Tuesday, January 27, 2026

လွိုင်လင် ခရိုင်အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် SSPP အပြန် အလှန် စစ်အင်အားဖြည့်တင်းနေ

သျှမ်းပြည် လွိုင်လင်ခရိုင်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ အပြန်အလှန် စစ်အင်အား ဖြည့်တင်းမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။

SSPP/SSA

ယခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုများကြောင့် စစ်အင်အားဖြည့်တင်းမှုအပြင် စစ်ကောင်စီမှ လက်နက်ကြီး ပြင်ဆင်မှုများလည်း ရှိနေကြောင်း SSPP/SSA ၏ သတင်းစာမျက်နှာ ဖြစ်သည့် SSPP Info ကလည်း ထုတ်ပြန်ထားသည်။
 
ယင်းကဲ့သို့ နှစ်ဖက် တပ်ဖွဲ့ စစ်ရေးတင်းမာမှုများသည် စစ်ကောင်စီ၏ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်  အနီးသို့ SSPP/SSA တပ်သားရောက်ရှိနေထိုင်ခြင်းကြောင့် ဖြစ်သည်ဟု ဒေသအတွင်း SSPP/SSA အရာရှိ တစ်ဦးက ပြောဆိုထားသည်။
 
“အခု တောင်ပိုင်းဘက်ကို ကျနော်တို့ အင်အားတွေ ရောက်ရှိနေခြင်းက သူတို့ တိုင်းစစ်ဌာနချုပ် နဲ့ နီးလာတော့ လုံခြုံရေးအရ စိုးရိမ်တာလည်း ဖြစ်နိုင်ပါတယ်၊ ဒီမတိုင်ခင်မှာလည်း ဒီတောင်ပိုင်းကနေ ဆုတ်ခွာဖို့ ကျနော်တို့ကို အကြိမ်ကြိမ် ဖိအားပေးခဲ့ပါတယ်၊ ဒါပေမဲ့ ကျနော်တို့က မဆုတ်ခဲ့ဖူးသလို ခုလည်းဆုတ်မှာ မဟုတ်ဘူး၊ စစ်ရေးကို စစ်ရေးနဲ့ဘဲ တုန့်ပြန်ဖို့ရှိပါတယ်” ဟု ဒေသအတွင်း အမည်မဖော်လိုသူ SSPP အရာရှိ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
 
ယနေ့ (ဇွန်လ ၁၇ ) ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီဘက်မှ စစ်ကား အစီးရေ ၁၀ နီးပါးရှိသည့် ယာဥ်တန်းကို မိုင်းနောင် – ခိုလမ် လမ်းကြား၌ တွေ့မြင်ရကြောင်းလည်း ဒေသခံများထံမှ သိရသည်။
 
အဆိုပါ စစ်ရေး တင်းမာမှုသည် ပင်လုံ၊ လဲချား၊ မိုင်းနောင်တို့ရှိ SSPP/SSA စစ်ကြောင်းများ ဆုတ်ခွာရန် စစ်ကောင်စီဘက်မှ တောင်းဆိုမှုကို SSPP/SSA ဘက်မှ လက်မခံသည့်အတွက် ဖြစ်နိုင်သည်ဟု ဒေသခံများပြောဆိုချက် အရသိရသည်။

စစ်ကောင်စီ

 လက်ရှိတွင် စစ်ကောင်စီဘက်မှ လဲချားမြို့တောင်ဘက်ရှိ လွိုင်နမ့်တွန်တောင် အနီး နှင့် ပင်လုံ – လဲချား အကြားရှိ လွိုင်ခေတောင်ခြေတွင် 81mm လက်နက်ကြီးတပ်ဆင်ထားကြောင်းလည်း SSPP Info က ထုတ်ပြန်ထားသည်။
 
ယင်းကဲ့သို့ စစ်ရေးတင်းမာမှုများ နှင့် ပတ်သက်ပြီး ဖြစ်စဥ် အသေးစိတ်ကို မေးမြန်းသိရှိနိုင်ရန် အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ ပြောရေးဆိုခွင့်ထံသို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

SSPP တပ်ဖွဲ့သည် စစ်ကောင်စီ တပ်ဖွဲ့ နှင့် အပစ်ရပ် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း စစ်ကောင်စီ လက်အောက်ခံ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးမှု အကြိမ်ကြိမ် ရှိခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းတွင်လည်း စစ်ကောင်စီဘက်မှ SSPP/SSA ဌာနချုပ်ရှိရာနေရာကို ဦးတည်ပြီး ရဟတ်ယာဥ်ဖြင့် လာရောက် ပျံဝဲခြိမ်းခြောက်မှု ပြုခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...