Tuesday, January 27, 2026

နမ့်လန်မှာ တစ်ရက်တည်း သေနတ် ပစ်ခတ်မှု နှစ်ကြိမ်ဆက်တိုက်ဖြစ်ပွား

သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်မြို့တွင်း၌ ယမန်နေ့ ( ဇွန်လ ၇) ရက် တစ်ရက်တည်းအတွင်း သေနတ် ပစ်ခတ်မှု နှစ်ကြိမ် ဖြစ်ပွား ခဲ့ကြောင်း စုံစမ်းသိရသည်။

Photo- Local နမ့်လန်မြို့မစျေး

ယမန် (ဇွန်လ ၇ ) ရက် မွန်းလွဲပိုင်း ၁၂ နာရီ ဝန်းကျင်တွင် နမ့်လန်မြို့ တောင်ပိုင်းရပ်ကွက်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA ) တပ်ဖွဲ့က တပ်သားသစ်ဝင်ရောက် ကောက်ယူပြီး မိုးပေါ်ထောင် သေနတ်ပစ် ခြိမ်းခြောက်မှု ပြုခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တောင်ပိုင်းရပ်ကွက်ထဲကို တပ်သားသစ်ကောက်ဖို့ ရောက်လာကြတယ်။ ပြီးတော့ သေနတ်ကို မိုးပေါ်ထောင်ပြီး ပစ်လိုက်တယ်။ အဲ့ကြောင့် ပြည်သူတွေက ကြောက်လန့်ပြီး အိမ်တံခါးတွေ၊ ဈေးဆိုင်တွေကို ပိတ်လိုက်တယ်။ SSPP ကတော့ သေနတ်ပစ် ခြိမ်းခြောက်ပြီး လူငယ်အမျိုးသား ၃/၄ ယောက်ကို ဖမ်းခေါ်သွားတယ်။ စာရင်း အတိအကျတော့ မသိရဘူး” ဟု နမ့်လန်မြို့နေ အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo-Local နမ့်လန်မြို့တွင်း တစ်နေရာ

SSPP/SSA မှ သေနတ်ပစ် ခြိမ်းခြောက်ပြီး တပ်သားသစ် အတွက် လူငယ်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နာရီဝက်ခန့် အကြာတွင် နောက်ထပ် ပစ်ခတ်သံ တစ်သံလည်း ထွက်ပေါ်လာကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အဆိုပါ ဒုတိယ အကြိမ် ထွက်ပေါ်လာသည့် ပစ်ခတ်သံသည် နမ့်လန်မြို့ မူလကျောင်းကြီး စာသင်တိုက် အနီးမှ အသံထွက်ပေါ်လာခြင်း ဖြစ်ကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

နမ့်လန်မြို့

“မူလ ကျောင်းကြီး စာသင်တိုက်အနီးမှာ တပေါင်းကွင်း ရှိတယ်။ စစ်တပ်က အဲ့အနီးမှာ နေရာယူပြီးတော့ ပစ်ခတ်လိုက်တာ။ နမ့်လန် တပ်နယ်မှူးကိုယ်တိုင် ဦးဆောင်ပြီး ပစ်လိုက်တာတဲ့။ ဘာကြောင့် ပစ်လိုက်လဲတော့ မသိဘူး။ ဒီပစ်ခတ်သံက အသံတွေ ရောထွေးနေတယ်” ဟု အထက်ပါ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

SSPP/SSA တပ်ဖွဲ့မှ ညအချိန်ဘက် နမ့်လန်မြို့တွင်း တပ်သားသစ် လိုက်လံစုဆောင်းနေသည်မှာ တစ်ပတ်ကျော်ကြာခဲ့ပြီ ဖြစ်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ နမ့်လန်မြို့တွင်း တစ်ရက်တည်း ပစ်ခတ်မှု နှစ်ကြိမ် ဖြစ်ပွားခြင်း နှင့် တပ်သားသစ်အတွက် မြို့တွင်း လူငယ်များကို ဝင်ရောက်ဖမ်းဆီးခြင်း နှင့် ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA တပ်ဖွဲ့ ထံသို့ အကြိမ်ကြိမ် ဖုန်းဆက်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

ဇွန်လ ၆ ရက် မွန်းလွဲပိုင်းတွင်လည်း သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့ အတွင်း၌ စစ်မှုထမ်းဆောင်ရန် SSPP/SSA တပ်ဖွဲ့မှ သေနတ်ပစ်ခြိမ်းခြောက်ခဲ့ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...