လဲချားမြို့ရောက် စစ်ဘေးရှာင် တချို့ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်မှ စစ်ဘေးရှောင်များ အချို့သည် စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်သွားကြောင်း သတင်းသိရသည်။

စစ်ရှောင်ကလေးများ

ပြီးခဲ့သည့် မေလ ၉ ရက်တွင် လဲချားမြို့ရောက် စစ်ရှောင် ၅၀၀ ကျော်တို့မှ ဟော်ခမ်းကျောင်းတိုက်၊ ကျောင်းခမ်း ကျောင်းတိုက် နှင့် ဆလိုင်းခုမ်ကျောင်းတိုက်မှ စစ်ဘေးရှောင်တို့သည် စိုးရိမ်စိတ်ဖြင့် နေရပ်သို့ ပြန်သွားကြောင်း စစ်ရှောင်ကူညီပေးနေသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုဆိုရင် တိုက်ပွဲသံတွေကလည်း ငြိမ်လာပြီဆိုပေမဲ့ စိုးရိမ်စိတ်ကတော့ ရှိသေးတာပေါ့၊ ဒါပေမဲ့ မပြန်လို့လည်း လုပ်ငန်းက လုပ်ရမှာဆိုတော့ စိုးရိမ်စိတ်နဲ့ ပြန်ကြတာ၊ အခုကလည်း လုပ်ငန်းတွေ စလုပ်ရမဲ့ အချိန်ဖြစ်နေပြီလေ၊ အဲ့ကြောင့်ပြန်သွားတာ၊ ဝါဆိုကျောင်းတိုက်ကပဲ အနည်းငယ်ကျန်တယ်” ဟု စစ်ရှောင်ကို ကူညီပေးနေသူ တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် လဲချားမြို့ပေါ်ရောက် စစ်ဘေးရှောင်များ အနက်မှ စစ်ရှောင် ၅၀၀ နီးပါး ပြန်သွားပြီး ဝါဆိုကျောင်း တိုက်တွင် စစ်ဘေးရှောင် ၂၀ ကျော် ကျန်ရှိနေသေးကြောင်းလည်း သိရသည်။

နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်များသည် လုပ်ကိုင် စားသောက်ရေးအတွက် နေရပ်ပြန် သွားရသော်လည်း စစ်ရေး အခြေအနေများကို နားစွင့်နေရသေးကြောင်းလည်း အထက်ပါ စစ်ရှောင် ကူညီပေးနေသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနှစ်မလုပ်ထားရင်လည်း နောက်နှစ် စားစရာ မရှိပဲ ဖြစ်မှာစိုးလို့ သူတို့က နေရပ်ပြန်ပြီး လုပ်ကိုင် စားသောက်ဖို့ ပြင်ဆင်ရတာပေါ့နော်၊ ဒါပေမဲ့ လယ်/ယာ သွားကြလည်း ကြောက်နေရပါတယ်၊ သေနတ်သံတွေ ထပ်ကြားရ မလား၊ မိုင်းတွ ပေါက်ကွဲမလား၊ အဲ့လိုတွေ သတိထားနေရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ဆိုသည်။

နေရပ်မပြန်နိုင်သေးသည့် ဝါဆိုကျောင်းတိုက်မှ စစ်ဘေးရှောင် ၂၀ ကျော်သည် ကလေးအများစု ဖြစ်နေပြီး အမျိုးသမီး နှင့် သက်ကြီးရွယ်အိုများဖြစ်ကြောင်းလည်း ၎င်းက ဆက်ဆိုသည်။

“နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တွေကတော့ ၂၀ ကျော်ရှိတယ်၊ အဲ့ထဲက ကလေးတွေက ၁၀ နှစ်ကျော်နဲ့ လူကြီးတွေဆိုလည်း အမျိုးသမီးနဲ့ သက်ကြီးပိုင်းတွေ ဖြစ်ပါတယ်။ သူတို့ မိသားစုဝင် အမျိုးသားတွေကတော့ ရွာပြန်ပြီး အခြေအနေသွားကြည့်တာ၊ ကောင်းရင်တော့ ဒီရက်ပိုင်းအတွင်း သူတို့လည်း ပြန်သွားတော့မယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့မှ စတင်ကာ လဲချားမြို့နယ်အတွင်း သျှမ်းတပ်နှစ်တပ်ဖြစ်သည့် (RCSS နှင့် SSPP) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံ ၅၀၀ ကျော်တို့သည် လဲချားမြို့ပေါ်သို့ စစ်ရှောင်ထွက်ပြေးလာရခြင်း ဖြစ်သည်။

လက်ရှိတွင် တိုက်ပွဲသံများ ငြိမ်သက်သွားသော်လည်း အဆိုပါ နယ်မြေ ဒေသအတွင်း၌ လက်နက်ကိုင် တပ်ဖွဲ့များက သွားလာ လှုပ်ရှားနေကြပြီး၊ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...