လဲချားမြို့နယ်ထဲမှ SSPP/SSA တပ်ဆုတ်ခွာရန် စစ်ကောင်စီ ညွှန်ကြား

သျှမ်းပြည် လဲချားမြို့နယ်အတွင်းမှာ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) တပ်စခန်း နေရာ ၁၀ နေရာကို ဆုတ်ခွာပေးရန် စစ်ကောင်စီက ညွှန်ကြား ပြောဆိုလာကြောင်း စုံစမ်းသိရသည်။

SSPP/SSA

ပြီးခဲ့သည့် ဇွန်လ ၉ ရက်တွင် တစ်ကြိမ်၊ ၁၁ ရက်နေ့တွင် တစ်ကြိမ် SSPP /SSA တပ်ဖွဲ့များ ဆုတ်ခွာရန် စစ်ကောင်စီဘက်မှ သတိပေး အကြောင်းကြားလာသော်လည်း SSPP ဘက်မှ တုန့်ပြန်မှု မရှိသည့်အတွက် စစ်ကောင်စီက စစ်ရေးအင်အားဖြင့် ခြိမ်းခြောက်လာကြောင်း SSPP Info က ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ စစ်ရေး အင်အား ဖြည့်တင်းမှုဖြင့် စစ်ရေးတင်းမာနေသည့် မြေပြင် အခြေအနေကို SSPP/SSA မြေပြင် အရာရှိ ပုဂ္ဂိုလ်တစ်ဦးက – “ဟုတ်တယ် ကျနော်တို့ကို လဲချား – ပင်လုံ မိုင်းနောင် လမ်းရဲ့ တောင်ဘက်ကနေ တပ်ဆုတ်ပေးဖို့ စစ်ကောင်စီဘက်က နှစ်ကြိမ် သတိပေးခဲ့ပါတယ်။ ကျနော်တို့ဘက်ကလည်း ဘယ်လိုမှ နုတ်ထွက်ပေးလို့ မရဘူးဆိုလို့ အခု စစ်ကောင်စီဘက်က အင်အား ၃၀၀ လောက် ကျွန်တော်တို့ ရှိတဲ့ဘက်ကို လာကပ်ထားတယ်။ သူတို့ဘက်က စပစ်ရင်တော့ ခံစစ်အနေနဲ့ ကျွန်တော် တို့ဘက်ကလဲ အသင့်ပြင် ထားပြီး ဖြစ်ပါတယ်။ နုတ်ထွက်ပေးဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” ဟု SSPP Info တွင် ရေးသားထားသည်။

စစ်ကောင်စီ

လက်ရှိ စစ်ကောင်စီတပ်မှ ဆုတ်ခိုင်းနေသည့် လဲချားမြို့ရဲ့ တောင်ဘက်အရပ်ရှိ SSPP/SSA ၏ ယာယီ တပ်စခန်း ၁၀ ခုသည် ခိုလမ် တိုင်းစစ်ဌာန၏ လုံခြုံရေးအတွက် အဓိက ကျသည့် နေရာများ ဖြစ်သလို SSPP/SSA ဌာန ချုပ်၏ လုံခြုံရေးအတွက်လဲ အဓိက ကျသည့် နေရာများဖြစ်ကြောင်းလည်း SSPP Info က ရေးသားဖော်ပြထားသည်။

စစ်ကောင်စီတို့သည် ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့တွင် တစ်ကြိမ် ၊ ၃၀ ရက်နေ့တွင် တစ်ကြိမ် နှင့် ဇူလိုင်လ ၇ ရက်နေ့တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်မြောက် SSPP/SSA တပ်ဆုတ်ရန် အမိန့် ညွှန်ကြားချက် ထုတ်ပြန်မှု ရှိခဲ့သည်။

SSPP ၏ ပြောရေးဆိုခွင့်ရှိသူများကို သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေကြားခြင်းမရှိပေ။

SSPP တပ်ဖွဲ့သည် စစ်ကောင်စီ တပ်ဖွဲ့ နှင့် အပစ်ရပ် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း စစ်ကောင်စီ လက်အောက်ခံ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးမှု အကြိမ်ကြိမ် ရှိခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းတွင်လည်း စစ်ကောင်စီဘက်မှ SSPP/SSA ဌာနချုပ်ရှိရာနေရာကို ဦးတည်ပြီး ရဟတ်ယာဥ်ဖြင့် လာရောက်ပျံဝဲခြိမ်းခြောက်မှု ပြုခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...