စေတနာ့ဝန်ထမ်း (သျှမ်း) ကျောင်းဆရာတဉီးအား သတင်းပေးဟုဆိုပြီး SSPP ဖမ်းဆီးထား

သျှမ်းပြည် သီပေါမြို့နယ် စိန်ကျော့ကျေးရွာအုပ်စုနေ သျှမ်းစာပေ သင်ကြားပေးနေသည့် စေတနာ့ဝန်ထမ်း ကျောင်းဆရာတစ်ဦးအား သတင်းပေးဟုဆိုကာ SSPP/SSA မှ ဖမ်းဆီးချုပ်နှောင်ထားကြောင်း စုံစမ်းသိရှိ ရသည်။

ဖမ်းဆီးခံထားရသည့် စေတနာ့ဝန်ထမ်း (သျှမ်း) ကျောင်းဆရာ

မတ်လ ၈ ရက်နေ့မှ ယနေ့အထိ ဖမ်းဆီးခြင်းခံထားရသည့် စိန်ကျော့ကျေးရွာအုပ်စု၊ ကုန်းညောင်ကျေးရွာနေ သျှမ်းဘာသာစာပေ စေတနာ့ဝန်ထမ်း ကျောင်းဆရာ စိုင်းဟန်ခေးအား လာရောက်တွေ့ဆုံရန် ဒေသအတွင်း တပ်မှူးတစ်ဉီးက ဖုန်းဖြင့် ဆက်ခေါ်သွားပြီး ယနေ့အထိ နေအိမ် ပြန်မရောက်သေးဘဲ ဖမ်းဆီးချုပ်နှောင်ထား ကြောင်း နီးစပ်သည့် ပုဂ္ဂိုလ်တစ်ဦးက သျှမ်းသံတော်ဆင့်အား ပြောသည်။

“၁၀ နာရီလောက်မှာ အိမ်ကထွက်သွားတယ်၊ မွန်းလွဲပိုင်း ၂ နာရီလောက်မှာတော့ သူ့ကို SSPP/SSA ကဖမ်းသွားပြီ ဆိုပြီးတော့ သတင်းသိရတယ်၊ သျှမ်းသံတော်ဆင့်ကို သတင်းပေးတယ်ဆိုပြီး ဖုန်းကိုစစ်ဆေးတယ်။ ဖုန်းကိုလဲ သိမ်းထားတယ်။ အခုက SSPP/SSA တပ်စခန်းရှိတဲ့ ဖက်နမ်ရွာမှာ ချုပ်နှောင်ထားတာ” ဟု နီးစပ်သည့် ရွာခံတစ်ဦး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ကိုယ်ရင်သုံးပါးအား လူဝတ်လှဲစေပြီး တပ်သားသစ်စုဆောင်းသွားသည်ဆိုသည့်သတင်းအား သျှမ်းသံတော်ဆင့် သတင်းဌာနထံသို့ သတင်းပေးခဲ့သည်ဟု စွပ်စွဲပြီး ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုလည်း ရွာခံများကပြောသည်။ သို့သော် သျှမ်းသံတော်ဆင့်အနေဖြင့် အဆိုပါသတင်းအား မထုတ်လုပ်ရသည့်အပြင် ကျောင်းဆရာ စိုင်းဟန်ခေး အားလည်း သိရှိခြင်း၊ ဆက်သွယ်သတင်းမေးမြန်းခြင်းလည်း မရှိခဲ့ဖူးပေ။

ဖမ်းဆီးခံထားရသည့် စေတနာ့ဝန်ထမ်း (သျှမ်း) ကျောင်းဆရာ

အဆိုပါ ဖမ်းဆီးခံထားရသည့် ကျောင်းဆရာ စိုင်းဟန်ခေးသည် ရပ်ရွာအကျိုး ကူညီဆောင်ရွက် ပေးသည့် လူငယ်ခေါင်းဆောင်တစ်ဦး ဖြစ်နေပြီး လက်ရှိတွင် SSPP/SSA ၏ တပ်စခန်းရှိရာ ဖက်နမ်ကျေးရွာတွင် ချုပ်နှောင်ထားပြီး မတ်လ ၂၀ ရက်နေ့က မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ပေးခဲ့ကြောင်း လည်းသိရသည်။

ကျောင်းဆရာ စိုင်းဟန်ခေး ဖမ်းဆီးခံထားရခြင်း နှင့် ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး သီဟရာဇာက –
“သူက သျှမ်းသံတော်ဆင်ႉကို သတင်းပေးတာတော့ မဟုတ်ဘူး — ကျနော်တို့ ဒေသအတွင်း — မဟုတ်မဟတ် သတင်းလုပ်ပြီး တခြားအဖွဲ့တွေကို သတင်းပို့တယ်၊ ပြီးတော့ တပ်ဖွဲ့ နာမည်၊ အထက်လူကြီးတွေရဲ့ နာမည်ကို ထိခိုက်မှုရှိအောင် ပျက်စီးအောင် သတင်းတွေ ဖန်တီးတယ်၊ ကျနော်တို့ တပ်ဖွဲ့ထဲမှာ ခေါ်ယူ ထိန်းသိမ်းထားတာပါ။ အခု သူ့ဖုန်းထဲက သူသတင်းပို့တဲ့ မှတ်တမ်းတွေ ၊ ပုံတွေ ကိုလည်း ကျနော်တို့ စစ်ဆေးတွေ့ရှိထားတယ်၊ နောက်တစ် ရက် နှစ်ရက်ဆိုရင် ဌာနချုပ်ကို သက်သေ အထောက်အထားတွေ နဲ့ အတူ ပို့မှာပါ” – ဟု ပြောသည်။

အဆိုပါ အရပ်သား စေတနာ့ဝန်ထမ်း ကျောင်းဆရာ စိုင်းဟန်ခေးအား အမှတ် (၉) ခရိုင်မှူး စဝ်ကောလိန်၏ အမိန့်ဖြင့် ဖမ်းဆီးခေါ်ဆောင်ခြင်းဖြစ်ကြောင်းလည်း မိသားစု နှင့် နီးစပ်သူ ကဆက်ပြောသည်။

“စဝ်ကော်လိန်က ခေါ်ခိုင်းလို့ ဆိုပြီးတော့ ထွက်သွားတာပဲ၊ ပြီးတော့သူ့ကို ဖမ်းထားလိုက်ပြီ ဆိုတာ နောက်မှ သိရတယ်၊ (၂၀) ရက်နေ့မှာတော့ မိသားစုဝင်နဲ့ နာရီဝက်လောက် တွေ့ခွင့်ပေးခဲ့တယ်၊ သူကအိမ်ထောင် ဦးစီးလည်း ဖြစ်တော့ လွှတ်ပေးစေချင်တယ်၊ သူ့မှာ ငယ်ဆုံးကလေးက ၁ နှစ်ကျော် လေးပဲရှိသေးတယ်” – ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံရထားရသည့် စိုင်းဟန်ခေးသည် ၁ နှစ်ကျော် ကလေးငယ်တစ်ဦးအပါအဝင် သားသမီး ၃ ဦး၏ ဖခင်၊ အိမ်ထောင်ဦးစီးဖြစ်နေသည့်အတွက် ပြန်လွှတ်ပေးစေလိုသည့်အကြောင်း မိသားစုဝင်များက ပြောဆိုနေကြ သည်။

“လူသစ်စုဆောင်းတဲ့နေရာမှာကော၊ ရာဇဝတ်မှု ကျူးလွန်တဲ့သူတွေကော၊ တခြားပစ်မှု ကျူးလွန်တဲ့သူတွေပါ ကျနော်တို့ တရားမဲ့ မလုပ်ဘူး။ ကျနော်တို့မှာ တရားရေးဌာနရှိတယ်။ ဘာအမှုမဆို ကျနော်တို့ တရား နဲ့ အညီ စီရင်ဆုံးဖြတ်ပါတယ်” – ဟု အတွင်းရေးမှူး ၂ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆု က သျှမ်းသံတော်ဆင့်သို့ ပြောကြားဖူးသည်။

သျှမ်းပြည်သူ ပြည်သား အကျိုးစီးပွားများအား ကာကွယ်ရန်၊ ဆုံးရှုံးနေသည့် သျှမ်းလူထု အခွင့်အရေးအား ပြန်လည်ရယူရန်၊ ပင်လုံကတိကဝတ်အတိုင်း ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရန် စသည့်အချက်များ ပါဝင်သည့် ဉီးတည်ချက်ဖြင့် ညောင်ရွှေစော်ဘွား မဟာဒေဝီ စဝ်နန်းဟိန်းခမ်းက ရှမ်းပြည်တပ်မတော် SSA (SSPP) ကို ၁၉၆၄ ဧပြီလ ၂၄ ရက်နေ့တွင် ဖွဲ့စည်းထူထောင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...