SSPP မှ နမ့်လန်မြို့ပေါ် တပ်သားသစ်ကောက်ယူ ဒေသခံများ ညအချိန် အပြင်မထွက်ရဲ

သျှမ်းပြည် ကျောက်မဲခရိုင် နမ့်လန်မြို့အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှတပ်သားသစ်ကောက်ယူမှုကြောင့် ဒေသခံများ ညအချိန် အပြင်မထွက်ရဲကြောင်း စုံစမ်းသိရသည်။

နမ့်လန်မြို့

ယခုမေလ နောက်ဆုံးပတ်မှစပြီး SSPP/SSA တပ်ဖွဲ့သည် ညအချိန် တပ်သားသစ် ဝင်ရောက်ကောက်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“ညအချိန်ဆို တစ်အိမ်ဝင် တစ်အိမ်ထွက်ပြီး တပ်သားကောက်နေတာ။ သား ၂ ယောက်ရှိတဲ့ အိမ်ဆို တစ်ယောက်သွားရတာပေါ့။ တစ်ပတ်လောက်ရှိနေပြီ ။ ညဆို ဘယ်သူမှ အပြင်မထွက်ရဲဘူး။ ၆ နာရီဆိုတာနဲ့ အပြင်သွားလာတာ မရှိတော့ဘူး။ ရပ်ကွက်ထဲ အပ်ကျရင်တောင် အသံကြားလောက်တယ်” ဟု နမ့်လန်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ SSPP/SSA တပ်သားများသည် နမ့်လန်မြို့အတွင်း (၅) ဦးလောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ထိုသို့ လာရောက်ဖမ်းဆီးချိန်တွင်လည်း ကြိုးတုပ်ပြီး ရိုက်နှက်မှုလည်းရှိကြောင်း သိရသည်။

“သူတို့ အိမ်တံခါးခေါက်ပြီးတော့ ဝင်လာတာ။ ဟိုညက စိန်ပန်းရပ်ကွက်ကို ဝင်ခေါ်တာ။ အိမ်နီးချင်းက ပြောပြချက်အရ ဆိုရင် သူတို့က ကြိုးတုပ်တာ၊ ရိုက်တာရှိတယ်တဲ့။ အဲ့ကြောင့် အိမ်ရှင်က ကြိုးမတုပ် နဲ့ မရိုက်နဲ့ဆိုပြီးတော့ ကောင်းကောင်းလေး ထည့်ပေးသွားလိုက်ရတယ်” ဟု အထက်ပါ နမ့်လန်မြို့ ဒေသခံတစ်ဦးက ပြောသည်။

SSPP/SSA တပ်သားများသည် ညအချိန်မှာ တပ်သားသစ်ဝင်ဆွဲနေသည့်အတွက်ကြောင့် ဒေသခံ အမျိုးသားများက ညအချိန်တွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ကျနော်တို့ ညညဆိုရင် အိမ်မှာ အိပ်လို့ မရဘူး။ ထွက်ပြေးတိမ်းရှောင်နေကြတာ။ အိမ်မှာ ယောက်ျား ၂ ယောက်ရှိတဲ့ အိမ်ဆိုရင် ညဆို အိမ်မှာမနေရဲဘူး။ ကျ‌နော်တို့တော့ SSPP/SSA အကြီးအကဲတွေကို မေးချင်တယ်။ ဘာကြောင့်မလို့ ခေါ်တာလဲ။ ဘယ်လိုလူတွေကိုခေါ်တာလဲ။ တစ်ချို့ပြောတာကျတော့ RCSS နဲ့ အဆက်သွယ်ရှိတဲ့ အိမ်ဆိုဝင်ခေါ်တယ်လို့ပြောတာ” ဟု နမ့်လန်မြို့ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ နမ့်လန်မြို့တွင် ညအချိန်တွင် တပ်သားသစ်လာကောက်ယူနေသည့်အပေါ်ကို SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဒု – ဗိုလ်မှူးကြီး စိုင်းဆု နှင့် ဗိုလ်မှူး စိုင်းဖုန်းဟန်တို့ကို သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ် ဖုန်းဆက်သွယ်ခဲ့သော်လည်း စက်ပိတ်ထားသည်။

အလားတူ သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်တွင်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကလည်း အခွန်ကောက်ယူမှု နှင့် တပ်သားစုဆောင်းမှုတွေကို ပိုပြီးပြုလုပ်လာခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

SSPP ကိုယ်စားလှယ်အဖွဲ့နှင့် NSPNC နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အသွင်ပြောင်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၂ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ SSPP ဒုဥက္ကဋ္ဌဖြစ်သူ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...