လွိုင်လင် ခရိုင်အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် SSPP အပြန် အလှန် စစ်အင်အားဖြည့်တင်းနေ

သျှမ်းပြည် လွိုင်လင်ခရိုင်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ အပြန်အလှန် စစ်အင်အား ဖြည့်တင်းမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။

SSPP/SSA

ယခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုများကြောင့် စစ်အင်အားဖြည့်တင်းမှုအပြင် စစ်ကောင်စီမှ လက်နက်ကြီး ပြင်ဆင်မှုများလည်း ရှိနေကြောင်း SSPP/SSA ၏ သတင်းစာမျက်နှာ ဖြစ်သည့် SSPP Info ကလည်း ထုတ်ပြန်ထားသည်။
 
ယင်းကဲ့သို့ နှစ်ဖက် တပ်ဖွဲ့ စစ်ရေးတင်းမာမှုများသည် စစ်ကောင်စီ၏ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်  အနီးသို့ SSPP/SSA တပ်သားရောက်ရှိနေထိုင်ခြင်းကြောင့် ဖြစ်သည်ဟု ဒေသအတွင်း SSPP/SSA အရာရှိ တစ်ဦးက ပြောဆိုထားသည်။
 
“အခု တောင်ပိုင်းဘက်ကို ကျနော်တို့ အင်အားတွေ ရောက်ရှိနေခြင်းက သူတို့ တိုင်းစစ်ဌာနချုပ် နဲ့ နီးလာတော့ လုံခြုံရေးအရ စိုးရိမ်တာလည်း ဖြစ်နိုင်ပါတယ်၊ ဒီမတိုင်ခင်မှာလည်း ဒီတောင်ပိုင်းကနေ ဆုတ်ခွာဖို့ ကျနော်တို့ကို အကြိမ်ကြိမ် ဖိအားပေးခဲ့ပါတယ်၊ ဒါပေမဲ့ ကျနော်တို့က မဆုတ်ခဲ့ဖူးသလို ခုလည်းဆုတ်မှာ မဟုတ်ဘူး၊ စစ်ရေးကို စစ်ရေးနဲ့ဘဲ တုန့်ပြန်ဖို့ရှိပါတယ်” ဟု ဒေသအတွင်း အမည်မဖော်လိုသူ SSPP အရာရှိ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
 
ယနေ့ (ဇွန်လ ၁၇ ) ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီဘက်မှ စစ်ကား အစီးရေ ၁၀ နီးပါးရှိသည့် ယာဥ်တန်းကို မိုင်းနောင် – ခိုလမ် လမ်းကြား၌ တွေ့မြင်ရကြောင်းလည်း ဒေသခံများထံမှ သိရသည်။
 
အဆိုပါ စစ်ရေး တင်းမာမှုသည် ပင်လုံ၊ လဲချား၊ မိုင်းနောင်တို့ရှိ SSPP/SSA စစ်ကြောင်းများ ဆုတ်ခွာရန် စစ်ကောင်စီဘက်မှ တောင်းဆိုမှုကို SSPP/SSA ဘက်မှ လက်မခံသည့်အတွက် ဖြစ်နိုင်သည်ဟု ဒေသခံများပြောဆိုချက် အရသိရသည်။

စစ်ကောင်စီ

 လက်ရှိတွင် စစ်ကောင်စီဘက်မှ လဲချားမြို့တောင်ဘက်ရှိ လွိုင်နမ့်တွန်တောင် အနီး နှင့် ပင်လုံ – လဲချား အကြားရှိ လွိုင်ခေတောင်ခြေတွင် 81mm လက်နက်ကြီးတပ်ဆင်ထားကြောင်းလည်း SSPP Info က ထုတ်ပြန်ထားသည်။
 
ယင်းကဲ့သို့ စစ်ရေးတင်းမာမှုများ နှင့် ပတ်သက်ပြီး ဖြစ်စဥ် အသေးစိတ်ကို မေးမြန်းသိရှိနိုင်ရန် အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ ပြောရေးဆိုခွင့်ထံသို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

SSPP တပ်ဖွဲ့သည် စစ်ကောင်စီ တပ်ဖွဲ့ နှင့် အပစ်ရပ် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း စစ်ကောင်စီ လက်အောက်ခံ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးမှု အကြိမ်ကြိမ် ရှိခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းတွင်လည်း စစ်ကောင်စီဘက်မှ SSPP/SSA ဌာနချုပ်ရှိရာနေရာကို ဦးတည်ပြီး ရဟတ်ယာဥ်ဖြင့် လာရောက် ပျံဝဲခြိမ်းခြောက်မှု ပြုခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...