လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။

ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သော တအာင်းအမျိုးသားတော်လှန်ရေးနေ့ (၆၃) နှစ်ပြည့် ဂုဏ်ပြုမိန့်ခွန်း ပြောကြားရာ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နှစ်ပေါင်း (၇၀) နီးပါး စစ်အစိုးရအဆက်ဆက်၏ အုပ်ချုပ်ရေးယန္တယားဖြင့် လည်ပတ်ခဲ့ခြင်းဖြစ်သည့်အတွက် မြေပြင်ပကတိမှာ စုပေါင်းနေထိုင်ကြသော မိမိတို့ နယ်မြေခံ ဒေသခံတိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးစွာ နှင့် အတူယှဉ်တွဲနေထိုင်တတ်ရန် မေ့လျော့နေခဲ့ကြောင်းလည်း တားအိုက်ဘုန်းက ပြောသည်။

TNLA ဥက္ကဋ္ဌက လူမျိုးစုအချင်းချင်း မေတ္တာတရားဖြင့် နေထိုင်ကြရမည်ဟု ပြောသော်လည်း TNLA ထိန်းချုပ်ဒေသများတွင် တအာင်းမဟုတ်သော တိုင်းရင်းသားများအပေါ် ခွဲခြားဆက်ဆံမှုများ ရှိနေကြောင်း နမ့်ခမ်းဒေသခံတစ်ဦးက ပြောသည်။

“မတူတာတော့ အမှန်ပဲ၊ ဘာကြောင့်သိလည်းဆိုတော့ လွန်ခဲ့တဲ့ကျောင်းတက်ချိန်တုန်းက သူတို့ရဲ့ ရိုးရာဝတ်စုံဝတ်ရမှာပေါ့နော်၊ တခြားတိုင်းရင်းသားဝတ်စုံတွေ ကိုယ့်ရိုးရာဝတ်စုံတွေ မဝတ်ရဘူး၊ အဲဒီလိုမျိုး ခွဲခြားတာတို့ အဲဒီလိုမျိုးတွေ ရှိတယ်” ဟု နမ့်ခမ်းဒေသခံက ပြောသည်။

အလားတူ TNLA မှ ဆက်ကြေးကောက်ခံရာတွင်လည်း ၎င်းတို့ တအာင်းလူမျိုးများကို အနည်းငယ်သာ ကောက်ခံပြီး၊ အခြားသော တိုင်းရင်းသားများကို အများအပြားကောက်ခံကြောင်း စသဖြင့် မတူညီသော ပုံစံမျိုးဖြင့် ကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။

ဒေသတွင်းတွင်ရှိသော တိုင်းရင်းသားညီအကိုများလည်း မတူကွဲပြားသည့် ကိုးကွယ်ရာဘာသာ၊ ရိုးရာဓလေ့၊ နောက်ခံသမိုင်းကြောင်းများကို အပြန်အလှန်လေးစားမှုထားရှိပြီး လက်တွဲနေထိုင်သွားကြရမှာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။

အလားတူ ပြောင်းလဲလာသော ဒေသအခြေအနေ နှင့် တိုးတက်မှုများကို နားလည်လက်ခံပြီး အတူရင်ဆိုင်ကျော်လွှားနိုင်ရန်လည်း လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ကို TNLA ထိန်းချုပ်ထားချိန် သီပေါမြို့အဝင်မုခ်ဦး ဆိုင်းဘုတ်ပေါ်က သျှမ်းအလံ နှင့် သျှမ်းစာကို ဖြုတ်ချခဲ့ခြင်းအပေါ် ဝေဖန်မှုမြင့်တက်လာခြင်းကြောင်း နဂိုမူလအတိုင်း ပြန်လည်ရေးသားခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမယ်ဟု TNLA ၏ ဥက္ကဋ္ဌ ပြောဆိုချက်သည် အပြောသက်သက်မဟုတ်ဘဲ လက်တွေ့ဖြစ်ရန် လိုအပ်ကြောင်း၊ ၎င်းပြောဆိုချက်ကိုလည်း စောင့်ကြည့်ရန် လိုအပ်သေးဟု သျှမ်းမြောက်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် TNLA သည် စစ်အုပ်စု နှင့် အပစ်အခတ်ရပ်စဲထားပြီး သျှမ်းပြည်မြောက်ပိုင်းရှိ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုင်းလုံ နှင့် မိုင်းငေါ့မြို့များကို ထိန်းချုပ်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...