ကာလိ အမျိုးသမီးကို ပစ်သတ်သည့် သတင်း စွပ်စွဲချက်သာ ဖြစ်ကြောင်း RCSS ပြော

သျှမ်းပြည် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့နေ အမျိုးသမီး တစ်ဦး ပစ်သတ်ခံရသည့် သတင်းသည် စွပ်စွဲချက်သာ ဖြစ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) က ပြောဆိုလိုက်သည်။

ပစ်သတ်ခံရသည့် အမျိုးသမီး

အဆိုပါ ပစ်သတ်ခံရသည့် အမျိုးသမီးသည် ကာလိမြို့ ဝမ်တုံကျေးရွာတွင်နေထိုင်သည့် အသက် ၃၀ ကျော် အရွယ်ရှိ နန်းခမ်းစံ ဖြစ်ပြီး၊ မေ ၂၈ ရက်တွင် ကာလိမြို့မှ မိုင်းနောင်ဘက်သို့ သွားစဥ် ကွန်ဟိန်းမြို့နယ် ဆိုင်းမွန်ကျေးရွာ နှင့် ဝမ်စိမ်းကျေးရွာကြားတွင် ပစ်သတ်ခံရကြောင်း သိရသည်။

ထိုပစ်သတ်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး RCSS /SSA တပ်ဖွဲ့၏ လက်ချက်ဟု ဒေသခံများက ပြောဆို သတင်းထွက်နေသော်လည်း RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က “ဆိုရှယ်မီဒီယာတွေပေါ်မှာ အမျိုးသမီးတစ်ဦးကို ကျနော့်တပ်ဖွဲ့က ပစ်တယ်ဆိုပြီးတော့ ပြောဆို ရေးသား နေကြ တာ တွေ့ရတယ်။ ဒါပေမဲ့ ဒါက စွပ်စွဲချက် သပ်သပ်သာ ဖြစ်တယ်၊ စွပ်စွဲချက်တိုင်းကိုလည်း ကျနော်တို့ ပြန်ပြီး တုံ့ပြန်ပြောဆို စရာ အကြောင်းမရှိဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပစ်သတ်ခံရသည့် အမျိုးသမီး၏ အလောင်းကို မိသားစုဝင်များက နေ့တွင်းချင်း သွားရောက်သယ်ဆောင်ခဲ့သည်။

“ အဲ့နေရာနားမှာက RCSS တပ်ဖွဲ့ရှိတယ်။ သူမရဲ့ ကားကို တားပြီး စစ်ဆေးမှုတွေ ပြုလုပ်တယ်၊ ပြီးတော့ သေနတ်နဲ့ ၃ ချက်မနည်း ပစ်လိုက်တဲ့ အသံကြားရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် နီးစပ်သူ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ အမျိုးသမီး ပစ်သတ်ခံရသည့် လမ်းကြောင်းသည် ကာလိမြို့ နှင့် ခိုလမ်မြို့အား ချိတ်ဆက်ထားသော ကားလမ်းမကြီး တစ်ခုလည်း ဖြစ်နေကြောင်းလည်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

သေနတ်ပစ်သတ်ခံရသည့် နန်းခမ်းစံသည် သာမာန်အရပ်သူ တစ်ဦးဖြစ်ပြီး၊ ထိုအမျိုးသမီးသည် ကာလိပြည်သူ့စစ်ထိန်းချုပ်သည့် ဒေသတွင် နေထိုင်သည့် သူဖြစ်ကြောင်း သိရသည်။

“ပစ်သတ်ခံရတဲ့ အမျိုးသမီးတစ်ဉီးက သာမာန်ပြည်သူပါပဲ။ ကျနော်တို့ နယ်မြေထဲက လူ ဖြစ်ပေမယ့် အခင်း ဖြစ်တဲ့နေရာက တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာဆိုတော့ လိုက်ရ နည်းနည်းခက်တယ်။ ဒါပေမယ့် ကျနော်တို့ စုံစမ်းနေတုန်းပါ။ မကြာခင် ဖြစ်စဉ်အမှန်သိရမယ်လို့ ယုံကြည်ပါတယ်” ဟု ကာလိပြည်သူ့စစ်အဖွဲ့ တပ်မဟာအမှတ် (၇) မှ တာဝန်ရှိသူ တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်တွင်လည်း ကွန်ဟိန်းမြို့နယ် ဆိုင်းမွန်ရွာမြောက်ဘက် ဖာလိုင်တောင်ချိုင့်ဝှမ်းတွင် သျှမ်းတပ်နှစ်တပ် ဖြစ်သည့် SSPP /SSA နှင့် RCSS/SSA တို့က ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး ယနေ့အချိန်ထိ စစ်ရေးတင်းမာနေခြင်း ဖြစ်ကြောင်းသိရသည်။

“ အမျိုးသမီး ပစ်သတ်ခံရတဲ့ အနီးတဝှိက်မှာ မေ ၂၇ ရက်တုန်းက ကျနော်တို့နဲ့ SSPP တပ် နဲ့ ထိတွေ့မှု တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ပြင်းပြင်းထန်ထန်တော့ မဟုတ်ဘူး။ အခုတော့ ငြိမ်သွားပြီ” ဟု ဗိုလ်မှူးခမ်းစံက ဆိုပြန်သည်။

ထိုကွန်ဟိန်းမြို့နယ်တွင် SSPP နှင့် RCSS တပ်တို့ ဆက်လက်လှုပ်ရှားနေဆဲ နေရာဖြစ်သည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်တွင် မိုင်းကိုင်မြို့နယ်မှ အသက် (၅၀) အရွယ် ဦးပေါ်ထွေး တောထဲ ကျွဲသွားကျောင်းစဥ် SSPP/SSA တပ်သားများ နှင့် တွေ့ဆုံခဲ့ပြီး ထွက်ပြေးသွားသည့်အတွက်ကြောင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ကျည်ထိမှန် သေဆုံးသွားခဲ့ကြောင်း SSPP/SSA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ကြီး သီဟရာဇာက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှ စတင်ကာ သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ (၂) ဖွဲ့ သည် တိုက်ပွဲဖြစ်ပွားကာ ယနေ့အချိန်ထိ စစ်ရေးတင်းမာနေကြောင်း၊ ထိုတိုက်ပွဲများကြောင့် ကျေးရွာပြည်သူများသည် လဲချားမြို့ပေါ် နှင့် ထိုင်းနိုင်ငံဘက် သို့ ထောင်ချီထွက်ပြေးတိမ်းရှောင်ကာ ရွာပျက်ဖြစ်ရသည့်အထိ ရှိလာကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...

ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်တပ်ဘက်မှ တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့ကြောင်း RCSS ပြော

0
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့အား စစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ခြိမ်းခြောက်ပျံသန်းခဲ့ကြောင်း RCSS ဘက်မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (မေလ ၂၇ ရက်) နံနက် ၁၀ နာရီကျော်တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့၊...

“၆၈ နှစ်” သျှမ်းတော်လှန်ရေး ခရီးရှည်ကို ပြန်သုံးသပ်ရန် RCSS ဥက္ကဋ္ဌ တိုက်တွန်း

0
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ကိုယ်တိုင် သုံးသပ်ထားသည့် သဝဏ်လွှာကို ယနေ့ (မေလ ၂၁ ရက်)တွင် ထုတ်ပြန်လာသည်။ သျှမ်းတော်လှန်ရေးသည် ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် သျှမ်းလူငယ်ခေါင်းဆောင် စဝ်ဆောယန္တ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...