ကွတ်ခိုင် MNDAA ရုံးကို TNLA ဝင်ရောက်စီးနင်း၊ နှစ်ဘက်စစ်ရေးတင်းမာမှုကြောင့် ဒေသခံစိုးရိမ်

သျှမ်းပြည် ကွတ်ခိုင်မြို့ ဈေးအနီး ဆောက်လုပ်ရေးဝင်းရှိ ကိုးကန့်တပ် MNDAA ရုံးကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဘက်မှ ဝင်ရောက်စီးနင်းခဲ့ခြင်းကြောင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၃ ရက်) ည ၉ နာရီကျော်မှ စတင်ပြီး ကွတ်ခိုင်မြို့ပေါ် ပြည်ထောင်စုလမ်းမကြီးတလျှောက် ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဆင်ထားသည့် ဆိုလာပြားနှင့် စောင့်ကြည့်ရေးကင်မရာ CCTV များကို TNLA တပ်သားများ ဖြုတ်သိမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့နောက် ကွတ်ခိုင်မြို့ပေါ်ရှိ MNDAA အုပ်ချုပ်ရေးရုံးများကို TNLA ဘက်မှ အင်အားသုံး ဝင်ရောက်စီးနင်းခဲ့ကာ MNDAA အလံနှင့် ညစောင့်တပ်သားများကိုပါ ယူဆောင်ဖမ်းဆီးသွားခဲ့ပြီး ဈေးအနီး ဆောက်လုပ်ရေးဝင်းတွင် တပ်စွဲထားသည့် MNDAA ရုံးနေရာတွင်လည်း ရုန်းရင်းဆန်ခတ်ဖြစ်၍ သေနတ်ပစ်ဖောက်မှု ဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ ကွတ်ခိုင်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ည အခြေအနေကတော့ TNLA တပ်ဖွဲ့တွေက ဝတ်စုံအပြည့်နဲ့ CCTV တွေ ဆိုလာတွေကို ဖြုတ်နေကြတယ်။ သူတို့ အထဲမှာ ဘာဖြစ်ကြလဲ ဆိုတာတော့ မသိဘူးပေါ့နော်။ ပြီးရင် ကိုးကန့်ရဲ့ အုပ်ချုပ်ရေးရုံးတွေကို အရင်တုန်းက KIO ရုံးတွေကို စီးနင်းသလိုမျိုးပဲ လိုက်စီးနင်းတယ်။ ပြီးရင် အဲ့မှာရှိနေတဲ့ စောင့်နေတဲ့ တပ်သားတွေကို TNLA က ခေါ်သွားကြတယ်။ ရုန်းရင်းဆန်ခတ် ဖြစ်တယ်ပေါ့နော်၊ ကိုးကန့်တွေရဲ့ အလံတွေကိုလည်း ယူသွားကြတယ်”ဟု ကွတ်ခိုင်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ TNLA နှင့် MNDAA နှစ်ဘက်တပ်သားများ သွေးထွက်ဒဏ်ရာရသည်အထိ ရိုက်နှက်ခဲ့ကြပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် သေနတ်သံ ထွက်ပေါ်လာခဲ့ခြင်းကြောင့် ဒေသခံများမှာ ညီနောင်မဟာမိတ် အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သိရသည်။

“ဈေးရှေ့နားမှာ ဆောက်လုပ်ရေး ဝင်းနားမှာရှိတဲ့ ကိုးကန့်ရုံးမှာ သူတို့ (TNLA) စီးနင်းတယ်။ စီးနင်းပြီးမှ သေနတ်သံတွေ ကြားတယ်ပေါ့နော်။ သေနတ်သံကြားတော့ စိုးရိမ်တာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ သေနတ်သံကြားတော့ တိုက်များ တိုက်ကြပြီလား ဆိုတဲ့ဟာမျိုး စိုးရိမ်တယ်။ နှစ်ဘက်အသံ ဟုတ် မဟုတ်တော့ မသိဘူး၊ သေနတ်သံတော့ မိုးပေါ်ထောင်ပစ်တာလား မသိဘူး ကြားတယ်။ တချို့ တင်ထားတဲ့ ဗီဒီယိုတွေ ကြည့်ရတာတော့ တပ်သားတွေ ရိုက်နှက်ခံရတယ်” ဟု ကွတ်ခိုင်ဒေသခံ အဆိုပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ညတွင် TNLA ဘက်မှ ကွတ်ခိုင်မြို့ပေါ် စစ်အင်အား ရာနှင့်ချီ ကင်းလှည့်ခဲ့ပြီး MNDAA ဘက်မှလည်း တာမိုးညဲဘက်မှ ကွတ်ခိုင်ဘက် စစ်အင်အား ဖြည့်တင်းခဲ့ခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေး စိုးရိမ်ထိတ်လန့်ခဲ့ရပြီး ယနေ့ (ဖေဖော်ဝါရီလ ၁၄ ရက်) နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့ပေါ်၌ ပုံမှန်အခြေအနေ သွားလာလှုပ်ရှားနေကြောင်း သိရသည်။

တရုတ်နှစ်သစ်ကူးကာလ ရောက်ရှိနေစဉ် ကွတ်ခိုင်မြို့ရှိ ကိုးကန့်တပ် MNDAA အုပ်ချုပ်ရေးရုံးများကို TNLA ဘက်မှ ဝင်ရောက်စီးနင်းခဲ့သည့် ဖြစ်စဉ်အပေါ် နှစ်ဘက်တပ်ဖွဲ့ မည်သို့ ဖြေရှင်းမည်ကို မသိရသေးဘဲ သက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူများထံ သျှမ်းသံတော်ဆင့်မှ ကြိုးစားဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

“TNLA ဘက်က ကင်းလှည့်သလိုမျိုး လှည့်သွားတာလေ၊ ပြီးရင် အင်အားက ရာကြီးပိုင်းဆိုတော့ စစ်ဆင်ရေးတစ်ခု သွားသလိုမျိုး သွားနေတော့ စိုးရိမ်တာပေါ့။ ဘယ်လို ဖြစ်လာမလဲ ဆိုတာတော့ မပြောတတ်ဘူးလေ။ တရုတ်နှစ်သစ်ကူး အချိန်အခါ သမယမှာ MNDAA ရုံး စီးနင်းခံရတာတော့ အခုချက်ချင်းတော့ သူတို့လည်း ဘယ်လိုလုပ်ကြမလဲ ဆိုတာတော့ မသိဘူး၊ သူတို့အချင်းချင်းက မဟာမိတ်တွေဆိုတော့” ဟု ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

ညီနောင်မဟာမိတ်တပ်များ ဖြစ်ကြသည့် TNLA နှင့် MNDAA တို့သည် “၁၀၂၇ စစ်ဆင်ရေး”နောက်ပိုင်း ကွတ်ခိုင်မြို့ကို ပြည်ထောင်စုလမ်းမကြီး တစ်ဘက်တစ်ခြမ်းစီ ပူးတွဲအုပ်ချုပ်နေပြီး အချင်းချင်းကြား နယ်မြေခွဲဝေမှု ပြဿနာများ မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...