လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။

တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့် ကျင်စန်းကျော့ဂိတ်တွင် အခွန်ဆောင်ခဲ့ရသကဲ့သို့ ကိုးကန့်တပ် (MNDAA) ထိန်းချုပ်သည့် ချင်းရွှေဟော် နယ်စပ်ဂိတ်တွင်းလည်း ကိုးကန့်တပ်ဖွဲ့ (MNDAA) ထံ အခွန်ဆောင်ခဲ့ရသည်။

ထိုမှတဆင့် မန္တလေးတိုင်းဒေသကြီးနှင့် သျှမ်းပြည်တောင်ပိုင်းသို့ တင်ပို့ခဲ့ကြသည်။

“တကယ်တော့ ဒီနယ်စပ်ကုန်ပစ္စည်းတွေက ညီနောင်မဟာမိတ်တွေထိန်းချုပ်တဲ့ဂိတ်ကို ဖြတ်ရတော့ သူတို့ကို အခွန်ဆောင်ခဲ့ရတယ်။ အဲ့ဒါက လားရှိုးမြို့နယ်ထိပဲအကျုံးဝင်တာ။ မန္တလေးနဲ့အခြားဒေသကို သယ်ဆောင်လို့မရဘူး။ အဲ့ဒါကိုကျော်ရင် တရားမဝင်ကုန်ပစ္စည်းဖြစ်သွားတော့ စစ်ကော်မရှင်က ဖမ်းတာပဲ” ဟု မူဆယ်မြို့ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနစ် နိုဝင်ဘာလမှစတင်ပြီး အခွန်မဆောင်ထားသည့် နိုင်ငံခြားကုန်ပစ္စည်းများကို လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ယခုနှစ်၂၀၂၆ ခုနစ် ဇန်နဝါရီ ပထမပတ်တွင်လည်း သီပေါမြို့နယ် တာလုံကူးတို့ဆိပ် အခြေပြု အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)၊ ဗျူဟာ-၁ က တရုတ်နိုင်ငံမှ တရားမဝင်ကုန်ပစ္စည်းများ တင်လာသည့် မော်တော်ယာဉ် ၇၇ စီးနှင့် ယာဉ်မောင်း ၆၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့အပြင် သျှမ်းပြည်မြောက်ပိုင်း MNDAA ထိန်းချုပ်ထားသည့် ချင်းရွှေဟော် နယ်စပ်ဂိတ် ကြံ၊ ပြောင်းအပါအဝင် လယ်ယာထွက်ကုန်များနှင့် နေ့စဉ်သုံးကုန်ပစ္စည်းများကို တစ်ရက်လျှင် ကုန်တင်ယာဉ်အစီးရေ (၂၀၀)ကျော် အဝင်၊အထွက် ဖြတ်ခဲ့ကြောင်း MNDAA က ဇန်နဝါရီ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုသတင်းထုတ်ပြန်ချက် ထွက်ပေါ်လာ ပြီးနောက် ယနေ့ (ဇန်နဝါရီ ၁၃) ရက်တွင် စစ်ကော်မရှင် က ဖွဲ့စည်းထားသောမူဆယ်ခရိုင်/မြို့နယ် တရားမဝင်ကုန်ပစ္စည်းများ တားဆီးရေးအဖွဲ့က ကုန်သည်များကို ခေါ်ယူပြီး အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် လက်နက်ကိုင်တပ်ဖွဲ့များထံ အခွန်ဝင်ငွေ မစီးဆင်းရန်နှင့် စစ်ကော်မရှင်ထံ အခွန်မဆောင်ထားသည့် ကုန်ပစ္စည်းများအားလုံးကို ဖမ်းဆီးရန် ပြောဆိုခဲ့သည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် ပြီးခဲ့သော၂၀၂၃ ခုနစ် အောက်တိုဘာ ၂၇ရက် က “၁၀၂၇ စစ်ဆင်ရေး”ခေါင်းစဉ်ဖြင့် ညီနောင်မဟာမိတ်တပ်ဖွဲ့ ဖြစ်သည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) ၊ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA)တို့ ပူးပေါင်းပြီး စစ်ကော်မရှင်ကို တိုက်ခိုက်ခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး”တွင် စစ်ကော်မရှင်တပ်ဖွဲ့သည် သမိုင်းတွင် တကြိမ်တခါမျှ မကြုံဖူးသည့် ဆုံးရှုံးမှုကြီးရခဲ့ရာမှ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် လက်ရှိတွင် စစ်ရေးများငြိမ်သက်ခဲ့သော်လည်း ကုန်သွယ်စီးဆင်းမှုကိစ္စကို အခက်ကြုံနေရသေးကြောင်း နယ်စပ်ကုန်သည်များက ပြောဆိုလိုက်သည်။

လက်ရှိအချိန်ထိ လက်နက်ကိုင်တပ်ဖွဲ့ နှင့် စစ်ကော်မရှင်ကြား နယ်မြေ အငြင်းပွားမှု ဆက်လက်ရှိသေးသဖြင့် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးအားထားရသည့် ပြည်ထောင်စုလမ်းမကြီးလည်း ဆက်လက်ပိတ်ထားသည်။

“စစ်ပွဲတွေ ငြိမ်လို့ ကုန်သွယ်ရေးကိစ္စ အဆင်ပြေမယ်ထင်တာ၊ အခုက အခွန်အခကိစ္စ ပြဿနာဖြစ်နေတယ်။ နောက် ကျနော်တို့ ကုန်သည်တွေက လက်နက်ကိုင်အဖွဲ့ရော စစ်ကော်မရှင်ကိုရော အခွန်ဆောင်ရတော့ ကုန်သည်ရော ပြည်သူရော အခက်ကြုံတယ်။ ကုန်စျေးနှုန်းက ပိုမြင့်ဖို့ပဲရှိမယ်” ဟု နယ်စပ်တွင် နှစ်ပေါင်းများစွာလုပ်ကိုင်နေသည့် ကုန်သည် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိအခြေအနေအရ စစ်ကော်မရှင်တပ်ဖွဲ့က နိုင်ငံခြားမှတင်သွင်းသည့် ကုန်ပစ္စည်းအမျိုးမျိုးကို အခွန်မဆောင်သော ကုန်ပစ္စည်းများအဖြစ် ဖမ်းဆီးပိတ်ပင်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ကုန်စျေးနှုန်းသည် တစ်နေ့ထက်တစ်နေ့ ပိုမြင့်တက်လာနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

“ ဒီလက်နက်ကိုင်နဲ့ စစ်ကော်မရှင်ကြားဝေခွဲမှု မမျှတာ၊ နောက်စစ်ကော်မရှင်က သူ့အခွန်မရလို့ ကုန်ပစ္စည်းတွေသိမ်းတာကြောင့် နောက်ဆုံးအခက်ကြုံတာက ပြည်သူပဲ၊ ကုန်ပစ္စည်းတွေကလည်း အဆင့်ဆင့်တင်တော့ ကုန်သည်တွေက ငွေပိုကုန်၊ အရှုံးပေါ်၊ နောက်ဆုံး ပစ္စည်းကို စျေးတင်ရောင်း” ဟု သျှမ်းမြောက် လားရှိုးမြို့နေ ကုန်သည်အမျိုးသမီး တစ်ဉီးက ပြောသည်။

စစ်ကော်မရှင်၏ နိုင်ငံခြားကုန်ပစ္စည်းတင်ဆောင်မှု တားဆီးပိတ်ပင်မှုကြောင့် ပြီးခဲ့သည့် ၂၀၂၅ နှစ်လယ်ပိုင်းမှစပြီး သျှမ်းပြည် မြောက်ပိုင်းမှ သျှမ်းပြည် တောင်ပိုင်းနှင့် မန္တလေးတိုင်းအတွင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းများလည်း တင်ပို့ခမြင့်တက်လာခဲ့ကြောင်း အထက်ပါကုန်သည်အမျိုးသမီးက ဆိုပြန်သည်။

လက်ရှိ စစ်ကော်မရှင်က အတုအယောင် ရွေးကောက်ပွဲပြီး အစိုးရသစ်အဖွဲ့ကို ဖွဲ့နိုင်ခဲ့လျှင် ကုန်စျေးနှုန်းများ အနည်းငယ်လျှော့ကျလာမည်ဟု ပြည်သူအချို့က မျှော်လင့်နေကြသည်။

သို့ပေမယ့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမဖွင့်နိုင်သေးသရွှေ့၊ စစ်ကော်မရှင်မှ ကုန်ပစ္စည်းများအား ဖမ်းဆီးပိတ်ပင်နေသရွှေ့တော့ ကုန်းဈေးနှုန်းကျနိုင်ဖွယ်မရှိကြောင်း နယ်စပ်ကုန်သည်များက သုံးသပ်ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...