TNLA
နမ့်ခမ်း TNLA ထံ အခွန်မဆောင်သည့် ဈေးဆိုင်ခန်းများကို လေလံတင် ရောင်းချမည် ဟု ခြိမ်းခြောက်ခံရ
သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံ အခွန်မဆောင်သည့် ဈေးဆိုင်ခန်းများကို ပိတ်သိမ်းပြီး လေလံတင်ရောင်းချမည်ဟု ခြိမ်းခြောက်ခံနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ်တွင် ကုန်စုံဆိုင်၊ ခေါက်ဆွဲဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အထည်ဆိုင်၊ လျှပ်စစ်ပစ္စည်း အရောင်းဆိုင် စသည့်...
ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။
SHAN -
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...
ကျောက်မဲ ပြောင်းခြံထဲ မပေါက်ကွဲသော မိုင်း၊ လက်နက်ကြီးများတွေ့ရ
SHAN -
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် မပေါက်ကွဲသေးသည့် စစ်လက်နက် အကြွင်းအကျန်နှင့် မြေမြှုပ်မိုင်းများကို တောင်ယာထဲတွင် တွေ့ရှိရခြင်းကြောင့် တောင်ယာ သီးနှံရိတ်သိမ်းရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်နှင့် မြေမြှုပ်မိုင်းများကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး...
သျှမ်းမြောက်မှာ “၁၀၂၇ စစ်ဆင်ရေး” ပြီးဆုံးပြီလား။
SHAN -
အာဏာသိမ်းစစ်အုပ်စုကို နယ်မြေအများအပြား ဆုံးရှုံးစေခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး”သည် လက်ရှိတွင် အဖွဲ့ဝင်အချို့ စစ်ကော်မရှင် နှင့် အပစ်အခတ်ရပ်စဲကြပြီ ဖြစ်သည်။ အဆိုပါ “၁၀၂၇ စစ်ဆင်ရေး”ကြောင့် သျှမ်းပြည်မြောက်ပိုင်း နှင့် မန္တလေးတိုင်းအတွင်းရှိ မြို့ပေါင်း ၂၀ ကျော်ကို စစ်အုပ်စုထံ...
နယ်စပ်က စက်ချုပ်သံများ
SHAN -
တရုတ်နယ်စပ် အထည်ချုပ်စက်ရုံ၏ အေးစက်စက် ကြမ်းပြင်ပေါ်တွင် မေဇင် (အမည်လွှဲ) ရပ်နေသည်။ သူမ၏ မျက်လုံးများက စက်မှုလုပ်ငန်းသုံး မီးချောင်းများအောက်တွင် မှုန်မှိုင်းနေသော်လည်း သူမ၏ အတွင်းစိတ်က လားရှိုးမြို့ရှိ ပျက်စီးသွားသော အမေ့အိမ်လေးဆီသို့ တစ်စထက်တစ်စ ပြန်လည်ရောက်ရှိနေသည်။ အသက် ၂၉ နှစ်အရွယ် မေဇင်သည် တစ်ချိန်က လားရှိုးတွင် အေးချမ်းသော...
” ဒီရွေးကောက်ပွဲမှာ ဘာမှအားကိုးလို့ မရဘူး။ ကျနော်တို့ အားကိုးနိုင်တာကတော့ တိုင်းရင်းသားအချင်းချင်း ညီညီညွတ်ညွတ် ကိုယ်ရှိတဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ဖို့ ထိန်းသိမ်းဖို့ တိုက်ယူဖို့ အဲတာကို ဘယ်လိုလုပ်မလဲ ဆိုတာကို စဉ်းစားရမှာပေါ့။”
သျှမ်းပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေး အပြောင်းအလဲတွေကြားမှာ “၁၀၂၇ စစ်ဆင်ရေး” က အပြောင်းအလဲကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ “၁၀၂၇ စစ်ဆင်ရေး”အတွင်းမှာ ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဖြစ်တဲ့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့က နယ်မြေအများအပြား ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တရုတ်ဖိအားပေးမှုနှင့် စစ်တပ်၏...
မိုးကုတ်မြို့အဝင်အထွက်ကို TNLA ပိတ်ဆို့ထားသော်လည်း စစ်တပ်ယာဉ်တန်း မြို့ထဲဝင်ရန် လမ်းဖွင့်ပေး
သျှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးနယ်စပ်ရှိ မိုးကုတ်မြို့ အဝင်အထွက်ကို TNLA ဘက်မှ ပိတ်ဆို့ခဲ့သော်လည်း စစ်ကော်မရှင်တပ် ယာဉ်တန်းများ မြို့ထဲသို့ ဝင်ရောက်နိုင်ရန် လမ်းဖွင့်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၂၈ ရက်) နံနက်ပိုင်းမှ စတင်ပြီး TNLA တပ်ဆုတ်ခွာမည်ဟု ကြေညာထားသည့် မိုးကုတ်မြို့တွင် မာရှယ်လော ကြေညာပြီး...
လားရှိုးမြို့တွင် TNLA နှင့် စစ်ကောင်စီ ထပ်မံဆွေးနွေးခဲ့၊ တပ်ဆုတ်မည့်အစီအစဉ် အတည်မပြုနိုင်သေး
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကောင်စီနှင့် TNLA နှစ်ဘက်ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံပြီး မိုးကုတ်မြို့၊ မိုးမိတ်မြို့တို့မှ တပ်ဆုတ်မည့် အစီအစဉ်ကို ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။
ကွတ်ခိုင်မြို့တွင် ဆိုင်ကယ်ခိုးယူထွက်ပြေးသည့် TNLA တပ်သားကို ပြည်သူပြန်ဖမ်း
သျှမ်းပြည် ကွတ်ခိုင်မြို့တွင် ဆိုင်ကယ်ခိုးယူ ထွက်ပြေးခဲ့သည့် TNLA တပ်သားတစ်ဦးကို ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလ (၁၅)ရက် ညနေ ၆ နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ ရပ်ကွက်(၁) ရှိ “အောင်” ဆိုင်ကယ်ပြင်ဆိုင်ရှိ ဆိုင်ကယ်တစ်စီးကို...
မိုးကုတ်မြို့ကို ဆုတ်ခွာရမည့် TNLA မှ ဒေသခံကျောက်တူးခွင့် လုပ်ကွက်ခွဲဝေချပေးနေ
သျှမ်းပြည်နှင့် မန္တလေးနယ်စပ် မိုးကုတ်မြို့ရှိ ဂေါက်ကွင်းနေရာတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဒေသခံများကို ကျောက်တူးခွင့် လုပ်ကွက်ခွဲဝေ ချထားပေးနေကြောင်း သတင်းရရှိသည်။ မိုးကုတ်မြို့မှ မကြာခင် ဆုတ်ခွာမည်ဟု ကြေညာထားသည့် TNLA တပ်ဖွဲ့သည် နိုဝင်ဘာ လဆန်းပိုင်းမှ စပြီး ၎င်းတို့ထိန်းချုပ်စဉ် အကြီးအကျယ် ကျောက်တူးဖော်မှု...





