဖြစ်သည်။

သို့သော် သျှမ်းမြေပေါ်တွင် စစ်တပ်ကို အိပ်မက်ဆိုး မက်စေခဲ့သည့် ‘၁၀၂၇ စစ်ဆင်ရေး’ကို ဦးဆောင်နေသည်မှာ လူဦးရေ ၅ သန်းခန့်ရှိ သျှမ်းလူမျိုးများ လွတ်မြောက်ရေး အတွက် တိုက်ပွဲ၀င်နေသည်ဟု ဆိုသည့် အင်အားကြီး သျှမ်းတော်လှန်ရေးတပ်များ မဟုတ်သည်မှာ အံ့အားသင့်ဖွယ် ဖြစ်သည်။

သျှမ်းမြောက်တော်လှန်ရေး

လက်ရှိ သျှမ်းလူမျိုး အများအပြား နေထိုင်သည့် သျှမ်းမြောက်တခွင် တော်လှန်စစ် ဦးဆောင်နေသည်မှာ လူဦးရေ ၂ သိန်းပင် မပြည့်သည့် ကိုးကန့်နှင့် လူဦးရေ ၇ သိန်း ၀န်းကျင်သာရှိသည့် တအာင်း(ပလောင်) တို့ဖြစ်ပြီး သျှမ်းပြည်နယ် အခြေစိုက် မဟုတ်သည့် KIA၊ AA၊ BPLA၊ KNDF၊ PDF အပြင် အခြားတိုင်းရင်းသား တပ်များပါ စစ်ကောင်စီကို တိုက်ခိုက်နေချိန် ဖြစ်သည်။

Photo – The Kokang

ဤကဲ့သို့ သျှမ်းမြောက်တွင် လူမျိုးပေါင်းစုံ တပ်ပေါင်းစုက တော်လှန်စစ် ဆင်နွှဲနေချိန် အင်အားကြီးမားသည့် သျှမ်းတော်လှန်ရေးတပ်ဖွဲ့များကမူ ရှိနေသည်ဟု မထင်ရလောက်အောင် အသံတိတ်နေသည်။

သျှမ်းအချင်းအချင်း အပစ်ရပ်

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့သည့် ညီနောင်မဟာမိတ်တပ်များ၏ စစ်ဆင်ရေးကာလ အတွင်း သျှမ်းတော်လှန်ရေးတပ်များ အနေဖြင့် မည်သည့် မှတ်ချက်မျှ မပြုသော်လည်း နို၀င်ဘာလ ၂၉ ရက်နေ့တွင်မူ သျှမ်းတော်လှန်ရေးတပ် နှစ်ခုကြား အပစ်အခတ် ရပ်စဲကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။

RCSS/SSA နှင့် SSPP အပစ်ခတ်ရပ် စာချုပ်ချုပ်ဆို

မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည့် သျှမ်းတော်လှန်ရေးတပ် ၂ ခုကြား ယခုကဲ့သို့ အပစ်ရပ်ခြင်းသည် သျှမ်းလူထုကို စိတ်သက်သာရစေသည်မှာ အမှန်ပင်။

သို့သော် အခြားတဖက်တွင်မူ သျှမ်းတော်လှန်ရေး ခေါင်းဆောင်များ၏ မညီညွတ်မှုကို မီးမောင်းထိုးပြနေသည့် ရှက်ဖွယ်လိလိ သမိုင်း၀င် စာတစောင်ဟုသာ ဆိုရမည်။

သျှမ်းတွေညီညွတ်ရဲ့လား

သျှမ်းတော်လှန်ရေး သမိုင်းတလျှောက် လူမျိုးတူချင်း စည်းလုံးညီညွတ်မှု မရှိပါဘဲ အကွဲအပြဲများစွာ ဖြစ်ပေါ်ခဲ့ပြီး အချင်းချင်း စစ်ခင်းခဲ့သည့် ဖြစ်ရပ်များစွာ ရှိခဲ့သည်သာမက သျှမ်းပြည်နယ် အတွင်း အစဥ်အဆက် လက်တွဲနေထိုင်ခဲ့သည့် လူမျိုးစု တော်လှန်ရေးတပ်များနှင့်ပါ စစ်ခင်းခဲ့ပြီး ဖြစ်သည်။

ဤအခြေအနေကို သျှမ်းတပ် ၂ ခု အပစ်အခတ် ရပ်စဲကြောင်း ထုတ်ပြန်ခဲ့သည့် စာက သက်သေပြုနေသည်။

သို့ဖြစ်ရာ ဘုံရန်သူ တူညီပါလျှက် အချင်းချင်း မညီမညွတ် ဘယ့်အတွက်ကြောင့် စစ်ခင်းနေကြသည် ဆိုသည်ကို နောင်အနာဂတ် မျိုးဆက်သစ်များ မေးခွန်းထုတ်ကြပေလိမ့်မည်။

တော်လှန်ရေးသည် ပြည်သူပိုင်

လူထု မထောက်ခံလျှင် တော်လှန်ရေး ဆိုသည်မှာ လူတစု၏ အိမ်မက်မျှသာ ဖြစ်သည်။ သို့သော် သျှမ်းလူထုသည် နှစ်ပေါင်း ၆၀ ကျော်ကြာ စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရန် ဆန္ဒပြုခဲ့သည်။ တော်လှန်ရေး လိုပ်အပ်ချက်အရ ဆိုကာ ရင်သွေးငယ်များစွာ စတေးခဲ့ပြီး ဖြစ်သည်။

ရုပ်ဝတ္ထု လိုအပ်ချက်များစွာကို မနိုင်၀န်ထမ်း ဖြည့်စွမ်းခဲ့ပြီး လက်ရှိ ဖြည့်စွမ်းနေဆဲ ဖြစ်သည်။ မိဘတို့၏ မျှော်လင့်ချက်သည် မျိုးဆက်များ လွတ်မြောက်ရေး ဖြစ်သည်။ သို့သော် နှစ် ၆၀ ကျော်ကြာလာသည့်တိုင် မျိုးဆက်များအား စတေးခဲ့သော်လည်း တော်လှန်ရေးသည် လက်ဆုပ်လက်ကိုင် ပြနိုင်သည့် ရလဒ် မပြနိုင်သေးပေ။

သျှမ်းနိုင်ငံရေး ဗဟိုချက်

အစဥ်အလာအားဖြင့် သျှမ်းပြည် နိုင်ငံရေး၏ ဗဟိုချက်သည် သျှမ်းနိုင်ငံရေး အဖွဲ့အစည်းများသာ ဖြစ်သည်။ ယင်းသျှမ်းနိုင်ငံရေး အဖွဲ့အစည်းများကို အတူယှဥ်တွဲနေထိုင်သည့် ဌာနေ တိုင်းရင်းသား နိုင်ငံရေး အဖွဲ့အစည်းများက ၀န်းရံ လိုက်ပါလေ့ရှိသည်ဟု ဆိုရမည် ဖြစ်သည်။

သို့သော် ပြဿနာများကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ခြင်း မရှိသည့် နောက်ဆက်တွဲ အဖြစ် စစ်ပွဲ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယခုကာလသည် အကြွင်းမဲ့ စစ်ပွဲကာလဟု ဆိုရမည်ဖြစ်ရာ နိုင်ငံရေးသည် အလိုအလျှောက် အားနည်းသွားမည်သာ ဖြစ်သည်။

ယင်းသို့ ဖြစ်ပွားလာသည့် အကြွင်းမဲ့ စစ်ပွဲကို သျှမ်းတော်လှန်ရေးတပ်များ ဦးဆောင်ခဲ့ပါမူ သျှမ်းဗဟိုပြု စစ်ပွဲအဖြစ် နိုင်ငံရေးသည် ဆက်လက်ရှင်သန်မည်သာ။ သို့ဖြစ်ရာ စစ်ပွဲကို လက်ရှောင်ခဲ့သည့် ရလဒ်အဖြစ် သျှမ်းနိုင်ငံရေး ဘေးရောက်သွားမည်ဟုသာ ဆိုရမည်။

သျှမ်းတော်လှန်‌ရေးတပ် ခေါင်းဆောင် ဆိုသူများသည် စစ်အာဏာရှင် ဖြိုချရေး အချိန်အခါသင့်စဥ် ဘယ့်အတွက်ကြောင့် တွေ‌ဝေနေသည်မှာ နားမလည်ဖွယ်ရာ ဖြစ်သည်။

စစ်ပွဲကြီးများမှာ စစ်ပွဲလေးများဆီသို့

စစ်ပွဲဖြစ်ပွားရသည့် အကြောင်းအရင်း များမြောင်စွာ ရှိနေမည် ဖြစ်သော်လည်း အခြေခံ အကျဆုံးမှာ နယ်မြေ ပြဿနာသာ ဖြစ်သည်။ သျှမ်းတော်လှန်ရေး ကာလအတွင်း လူမျိုးစုများ ဖြစ်ပွားသည့် တိုက်ပွဲများသည် အကြောင်းအရင်း များစွာ ရှိနိုင်သော်လည်း အခြေခံအားဖြင့် မလွတ်မြောက်သေးသည့် နယ်မြေများ အငြင်းပွားမှုကြောင့်ဟု ဆိုရမည်။

သိန္နီထိခိုက်ပျက်စီးမှု

လက်ရှိ သျှမ်းမြောက် စစ်ပွဲသည် အထင်ကရ သျှမ်းနယ်မြေများတွင်ပါ ဖြစ်ပွားနေခြင်း ဖြစ်သည်။ အကယ်၍ သျှမ်းမြောက် တစ်ခုလုံးကို ညီနောင်မဟာမိတ်တပ်များ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ခဲ့ပါမူ သျှမ်းနယ်များအား မည်သူက အုပ်ချုပ်မည် ဆိုသည်မှာ ပြဿနာ တရပ် ဖြစ်သည်။

သျှမ်းတော်လှန်ရေးတပ်များ စစ်တိုက်ခဲ့ပါမူ ယင်းပြဿနာ ဖြေရှင်းမှု လွယ်ကူမည် ဖြစ်သော်လည်း ယခုအခါ အချိန်နှောင်းခဲ့ပြီ ဖြစ်သည်။

“နည်းဗျူဟာ မပါသော မဟာဗျူဟာသည် အောင်ပွဲသို့သွားရာ အနှေးကွေးဆုံး လမ်းကြောင်းဖြစ်ပြီး မဟာဗျူဟာ မပါသော နည်းဗျူဟာသည် မရှုံးနိမ့်မီ ဆူညံဆူညံ လုပ်ခြင်းသာဖြစ်သည်” ဟု လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ခန့် တရုတ်စစ်သေနာပတိ ဆွန်ဇူး ရေးသားသည့် ‘စစ်ရေးအနုပညာ’ ကျမ်းတွင် ဖော်ပြထားသည်။

သို့ဖြစ်ရာ ပြဿနာကို ကြိုတင် ဖြေရှင်းခြင်း မပြုနိုင်ပါက စစ်ပွဲကြီးပြီးဆုံးပြီးနောက် သျှမ်းတော်လှန်ရေးတပ် ဗဟိုပြုသည့် နယ်မြေလု စစ်ပွဲငယ်များ ပေါ်ပေါက်လာကာ နေပြည်တော် အခြေပြု စစ်ကောင်စီ လက်အောက် တဖန် ပြန်လည်ကျရောက်နိုင်သည်ကို သတိချပ်ရန် လိုအပ်ပေသည်။

ခါးပိုက်ဆောင်တပ်များ မဟုတ်ပါ

သျှမ်းတော်လှန်ရေးတပ်များသည် ပြည်သူ့မျက်ရည်ဖြင့် ဖွဲ့စည်းထားပြီး ပြည်သူ့ ချွေးနည်းစာဖြင့် ရပ်တည်နေသည် ဆိုပါမူ ခေါင်းဆောင်များ အနေဖြင့် အကျိုးစီးပွား အလို့ငှာ ခါးပိုက်ဆောင် တပ်များကဲ့သို့ အသုံးမချသင့်ဟုသာ ဆိုရမည်။

သျှမ်းပြည်သူများ အတွက်မူ စစ်ကောင်စီ အခေါ်တော်ပါးပါက လေကြောင်းက ခမ်းခမ်းနားနား နေပြည်တော်သို့ သွားရောက်ခစားသည့် ခေါင်းဆောင်မျိုး မလိုအပ် သကဲ့သို့ စစ်ကျွန်လက်အောက်က လွတ်မြောက်ရေး စစ်ရေးနှင့် ဖြေရှင်းရန် တွေ‌ဝေနေသည့် တော်လှန်ရေး ခေါင်းဆောင်မျိုးလည်း မလိုအပ်ပေ။

သျှမ်းလူထု အမှန်တကယ် စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်စေလိုပါက လက်ရှိ တော်လှန်ရေး ဦးဆောင်သူများ အနေဖြင့် တော်လှန်ရေး အခြပြု လက်တဆုပ်စာ အာဏာကို ဖက်တွယ်ခြင်း မပြုပါဘဲ မျိုးဆက်သစ် လူငယ်ခေါင်းဆောင်များအား တာ၀န်လွှဲသင့်သည့် အချိန်အခါသာ ဖြစ်သည်။

အချိုးအကွေ့ အနိမ့်အမြင့် များလှပြီး မည်သည့်ရလဒ်မှ လက်ဆုပ်လက်ကိုင် မပြနိုင်သည့် သျှမ်းတော်လှန်ရေး နှစ် ၆၀ ကျော် ကာလအတွင်း မိခင်တို့၏ မျက်ရည်သည် မြစ်ဧရာမက ကျဆင်းနေသကဲ့သို့ ဖခင်တို့၏ အံကြိတ်သံသည် တော်လဲသံထက် ပြင်းထန်နေမည်ဖြစ်ရာ——

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...