လောင်းကစားဖွင့်လှစ်ပါက ပိုင်ဆိုင်မှု သိမ်းမည်ဟု SSPP က ထုတ်ပြန်ထားသော်လည်း ဆက်ရှိနေဆဲ

ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) မှ လောင်းကစားဝိုင်များ ဖွင့်လှစ်ခြင်းသူများကို ပိုင်ဆိုင်မှု သိမ်းဆည်းမည်ဟု ထုတ်ပြန်ထားသော်လည်း လောင်းကစားဝိုင်းများသည် ယနေ့ထိ ဆက်လက်ရှိနေဆဲဟု စုံစမ်းသိရသည်။

လောင်းကစားဝိုင်း

ပြီးခဲ့သည့် မတ်လ (၂၂) ရက်တွင် SSPP/ SSA တပ်ဖွဲ့၏ စိစစ်ရေးကော်မတီမှ လောင်းကစားဝိုင်းများ ဖွင့်လှစ်ပါက ပိုင်ဆိုင်မှုများကို သိမ်းမည့်အပြင် ထိရောက်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

SSPP ထုတ်ပြန်ချက်

အဆိုပါ ထုတ်ပြန်ချက်တွင် လောင်းကစား ဖွင့်လှစ်သူ နှင့် ပါဝင်ပတ်သက်သူများကို စစ်စဆေးတွေ့ရှိပါက ပိုင်ဆိုင်မှု ပစ္စည်းများ အားလုံး ရုတ်သိမ်းခြင်း ခံရမည့်အပြင် SSPP/SSA ၏ တရားရုံး ဥပဒေ အရ ထောင်ဒဏ် ချမှတ်ခံရမည် ဖြစ်ကြောင်းလည်း ပါရှိသည်။

သို့သော်လည်း လက်ရှိ မြေပြင်တွင် လောင်းကစားဝိုင်းများက ဆက်လက်ရှိနေဆဲ ဖြစ်ပြီး သျှမ်းပြည် မြို့နယ်အသီးသီးတွင် ပြုလုပ်သည့် ရှင်ပြုပွဲများ၌ လောင်းကစားဝိုင်းများပါရှိနေကြောင်း ဒေသခံများထံက သိရသည်။

လုပ်ပါကျေးရွာ လောင်းကစားဝိုင်း

ယခုမတ်လကစ လဲချားမြို့နယ်ထဲတွင် ရှင်လောင်းပွဲ ကျင်းပပြုလုပ်ခဲ့သည့် ကျောင်းတိုင်းတွင် လောင်းကစားဝိုင်းများ ပါရှိကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ရှင်လောင်းပွဲတွေလုပ်တဲ့ ကျောင်းတိုင်းမှာတော့ လောင်းကစားဝိုင်းတွေပါတယ်။ အကြီးတော့မဟုတ်ဘူး။ ကုန်းကင်း အသေးလေးတွေပဲဖွင့်ထားကြတာ။ ကျောင်းဝန်းထဲမှာ ဖွင့်ထားတာတော့မဟုတ်ဘူး။ ပွဲဈေးတန်းထဲမှာပဲ ဖွင့်ထားတာ” ဟု လဲချားမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ကျောက်မဲခရိုင်ဘက်ရှိ သီပေါမြိုန့ယ်၊ ကျောက်မဲမြိုန့ယ် တို့မှာလည်း လောင်းကစားဝိုင်းများ အဆက်မပြတ် ဖွင့်လှစ်နေပြီး လောင်းကစားဒိုင်များက ဒေသအတွင်း အာဏာပိုင်များ နှင့် ပူးပေါင်းကာ ဖွင့်လှစ်နေကြောင်း ဒေသခံများက ပြောသည်။

လောင်းကစားဝိုင်း

တချို့ ကျေးလက်ဒေသများတွင်ဖွင့်လှစ်သည့် လောင်းကစားဝိုင်းသည် လက်နက်ကိုင်တပ်ဖွဲ့နှင့် ဆက်စပ်မှု ရှိကြောင်း လည်း သိရသည်။

“မြေပြင်မှာဖွင့်နေတဲ့လောင်းကစားတွေက စစ်တပ်နဲ့ပတ်သက်သလို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေလည်း ပါဝင်နေတာရှိတယ်။ တချို့နယ်မြေက လက်နက်ကိုင်တွေထိန်းချုပ်တဲ့နေရာလေ” ဟု သီပေါမြို့ဒေသခံ တစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည် အတွင်း ပြုလုပ်သည့် ပွဲတိုင်းတွင် လောင်းကစားဝိုင်းများကို ထည့်သွင်းလာနေကြောင်း သိရသည်။

ထို့အပြင် ဒေသအတွင်း လောင်းကစားဝိုင်း တချို့၌ SSPP/SSA မှ တာဝန်ရှိသူ တချို့လည်း ပါဝင်ကြောင်း စုံစမ်းဖော်ထုတ်မိသည့်အတွက် လက်ရှိတွင် အပစ်ပေး အရေးယူမှုများ ရှိနေကြောင်း အဆိုပါ ထုတ်ပြန်ချက်တွေ ဖော်ပြထားသည်။

ယင်းကဲ့သို့ SSPP /SSA ၏ စိစစ်ရေကော်မတီ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ထိုက်သင့်သည့် ပြစ်ဒဏ် အလျှောက် ကျူးလွန်သူများကို ဌာနချုပ်မှ အပစ်ပေး အရေးယူနေလျက်ရှိကြောင်း SSPP/SSA မှ ဗိုလ်ကြီး သီဟရာဇာက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တချို့ မြေပြင် တာဝန်ရှိသူတွေက အကြောင်းအမျိုးမျိုးကြောင့် လောင်းကစားဝိုင်းနဲ့ ပတ်သက်ရတယ်၊ အဲ့ဒါကို ကျနော်တို့ အကြိမ်ကြိမ် သတိပေး တားမြစ်ပြီးတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တယ်၊ ဒါပေမဲ့ မရပ်တန့်ခဲ့တော့ လက်ရှိမှာတော့ ထိုက်သင့်တဲ့ အပြစ်ဒဏ် အလျှောက် ဌာနချုပ်ကနေ စီမံလုပ်ဆောင်နေတယ်” ဟု ဗိုလ်ကြီး သီဟရာဇာက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြည်သူများ အနေဖြင့် လောင်းကစားဝိုင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အာဏာပိုင်များက ထိထိရောက်ရောက် အရေးယူပေးစေလိုကြောင်း နှင့် လောင်းကစားဝိုင်းများကို ပိတ်သိမ်းစေလိုကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...

မိုင်းကိုင်- နမ့်လန်ကြား SSPP စစ်ဆေးရေးဂိတ်များ စစ်ကော်မရှင်တပ် ထပ်မံဆုတ်ခိုင်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့ မှ သျှမ်းပြည် မြောက်ပိုင်း နမ့်လန်မြို့ကို သွားတဲ့ လမ်းမပေါ်ရှိသည့် SSPP/SSA စစ်ဆေးရေးဂိတ်များ ထပ်မံ ဖြုတ်သိမ်းဆုတ်ခွာရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုင်းကိုင် - နမ့်လန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA စစ်ဆေးရေးဂိတ်ကို စစ်ကော်မရှင်တပ်...

တရုတ်ဖိအားကြောင့်လားရှိုး-မူဆယ် လမ်းမပေါ်ရှိ SSPP နှင့် KIA ဂိတ်များ ဖြုတ်သိမ်းဆုတ်ခွာရ

0
မြန်မာ - တရုတ်နယ်စပ် အဓိက ကုန်သွယ်ရေးလမ်းဖြစ်သည့် လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ SSPP/SSA နှင့် KIA တပ်တို့၏ စစ်ဆေးရေးဂိတ်များ တရုတ်ဖိအားကြောင့် ဖြုတ်သိမ်းဆုတ်ခွာရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ တတိယပတ်တွင် လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...