TNLA
သီပေါ စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်၊ ခလရ-၂၃ မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေ
သျှမ်းပြည် သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၀ ရက်) နံနက် ၈ နာရီခွဲခန့်မှ စတင်၍ သီပေါမြို့နှင့် မိုင် ၂၀ ခန့်အကွာအဝေးရှိ မိုးတေကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် TNLA...
မိုးမိတ် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲ ပြင်းထန်
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA )တပ်ဖွဲ့တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၉ ရက်) နံနက် ၉ နာရီခန့်မှ စတင်ကာ မိုးမိတ်မြို့နယ် မန်ဖွယ်(ဖိုင်ခမ်း)ရွာအနီး စခန်းချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို TNLA က...
နမ္မတူ စစ်ရှောင်များနေရပ်မပြန်ပါက နေအိမ်ချိတ်ပိတ်မည်ဆိုသည့်သတင်းကြောင့် စိုးရိမ်မှုမြင့်တက်
သျှမ်းပြည် နမ္မတူမြို့နယ် စစ်ရှောင်များ သတ်မှတ်ရက် နေရက်မပြန်ပါက နေအိမ်ချိတ်ပိတ်မည်ဆိုသည့်သတင်းကြောင့် စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်နေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း နမ္မတူမြို့နယ်စစ်ရှောင်များ သတ်မှတ်ထားသည့်ရက် နေရပ်သို့မပြန်ပါက နေအိမ်ချိတ်ပိတ်မည်ဆိုသည့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြောဆိုနေသည်ဆိုသော သတင်းကြောင့် တိုက်ပွဲကြား နေရပ်ပြန်နေရကြောင်း နမ္မတူမြို့ အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “တဆင့်စကားအားဖြင့်...
သိန္နီမြို့ရှိ စကခ-၁၆ ကို ညီနောင်မဟာမိတ်တပ်နှင့် PLA ၊ BPLA ၊ KNDF ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်
သျှမ်းပြည် သိန္နီမြို့အခြေစိုက် စစ်ကောင်စီတပ် စကခ-၁၆ ကို ညီနောင်မဟာမိတ် တပ်များနှင့်အတူ PLA ၊ BPLA ၊ KNDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၇ ရက်) နံနက် ၉ နာရီခန့်မှစ၍ သိန္နီမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၆...
နမ့်ဆန် မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ၊ ကျောင်းဆရာ/မ ၅ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရ
သျှမ်းပြည် နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲခဲ့ခြင်းကြောင့် ကျောင်းဆရာ/မ ၅ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၇ ရက်) ညနေ ၂ နာရီခွဲခန့်တွင် နမ့်ဆန်မြို့နယ်တွင် တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့်...
မိုင်းယော်တွင် စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦးအပါအဝင် ၄ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ မိုင်ယော်တိုက်နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး အပါအဝင် ၄ ဦး သေဆုံးပြီး၊ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၈ ရက်) ည ၇ နာရီကျော်ခန့်က လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာတွင်...
ကွတ်ခိုင်မြို့ အဝင်၊ အထွက် ယာယီပိတ်ထား
သျှမ်းပြည် ကွတ်ခိုင်မြို့၏ အဝင်၊ အထွက် လမ်းများအားလားလုံးကို ယနေ့ (ဇန်နဝါရီလ ၇ ရက်)မှစပြီး နှစ်ရက်အတွင်းယာယီပိတ်ထားကြောင်းလူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ယနေ့ (ဇန်နဝါရီလ ၇ ရက်) မှ (ဇန်နဝါရီလ ၈ ရက်)အထိ နှစ်အတွင်း ကွတ်ခိုင်မြို့၏ အဝင်၊ အထွက် လမ်းများအားလုံးကို ဖြတ်သန်းသွားလာခွင့်မပြုကြရန် ညီနောင်မဟာမိတ်သုံးဖွဲ့ဘက်မှ ပြောဆိုလိုက်ကြောင်း လူမှုကူညီရေးအသင်းဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့နဲ့ မနက်ဖြန်ကို ဝင်၊ ခွင့် ပိတ်ထားတယ်။ အရင်ရက်တွေလည်း ပြည်သူတွေက ဝင်လာတယ်။ ကျနော်တို့လူမှုကူညီရေးအသင်းဖွဲ့ကားတွေတော့ အဲ့လိုပြောဆိုဝင်သွားတဲ့ အတွက် လွန်ခဲ့တဲ့ ၄ ရက်၊ ၅ ရက်လောက်ထိ တစ်နေ့နှစ်ကြိမ်နှုန်းနဲ့ မြို့ထဲမှာပိတ်မိနေတဲ့ပြည်သူတွေကော၊ ဒဏ်ရာရသူတွေကော သွားပြီးသယ်ပါတယ်” ဟု ၎င်းက ပြောသည်။ တစ်ဖက်တွင်လည်ညး ညီနောင်မဟာမိတ်ထံသို့ လက်ချခဲ့သော ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ အခြေချ စစ်ဗျူဟာတပ် (စဗခ) ကလည်း ၎င်းမိသားစုဝင်များနှင့်အတူ ကားအစီးအရေ (၂၀) ကျော်ဖြင့် မြို့ကို ယမန်နေ့ ( ဇန်နဝါရီလ ၆ ရက်) ညပိုင်းတွင် စွန့်ခွာထွက်ခွာသွားကြောင်း ၎င်းကဆိုသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်မှစပြီး ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ အခြေချ စစ်ဗျူဟာတပ် (စဗခ) ကို ညီနောင်မဟာမိတ်တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ (ဒီဇင်ဘာလ ၆ ရက်) နံနက်အစောပိုင်း၌ စစ်ကောင်စီဘက်မှ လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်ကောင်စီဘက်မှ လက်နက်ချခြင်းကိစ္စနှင့် ပတ်သက်၍ ညီနောင်မဟာမိတ်ဘက်က တရားဝင် ထုတ်ပြန်ထားခြင်း မတွေ့ရသေးပေ။ ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက် ရေးတပ်မတော် TNLA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေလျက်ရှိပြီး စစ်ကောင်စီဘက်မှ ကွတ်ခိုင်မြို့ရှိ ဗျူဟာကုန်းစခန်းအတွင်း ထောက်ပို့လေယာဉ် Y12 ဖြင့် (၁) ကြိမ် လက်နက်ခဲယမ်းများ လာရောက်ပို့ချခဲ့ကြောင်း TNLA၏ ယမန်နေ့ (ဇန်နဝါရီလ ၆ ရက်) ညပိုင်းထုတ်ပြန်ချက်အရသိရသည်။ လက်ရှိတွင် တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့အတွင်း ပိတ်မိနေသည့် ပြည်သူများ ကျန်ရှိနေသည်။
သျှမ်းတော်လှန်ရေး ဘယ်လဲ
SHAN -
မြေပြင်တွင် တံတားများ ပြိုကျနေသည်။ အိုးအိမ် အပျက်အစီးများသည် မျက်စိ တဆုံးဟု ဆိုရမည်။ သို့သော် ရက် ၆၀ ကျော် ကြာြမင့်လာပြီဖြစ်သည့် တော်လှန်ရေးတပ်များ၏ ထိုးစစ်သည် အောင်မြင်မှုများစွာဖြင့် အရှိန်မြင့်သထက် မြင့်လာနေဆဲ ဖြစ်သည်။ ၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်ထောင်စုဟု ကြွေးကြော်ကာ...
သိန္နီမြို့ရှိ ခလရ-၆၉ ကို ညီနောင်မဟာမိတ်တပ်များ သိမ်းပိုက်
သျှမ်းပြည် သိန္နီမြို့အခြေစိုက် ခလရ-၆၉ ကို ညီနောင်မဟာမိတ်တပ်များက သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် အင်အားဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၄ ရက်) နံနက် ၉ နာရီအချိန်ခန့်က သိန္နီမြို့နယ်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၆၉ ကို ညီနောင်မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲအကြား...
မိုးမိတ်မြို့နယ် စစ်ကောင်စီတပ်စခန်းတစ်ခုကို TNLA တိုက်ခိုက်သိမ်းပိုက်
သျှမ်းပြည် မိုးမိတ်မြို့နယ် ကျန်ကန်တပ်စခန်းကို တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ ယနေ့ (ဇန်နဝါရီလ ၅ ရက်) နံနက်အစောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ စစ်ကောင်စီလက်အောက်ခံ စကခ-၂၁ နှင့် ခလရ-၂၂၃ တို့အခြေချတပ်စွဲထားသော အဆိုပါစခန်းအား ပြီးခဲ့သည့် (ဇန်နဝါရီလ ၃ ရက်)တွင် တအာင်းတပ်ဖွဲ့...





