နမ့်လန်မှာ တစ်ရက်တည်း သေနတ် ပစ်ခတ်မှု နှစ်ကြိမ်ဆက်တိုက်ဖြစ်ပွား

သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်မြို့တွင်း၌ ယမန်နေ့ ( ဇွန်လ ၇) ရက် တစ်ရက်တည်းအတွင်း သေနတ် ပစ်ခတ်မှု နှစ်ကြိမ် ဖြစ်ပွား ခဲ့ကြောင်း စုံစမ်းသိရသည်။

Photo- Local နမ့်လန်မြို့မစျေး

ယမန် (ဇွန်လ ၇ ) ရက် မွန်းလွဲပိုင်း ၁၂ နာရီ ဝန်းကျင်တွင် နမ့်လန်မြို့ တောင်ပိုင်းရပ်ကွက်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA ) တပ်ဖွဲ့က တပ်သားသစ်ဝင်ရောက် ကောက်ယူပြီး မိုးပေါ်ထောင် သေနတ်ပစ် ခြိမ်းခြောက်မှု ပြုခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တောင်ပိုင်းရပ်ကွက်ထဲကို တပ်သားသစ်ကောက်ဖို့ ရောက်လာကြတယ်။ ပြီးတော့ သေနတ်ကို မိုးပေါ်ထောင်ပြီး ပစ်လိုက်တယ်။ အဲ့ကြောင့် ပြည်သူတွေက ကြောက်လန့်ပြီး အိမ်တံခါးတွေ၊ ဈေးဆိုင်တွေကို ပိတ်လိုက်တယ်။ SSPP ကတော့ သေနတ်ပစ် ခြိမ်းခြောက်ပြီး လူငယ်အမျိုးသား ၃/၄ ယောက်ကို ဖမ်းခေါ်သွားတယ်။ စာရင်း အတိအကျတော့ မသိရဘူး” ဟု နမ့်လန်မြို့နေ အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo-Local နမ့်လန်မြို့တွင်း တစ်နေရာ

SSPP/SSA မှ သေနတ်ပစ် ခြိမ်းခြောက်ပြီး တပ်သားသစ် အတွက် လူငယ်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နာရီဝက်ခန့် အကြာတွင် နောက်ထပ် ပစ်ခတ်သံ တစ်သံလည်း ထွက်ပေါ်လာကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အဆိုပါ ဒုတိယ အကြိမ် ထွက်ပေါ်လာသည့် ပစ်ခတ်သံသည် နမ့်လန်မြို့ မူလကျောင်းကြီး စာသင်တိုက် အနီးမှ အသံထွက်ပေါ်လာခြင်း ဖြစ်ကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

နမ့်လန်မြို့

“မူလ ကျောင်းကြီး စာသင်တိုက်အနီးမှာ တပေါင်းကွင်း ရှိတယ်။ စစ်တပ်က အဲ့အနီးမှာ နေရာယူပြီးတော့ ပစ်ခတ်လိုက်တာ။ နမ့်လန် တပ်နယ်မှူးကိုယ်တိုင် ဦးဆောင်ပြီး ပစ်လိုက်တာတဲ့။ ဘာကြောင့် ပစ်လိုက်လဲတော့ မသိဘူး။ ဒီပစ်ခတ်သံက အသံတွေ ရောထွေးနေတယ်” ဟု အထက်ပါ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

SSPP/SSA တပ်ဖွဲ့မှ ညအချိန်ဘက် နမ့်လန်မြို့တွင်း တပ်သားသစ် လိုက်လံစုဆောင်းနေသည်မှာ တစ်ပတ်ကျော်ကြာခဲ့ပြီ ဖြစ်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ နမ့်လန်မြို့တွင်း တစ်ရက်တည်း ပစ်ခတ်မှု နှစ်ကြိမ် ဖြစ်ပွားခြင်း နှင့် တပ်သားသစ်အတွက် မြို့တွင်း လူငယ်များကို ဝင်ရောက်ဖမ်းဆီးခြင်း နှင့် ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA တပ်ဖွဲ့ ထံသို့ အကြိမ်ကြိမ် ဖုန်းဆက်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

ဇွန်လ ၆ ရက် မွန်းလွဲပိုင်းတွင်လည်း သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့ အတွင်း၌ စစ်မှုထမ်းဆောင်ရန် SSPP/SSA တပ်ဖွဲ့မှ သေနတ်ပစ်ခြိမ်းခြောက်ခဲ့ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...