လဲချားမြို့နယ်အတွင်း စစ်ကောင်စီ နှင့် SSPP တိုက်ပွဲဖြစ်

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ် နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်တို့ ယနေ့ (သြဂုတ် ၆) ရက် နံနက် ၆ နာရီဝန်းကျင်တွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

.

ယနေ့ (သြဂုတ် ၆ ) ရက်နေ့ နံနက်ပိုင်း ၆ နာရီဝန်းကျင်တွင် စတင်ကာ လဲချားမြို့နယ် နမ့်တိန်းချောင်း၏ အရှေ့ဘက် နမ့်ပေါက်ကျေးရွာအနီး၌ စစ်ကောင်စီ တပ်ဖွဲ့ နှင့် SSPP /SSA တို့ တိုက်ပွဲ ပြင်းထန်နေကြောင်း ၊ စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ပြီး မြေပြင်စစ်အင်အားဖြင့် ထပ်မံထိုးစစ်ဆင် တိုက်ခိုက်လာကြောင်း SSPP/SSA ၏ မြေပြင်အရာရှိ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီဘက်က ကျနော်တို့ကို လက်နက်ကြီး နဲ့ အရင်တိုက်ခိုက်လာတာ၊ မနေ့ကတည်းက လက်နက်ကြီးနဲ့ လှမ်းလှမ်း ပစ်တာ၊ ဒီနေ့မှာတော့ ကျနော်တို့ လက်နက်ကြီးနဲ့ အရင်ပစ်ပြီး အင်အား ၇၀ ကျော် လောက် ရှိတဲ့ စစ်ကြောင်း တစ်ခုက တက်လာတယ်။ အဲ့ဒါကြောင့် ထိတွေ့ တိုက်ပွဲဖြစ်ရတာ။ အခုထိလည်း ပစ်ခတ်နေကြတုန်းမို့ ထိခိုက်ကျဆုံးမှုတွေတော့ မသိရသေးဘူး” ဟု SSPP/SSA မြေပြင် အရာရှိတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

SSPP/SSA

လဲချားမြို့နယ်အတွင်း SSPP တပ်ဖွဲ့ နှင့် တိုက်ပွဲဖြစ်ပွားသည့် စစ်ကောင်စီတပ်သည် ခိုလမ်မြို့ အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲ နှင့် ပတ်သက်ပြီး လဲချားမြို့နယ်အတွင်းမှ ရှမ်းပြည်တပ်မတော် SSPP/SSA ၏ တပ်များ ဆုတ်ခွာရန် သဘောမတူမှုကြောင့် ဖြစ်နိုင်ကြောင်းလည်း SSPP/SSA ၏ မြေပြင် အရာရှိက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“ကျနော်တို့ ဌာနချုပ်ရဲ့ လုံခြုံရေးအတွက် ဒီနယ်ထဲက ထွက်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ သူတို့ (စစ်ကောင်စီ) ဘက်ကနေ ဆုတ်ခွာဖို့ အကြိမ်ကြိမ် ဖိအားပေးခဲ့လည်း ကျနော်တို့က မဆုတ်တော့ အခုလို အကြိမ်ကြိမ် ထိုးစစ်ဆင် တိုက်ခိုက်တာပေါ့၊ ဒါပေမဲ့ ကျနော်တို့က ဆုတ်ဖို့ အစီအစဥ်မရှိပါဘူး” ဟု သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိ ဖြစ်ပွားနေသည့်နေရာသည် ယခင် SSPP /SSA နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)တို့ ထိတွေ့မှုဖြစ်ပွားပြီး ဒေသခံများ စစ်ဘေးတိမ်းရှောင်ခဲ့ဖူးသည့် ဒေသတစ်ခုလည်း ဖြစ်သည်။

စစ်ကောင်စီ

“ ပစ်ခတ်သံကတော့ ဒီမနက်ကနေ စကြားရတာ။ လက်နက်ကြီးသံရော လက်နက်ငယ်သံရော အခုထိ ကြားနေရတုန်းပဲ။ အရင် သျှမ်းတပ် (၂) တပ် ဖြစ်တုန်းကလည်း ကျနော်တို့ ထွက်ပြေးခဲ့ရတယ်။ အခုလည်း တိုက်ပွဲတွေပြင်းရင်တော့ ထွက်ပြေးရအုံးမယ်” ဟု ဒေသခံ တစ်ဦး က စိုးရိမ်စိတ်ဖြင့် ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင် ၂၀ နှင့် ၂၁ ရက်နေ့တို့တွင် လည်း စစ်ကောင်စီ၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးမှူး ကော်မတီ (NSPNC) နှင့် SSPP/SSA တို့သည် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သေးသည်။

ယင်းကဲ့သို့ တွေ့ဆုံမှုအပြီး ယခုလို လက်နက်ကြီးများဖြင့် စစ်ကောင်စီက SSPP/SSA ကို ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လအတွင်းမှာလည်း လဲချားမြို့နယ်ရှိ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ တပ်စခန်းရှိရာ နေရာကို စစ်ကောင်စီက လေယာဉ်ဖြင့် ၆ ကြိမ်ထက် မနည်း ပျံဝဲခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ထင်ယောင်ထင်မှား ငြိမ်းချမ်းရေးနှင့် ကျရှုံးရန်ဇာတာပါလာသော “ရက် ၁၀၀ စီမံချက်”

0
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဇွန်လ လယ်ပိုင်းတွင် သျှမ်းပြည်သို့ လာရောက်ခဲ့သည်။ ထိုကိုယ်စားလှယ်အဖွဲ့သည်  ဇွန် ၁၇ရက်တွင် မိုင်းလားမြို့၌ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) နှင့် တွေ့ဆုံကာ အစိုးရသစ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့်...

မိုင်းလားမြို့သို့ NSPNC ကိုယ်စားလှယ်အဖွဲ့ လာရောက်ပြီး NDAA ခေါင်းဆောင်များနှင့် ဆွေးနွေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC ကိုယ်စားလှယ်အဖွဲ့ လာရောက်ပြီး မိုင်းလားတပ်ဖွဲ့ NDAA ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၇ ရက်) တွင် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (NDAA) ထိန်းချုပ်ထားသည့် မိုင်းလားမြို့သို့ စစ်အစိုးရဘက်မှ...