လဲချားမြို့နယ် စစ်ကောင်စီဘက်မှ စစ်အင်အားဖြည့်တင်း၊ ရဟတ်ယာဥ်ဖြင့် ပျံ့ဝဲနေ

သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း စစ်ကောင်စီမှ စစ်အင်အား ဆက်လက်ဖြည့်တင်းနေပြီး ၊ရဟတ်ယာဥ်ဖြင့် လာရောက် ပျံဝဲနေကြောင်း သတင်းရရှိသည်။

.

ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီတို့ ပြီးခဲ့သည့် သြဂုတ် ၆ ရက် နံနက်ပိုင်းမှ ညနေပိုင်းထိ စစ်ရေး ပြင်းထန်ခဲ့ရာ ယခုရက်ပိုင်း စစ်ရေး ငြိမ်သက်နေရာမှ စစ်ကောင်စီဘက်မှ စစ်အင်အား ဖြည့်တင်းနေပြီး ရဟတ်ယာဥ်ဖြင့် လဲချားမြို့ပေါ် ဆက်လက် ပျံဝဲနေကြောင်း လဲချားမြို့ခံ အသက် ၃၀ ကျော် အမျိုးသားတဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

SSPP တပ်သားများ

“စစ်လေယာဥ် နဲ့ လဲချားမြို့ပေါ်ကို နှစ်ပတ် လာပတ်သွားတယ်၊ အနေအထားကတော့ ခပ်မြင့်မြင့်ကနေ ပျံသွားတာ။ အဲ့လို လေယာဥ် မြင်ရတော့ တော်တော်ကို လန့်သွားတယ်။ အခုတော့ အသံတွေ ငြိမ်သွားပြီ” ၎င်းအမျိုးသား တဦး က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် လေယာဥ်ဖြင့် ပျံဝဲမှု ပြုသည့် အပြင် မြေပြင်စစ်အင်အားဖြည့်တင်းမှုများလည်း လုပ်နေပြီး လမ်းများကိုပါ ပိတ်ပင်တားမြစ် ထားကြောင်းလည်း သိရသည်။

စစ်ရေးတင်းမာခဲ့သည့် သြဂုတ် ၆ ရက်မှစပြီး လက်ရှိအချိန်ထိ လဲချားမြို့ တောင်ဘက်ရှိ မန်ပုံကျေးရွာမှ နမ့်စန်ဘက်သွားသည့် လမ်းကြောင်း နှင့် မက်လန်းကျေးရွာမှ လမ်းတို့ကို စစ်ကောင်စီက ပိတ်ထားပြီး ဒေသခံများကို စစ်ရှောင်ခွင့် ပိတ်ထားသည်။

“စစ်သား (စစ်ကောင်စီတပ်) တွေက ရွာထဲမှာ နေရာယူထားပြီးတော့ ရွာသားတွေ စစ်ရှောင်သွားဖို့ ခွင့်မပြုဘူး၊ စစ်ကောင်စီလုပ်တဲ့ ပုံက ရွာသားတွေကို ကာဗာယူထားတဲ့ သဘောဖြစ်နေတယ်။ အချိန်မရွေး တိုက်ပွဲက ဖြစ်နိုင်တော့ ရွာသားတွေက စစ်ရှောင်သွားချင်တာပေါ့၊ ဒါပေမဲ့ စစ်သားတွေက သွားခွင့်မပြုဘူး” ဟု အသက် ၅၀ ဝန်းကျင် ဒေသခံ အမျိုးသားတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းတိုက်ပွဲအခြေအနေများ နှင့် ပတ်သက်ပြီး SSPP/SSA ၏ ပြောရေးဆိုခွင့်ကို ဆက်သွယ်မေးမြန်းရာ မြေပြင်တိုက်ပွဲငြိမ်နေသော်လည်း စစ်ရေးတင်းမာမှု ရှိနေသေးသည့်အကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နေပြည်တော်ကနေ မြေပြင် အခြေအနေကို ထိန်းသိမ်းဖို့ သူတို့တိုင်းမှူးတွေ၊ တာဝန်ရှိသူတွေဆီကို ညွှန်ကြားလာတယ်လို့ သတင်းကြားမိပါတယ်။ ကျနော်တို့ကို ချိတ်ဆက်ကမ်းလှမ်းတာတော့ မရှိပါဘူး။ အခုထိလည်း သူတို့ဘက်က စစ်အင်အားဖြည့်နေတုန်းမို့ စစ်ရေးတင်းမာနေတုန်းပါ” ဟု SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လဲချားမြို့နယ်မှ SSPP/SSA နှင့် စစ်ကောင်စီတို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြား စစ်ကောင်စီဘက်မှ တပ်သား ၁၀ ဦး ကျော် သေဆုံးသည့်အပြင် အရှင်ဖမ်းမိသူ ၂ ဦး၊ သေနတ် ၂ လက် နှင့် ကား တစ်စီးကို လည်း ဖမ်းဆီးရမိကြောင်း SSPP/SSA ယမန်နေ့ (သြဂုတ် ၇) ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...