SSPP တည်ထောင်ခြင်း (၅၂) နှစ်ပြည့် အခမ်းအနားကို ဌာနချုပ် ဝမ်ဟိုင်းတွင် ကျင်းပပြုလုပ်

ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း (၅၂) နှစ်ပြည့် အခမ်းအနားကို ဌာနချုပ် ဝမ်ဟိုင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ သြဂုတ်လ ၁၆ ရက် နံနက်ပိုင်း ၈ နာရီဝန်းကျင်မှ စတင်ကာ ၁၀ နာရီအထိ ဝမ်ဟိုင်းဌာနချုပ် ရှိရာ ကျေးသီးမြို့နယ်၊ ခုံပန်ကျေးရွာအုပ်စုမှ ကျောက်တိုင်ကွင်း အတွင်းတွင် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း SSPP ၏ သတင်းစာမျက်နှာဖြစ်သည့် SSPP info က ထုတ်ပြန်ထားသည်။

အဆိုပါ အခမ်းအနားတွင် SSPP ၏ နာယက ဖြစ်သူ စဝ်ဆေထင်မှ အဖွင့်အမှာစကားနှင့် အတူ SSPP တည်ထောင်မှု သမိုင်းကြောင်းများ၊ ယခင်ကာလ အခြေအနေများ နှင့် လက်ရှိ အခြေအနေများ ကွာခြားချက် တို့ကို ရှင်းလင်းပြောဆိုခဲ့ကြောင်းလည်း SSPP info က ရေးသားထုတ်ပြန်ထားသည်။

ယင်းနောက်တွင် SSPP တည်ထောင်ခြင်း (၅၂) နှစ်ပြည့် အခမ်းအနားသို့ နိုင်ငံရေး ပါတီများမှ ပေးပို့လာသော သဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့ကြောင်းလည်း သိရသည်။

ယနေ့ ကျင်းပပြုလုပ်သည့် SSPP တည်ထောင်ခြင်း (၅၂) နှစ်ပြည့် အခမ်းအနားတွင် SSPP မှ ဗဟိုကော်မတီဝင် (၁၆) ဦး၊ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ကျောင်းသား/သူများ၊ အမျိုးသမီးအဖွဲ့များနှင့် ပြည်သူလူထုများ စုစုပေါင်း (၂,၁၅၉) ဦးတက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ ၃ ဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၃)ဦး နှစ်ပတ်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုမှ ဒေသခံ (၃)ဦးသည် ဆွေမျိုးအိမ်သို့ အလည်သွားရာမှ အပြန် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မတ်လ (၂၇)ရက်အထိ...

တရုတ်ဖိအားကြောင့်လားရှိုး-မူဆယ် လမ်းမပေါ်ရှိ SSPP နှင့် KIA ဂိတ်များ ဖြုတ်သိမ်းဆုတ်ခွာရ

0
မြန်မာ - တရုတ်နယ်စပ် အဓိက ကုန်သွယ်ရေးလမ်းဖြစ်သည့် လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ SSPP/SSA နှင့် KIA တပ်တို့၏ စစ်ဆေးရေးဂိတ်များ တရုတ်ဖိအားကြောင့် ဖြုတ်သိမ်းဆုတ်ခွာရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ တတိယပတ်တွင် လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...