SSPP

လဲချားမြို့ရောက် စစ်ဘေးရှာင် တချို့ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်မှ စစ်ဘေးရှောင်များ အချို့သည် စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်သွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မေလ ၉ ရက်တွင် လဲချားမြို့ရောက် စစ်ရှောင် ၅၀၀ ကျော်တို့မှ ဟော်ခမ်းကျောင်းတိုက်၊ ကျောင်းခမ်း ကျောင်းတိုက် နှင့် ဆလိုင်းခုမ်ကျောင်းတိုက်မှ စစ်ဘေးရှောင်တို့သည် စိုးရိမ်စိတ်ဖြင့် နေရပ်သို့ ပြန်သွားကြောင်း...

လဲချားမြို့နယ် နေ့စဥ် သေနတ်သံကြားရ၊ စစ်ရှောင်များ ထပ်မံစစ်ရှောင်နေရ

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း ပစ်ခတ်သံများ နေ့စဥ်ကြားနေရသဖြင့် စစ်ရှောင်များလည်း ပြန်လည် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဧပြီလ ၁၆ ရက်) မှစပြီး လဲချားမြို့ ကျောင်းခမ်းဘုန်းကြီးကျောင်းသို့ ခိုလှုံနေသည့် စစ်ရှောင်များသည် နေရပ်ရှိ လယ်ယာစပါး နှင့် ခြံကို ပြန်လည်သိမ်းယူရန် ပြန်သွားစဉ် နေ့စဉ်နီးပါး...

လဲချားမြို့နယ်အတွင်း သျှမ်းတပ်နှစ်တပ် တိုက်ပွဲ ထပ်မံဖြစ်ပွား၊ ဒေသခံများက စစ်ရှောင်ထွက်ပြေးနေ

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း ယနေ့ (ဧပြီ ၁၁) ရက် နံနက်ပိုင်းတွင် သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် ဒေသခံများ လဲချားမြို့ပေါ်သို့ စစ်ရှောင်လာရကြောင်း သတင်းရရှိသည်။ ယနေ့ ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှ စတင်ကာ လဲချားမြို့နယ်...

လဲချားမြို့နယ်အတွင်း သျှမ်းတပ် ၂ တပ် ထိတွေ့တိုက်ပွဲ ဖြစ်ပွား

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်းတွင် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/ SSA တို့ယနေ့ (ဧပြီ ၉) ရက် နံနက်ပိုင်းတွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီ...

လောင်းကစားဖွင့်လှစ်ပါက ပိုင်ဆိုင်မှု သိမ်းမည်ဟု SSPP က ထုတ်ပြန်ထားသော်လည်း ဆက်ရှိနေဆဲ

ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) မှ လောင်းကစားဝိုင်များ ဖွင့်လှစ်ခြင်းသူများကို ပိုင်ဆိုင်မှု သိမ်းဆည်းမည်ဟု ထုတ်ပြန်ထားသော်လည်း လောင်းကစားဝိုင်းများသည် ယနေ့ထိ ဆက်လက်ရှိနေဆဲဟု စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၂၂) ရက်တွင် SSPP/ SSA တပ်ဖွဲ့၏ စိစစ်ရေးကော်မတီမှ လောင်းကစားဝိုင်းများ ဖွင့်လှစ်ပါက...

စေတနာ့ဝန်ထမ်း (သျှမ်း) ကျောင်းဆရာတဉီးအား သတင်းပေးဟုဆိုပြီး SSPP ဖမ်းဆီးထား

သျှမ်းပြည် သီပေါမြို့နယ် စိန်ကျော့ကျေးရွာအုပ်စုနေ သျှမ်းစာပေ သင်ကြားပေးနေသည့် စေတနာ့ဝန်ထမ်း ကျောင်းဆရာတစ်ဦးအား သတင်းပေးဟုဆိုကာ SSPP/SSA မှ ဖမ်းဆီးချုပ်နှောင်ထားကြောင်း စုံစမ်းသိရှိ ရသည်။ မတ်လ ၈ ရက်နေ့မှ ယနေ့အထိ ဖမ်းဆီးခြင်းခံထားရသည့် စိန်ကျော့ကျေးရွာအုပ်စု၊ ကုန်းညောင်ကျေးရွာနေ သျှမ်းဘာသာစာပေ စေတနာ့ဝန်ထမ်း ကျောင်းဆရာ စိုင်းဟန်ခေးအား လာရောက်တွေ့ဆုံရန်...

SSPP နှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များ ပန်ဆန်းတွင် တွေ့ဆုံ ဆွေးနွေးနေ

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့ နှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင် တချို့တို့သည် “ဝ” တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေကြောင်း သတင်းသိရသည်။ ယခု ရက်သတ္တပတ်အတွင်းတွင် သျှမ်းပြည် ပန်ဆန်းမြို့၌ ရှမ်းပြည်တိုးတက်ရေးတပ်မတော် SSPP နှင့် မြောက်ပိုင်း မဟာမိတ်...

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အကြောင်းပြပြီး တပ်ဆုတ်ခိုင်းခြင်း လက်မခံဟု SSPP ပြောဆို

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ရှိ ဆနင်း နှင့် ဖောင်းဆိုင်ဒေသအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်မည်ကို အကြောင်းပြပြီး အဆိုပါ ဒေသအတွင်း လှုပ်ရှားနေသည့် တပ်များကို ဆုတ်ခွာပေးရန် စစ်ကောင်စီ၏ တောင်းဆိုမှုကို လက်မခံကြောင်း SSPP/SSA က တုံ့ပြန်ပြောဆိုသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်တွင် စစ်ကောင်စီ၏...

ဆနင်း – ဖောင်းဆိုင်ဒေသ SSPP တပ် ဆုတ်ခွာရန် စစ်ကောင်စီ ထပ်မံ အမိန့်ပေး

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ အနောက်ဘက် ဆနင်း - ဖောင်းဆိုင် ဒေသရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့များ တပ် ဆုတ်ခွာရန်အတွက် စစ်ကောင်စီဘက် မှ ထပ်မံ အမိန့်ပေး ထုတ်ပြန်လာကြောင်း သတင်းသိရသည်။ ဒီဇင်ဘာ ၁၉ ရက် မှ ၂၀၂၃ ခုနှစ်...

စစ်ကောင်စီ နဲ့ TNLA တို့ တိုက်ပွဲ ပြင်းထန်နေဆဲ

သျှမ်းပြည်မြောက်ပိုင်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည် ယနေ့ထိ တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်မှ စစ်အင်အား ဆက်လက်ဖြည့်တင်းနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ (၇) ရက်မှ ယနေ့ ဒီဇင်ဘာ (၁၂) ရက်ထိ နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာအနီး စစ်ကောင်စီ...

Latest news