TNLA နှင့် MNDAA တပ်ပြဿနာကို လူထုအပေါ် ဦးတည်တိုက်ခိုက်မှု မပြုလုပ်ရန် တအာင်းအရပ်ဖက်အဖွဲ့များ တောင်းဆို

သျှမ်းပြည် ကွတ်ခိုင်မြို့နှင့် သိန္နီမြို့နယ်တို့တွင် ဖြစ်ပွားနေသည့် TNLA နှင့် MNDAA မဟာမိတ်တပ်ဖွဲ့ချင်း ပြဿနာကို လူထုအပေါ် ဦးတည်တိုက်ခိုက်မှု မပြုလုပ်ရန် တအာင်း(ပလောင်) အရပ်ဖက်အဖွဲ့အစည်းများမှ တောင်းဆိုလိုက်သည်။

ဖေဖော်ဝါရီလ ၁၃ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နှင့် သိန္နီမြို့နယ်တွင် တစ်ပတ်ကျော်ကြာ ဖြစ်ပွားနေသည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA မဟာမိတ်တပ်ဖွဲ့ချင်း ပြဿနာကို လူထုအပေါ် ဦးတည်တိုက်ခိုက်မှု မပြုလုပ်ရန် တအာင်း(ပလောင်) အရပ်ဖက်အဖွဲ့အစည်းများကွန်ရက်မှ ယနေ့ (ဖေဖော်ဝါရီလ ၂၄) ရက်စွဲဖြင့် စုပေါင်းထုတ်ပြန်ခဲ့သည်။

TNLA နှင့် MNDAA နှစ်ဘက်တပ်ဖွဲ့ကြား အငြင်းပွားမှု နောက်ဆက်တွဲအနေဖြင့် မြေပြင်ရှိ ပြည်သူလူထုများကို ပစ်မှတ်ထား ရိုက်နှက်ဖမ်းဆီးခြင်း၊ ဖြတ်သန်းသွားလာခွင့် ကန့်သတ်ခြင်း၊ ကုန်စီးဆင်းမှု ပိတ်ဆို့တားဆီးခြင်း ပြုလုပ်ပြီး လူမျိုးရေးပဋိပက္ခ အသွင်ဆောင်သည့် ပြဿနာဖန်တီးနေသည့် အပြုအမူများ၊ လူထုအပေါ် အကြမ်းဖက်မှုများ ဖြစ်ပွားနေခြင်းကြောင့် ပြည်သူလူထုများ ကြားညှပ်ပြီး ဓားစာခံအဖြစ် ခါးစည်းခံနေရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ပြဿနာ ဖြစ်တာက နှစ်ဘက်တပ်ဖွဲ့ချင်း ပြဿနာလေ၊ လူမျိုးရေး ပြဿနာလည်း မဟုတ်ဘူး။ သူတို့ နှစ်ဖွဲ့ကြောင့် ဒေသမှာနေတဲ့ လူမျိုးပေါင်းစုံ ထိခိုက်ခံစားရတာ မဖြစ်သင့်ဘူးလေ။ နှစ်ဘက်လုံးက သေနတ်ကိုင်ထားပြီး အာဏာရှင်လို လုပ်နေတော့ ပြောလို့လည်း မရဘူး။ သေနတ်ပြောင်းဝမှာ အာဏာရှိတာဆိုတော့ အခန့်မသင့်ရင် ပြည်သူဘက် ကျည်ပေါက်မှာ ကြောက်လို့ ဘယ်သူမှ မပြောရဲကြဘူး” ဟု သိန္နီဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွတ်ခိုင်မြို့နှင့် သိန္နီမြို့နယ်အတွင်း TNLA နှင့် MNDAA ကြား တစ်ပတ်ကျော်ကြာ ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် မြေပြင်စစ်ရေးတင်းမာမှု ဖြစ်ပွားနေပြီး အပြန်အလှန် ရိုက်နှက်မှုကြောင့် နှစ်ဘက်တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရခြင်း၊ တပ်ဖွဲ့ဝင်ချင်း ဖမ်းဆီးထိန်းသိမ်းခြင်းများ ဖြစ်ပွားနေသည်။

ထို့ကြောင့် TNLA နှင့် MNDAA မဟာမိတ်တပ်ဖွဲ့ချင်း ဖြစ်ပွားနေသည့် ပြဿနာများကို ပြည်သူလူထုအပေါ် ပုံချခြင်းများ မပြုလုပ်ရန် တောင်းဆိုပြီး နှစ်ဘက်တပ်ဖွဲ့ကြား အငြင်းပွားမှုများကို ဆွေးနွေးညှိနှိုင်းမှု လမ်းစဉ်ဖြင့် အမြန်ဆုံး ပြေလည်မှုရရှိနိုင်ရေး ဖြေရှင်းကြရန် တအာင်း(ပလောင်) အရပ်ဖက်အဖွဲ့အစည်းများကွန်ရက်-TCSN မှ တိုက်တွန်းထားသည်။

“နှစ်ဘက်တပ် တင်းမာမှုကနေ လူမျိုးရေးပုံစံ ဖြစ်လာတာ၊ မသင်္ကာဖြစ်တဲ့ တချို့ကားတွေကို ကိုးကန့်ဘက်က စစ်တယ်။ လက်နက်ခိုးသယ်တာတို့ အဲ့လိုဖြစ်မှာ ကြောက်လို့ထင်တယ်။ မှတ်ပုံတင် စစ်တဲ့အပြင် ကားပေါ်ကပစ္စည်း အကုန်စစ်တယ်။ သိန္နီအထက်က အေးရှားဝေါလ် တိုးဂိတ်မှာပဲ စစ်နေတာ။ အဓိကတော့ လူကြည့်ပြီး စစ်တာ၊ တခြားလူမျိုးဆိုရင်တော့ ဘာမှ မပြောဘူး သွားလာလို့ ရတယ်” ဟု လားရှိုး-မူဆယ် ခရီးသည်ယာဉ် ပြေးဆွဲနေသည့် ယာဉ်မောင်းအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်ကော်မရှင်တပ်ကို အတူတိုက်ခိုက်ခဲ့ပြီး သိန္နီမြို့နှင့် ကွတ်ခိုင်မြို့တို့ကို ထိန်းချုပ်နိုင်ခဲ့သည့် TNLA နှင့် MNDAA ညီနောင်မဟာမိတ်အချင်းချင်းကြား ပြဿနာကို ကြားဝင်ဖြေရှင်းပေးရန် ‘ဝ’တပ်ဖွဲ့ ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ထံ စာပေးပို့ထားကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေသတင်းဌာနသို့ ဖေဖော်ဝါရီလ (၂၀) ရက်တွင် ဖြေကြားထားသည်။

ပြီးခဲ့သည့် တရုတ်နှစ်သစ်ကူးကာလတွင် ကွတ်ခိုင်မြို့ရှိ ကိုးကန့်တပ် MNDAA အုပ်ချုပ်ရေးရုံးများကို TNLA ဘက်မှ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် လားရှိုး-သိန္နီကြားရှိ ရေပူစစ်ဆေးရေးဂိတ် အနီးတွင် MNDAA ဘက်မှ ခရီးသည်ယာဉ်များကို လက်နက်ခဲယမ်းများ တင်ဆောင်မှု ရှိ၊ မရှိ စစ်ဆေးတင်းကြပ်ခဲ့ကြောင်း ခရီးသွားများက ပြောသည်။

ညီနောင်မဟာမိတ်တပ်များ ဖြစ်ကြသည့် TNLA နှင့် MNDAA တို့သည် “၁၀၂၇ စစ်ဆင်ရေး”နောက်ပိုင်း ကွတ်ခိုင်မြို့ကို ပြည်ထောင်စုလမ်းမကြီး တစ်ဘက်တစ်ခြမ်းစီ ပူးတွဲအုပ်ချုပ်နေပြီး အချင်းချင်းကြား နယ်မြေခွဲဝေမှု ပြဿနာများ မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...