SSPP
လဲချားမြို့နယ် စစ်ကောင်စီဘက်မှ စစ်အင်အားဖြည့်တင်း၊ ရဟတ်ယာဥ်ဖြင့် ပျံ့ဝဲနေ
သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း စစ်ကောင်စီမှ စစ်အင်အား ဆက်လက်ဖြည့်တင်းနေပြီး ၊ရဟတ်ယာဥ်ဖြင့် လာရောက် ပျံဝဲနေကြောင်း သတင်းရရှိသည်။ . ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီတို့ ပြီးခဲ့သည့် သြဂုတ် ၆ ရက် နံနက်ပိုင်းမှ ညနေပိုင်းထိ စစ်ရေး ပြင်းထန်ခဲ့ရာ...
“ဆွေးနွေးမရရင် လက်နက် နဲ့ ဖြေရှင်းမယ်ဆိုတာ ထူးဆန်းတဲ့အရာ မဟုတ်ပါဘူး”
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ စစ်ကောင်စီ တပ်ဖွဲ့တို့ ယနေ့ (သြဂုတ် ၆) ရက် မနက်ပိုင်းမှ စတင်ပြီး လဲချားမြို့နယ် ထဲမှာတိုက်ပွဲ ပြင်းထန်နေပါတယ်။ ဒီတိုက်ပွဲ မတိုင်ခင် ပြီးခဲ့တဲ့...
လဲချားမြို့နယ်အတွင်း စစ်ကောင်စီ နှင့် SSPP တိုက်ပွဲဖြစ်
သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ် နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်တို့ ယနေ့ (သြဂုတ် ၆) ရက် နံနက် ၆ နာရီဝန်းကျင်တွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ . ယနေ့ (သြဂုတ် ၆ )...
စယ်လန့်ကျေးရွာအနီး TNLA နဲ့ စကစ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေ
သျှမ်းပြည် မူဆယ်ခရိုင်၊ စယ်လန့်ကျေးရွာအနီးရှိ နမ့်မွမ်းတံတားအနီးတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၃ ) ရက် ညနေပိုင်း ၅...
လွိုင်လင် ခရိုင်အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် SSPP အပြန် အလှန် စစ်အင်အားဖြည့်တင်းနေ
သျှမ်းပြည် လွိုင်လင်ခရိုင်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ အပြန်အလှန် စစ်အင်အား ဖြည့်တင်းမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုများကြောင့် စစ်အင်အားဖြည့်တင်းမှုအပြင် စစ်ကောင်စီမှ လက်နက်ကြီး ပြင်ဆင်မှုများလည်း ရှိနေကြောင်း SSPP/SSA ၏ သတင်းစာမျက်နှာ ဖြစ်သည့်...
လဲချားမြို့နယ်ထဲမှ SSPP/SSA တပ်ဆုတ်ခွာရန် စစ်ကောင်စီ ညွှန်ကြား
သျှမ်းပြည် လဲချားမြို့နယ်အတွင်းမှာ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) တပ်စခန်း နေရာ ၁၀ နေရာကို ဆုတ်ခွာပေးရန် စစ်ကောင်စီက ညွှန်ကြား ပြောဆိုလာကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၉ ရက်တွင် တစ်ကြိမ်၊ ၁၁ ရက်နေ့တွင် တစ်ကြိမ် SSPP...
နမ့်လန်မှာ တစ်ရက်တည်း သေနတ် ပစ်ခတ်မှု နှစ်ကြိမ်ဆက်တိုက်ဖြစ်ပွား
သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်မြို့တွင်း၌ ယမန်နေ့ ( ဇွန်လ ၇) ရက် တစ်ရက်တည်းအတွင်း သေနတ် ပစ်ခတ်မှု နှစ်ကြိမ် ဖြစ်ပွား ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန် (ဇွန်လ ၇ ) ရက် မွန်းလွဲပိုင်း ၁၂ နာရီ ဝန်းကျင်တွင်...
မူဆယ်မြို့နယ်အတွင်း SSPP က သေနတ်ပစ်ဖောက်ပြီး တပ်သားလိုက်စုဆောင်းနေ
သျှမ်းပြည် မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာအုပ်စုအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA က သေနတ်ပစ်ဖောက်ပြီး လူဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန် ၅ ရက်နေ့တွင် နမ့်အွမ်ကျေးရွာအုပ်စုအတွင်း SSPP/SSA တပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး နမ့်အွမ်ကျေးရွာဒေသခံ နှင့် ကောင်းဝိန်းကျေးရွာဒေသခံ (၄) ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။ “ကောင်းဝိန်းဘက်...
ကာလိ အမျိုးသမီးကို ပစ်သတ်သည့် သတင်း စွပ်စွဲချက်သာ ဖြစ်ကြောင်း RCSS ပြော
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့နေ အမျိုးသမီး တစ်ဦး ပစ်သတ်ခံရသည့် သတင်းသည် စွပ်စွဲချက်သာ ဖြစ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) က ပြောဆိုလိုက်သည်။ အဆိုပါ ပစ်သတ်ခံရသည့် အမျိုးသမီးသည် ကာလိမြို့ ဝမ်တုံကျေးရွာတွင်နေထိုင်သည့် အသက် ၃၀ ကျော် အရွယ်ရှိ...
SSPP မှ နမ့်လန်မြို့ပေါ် တပ်သားသစ်ကောက်ယူ ဒေသခံများ ညအချိန် အပြင်မထွက်ရဲ
သျှမ်းပြည် ကျောက်မဲခရိုင် နမ့်လန်မြို့အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှတပ်သားသစ်ကောက်ယူမှုကြောင့် ဒေသခံများ ညအချိန် အပြင်မထွက်ရဲကြောင်း စုံစမ်းသိရသည်။ ယခုမေလ နောက်ဆုံးပတ်မှစပြီး SSPP/SSA တပ်ဖွဲ့သည် ညအချိန် တပ်သားသစ် ဝင်ရောက်ကောက်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ “ညအချိန်ဆို တစ်အိမ်ဝင် တစ်အိမ်ထွက်ပြီး တပ်သားကောက်နေတာ။ သား...





