SSPP နှင့် စစ်ကောင်စီ အပြိုင် စစ်အင်အားဖြည့်၊ မိုင်းကိုင်မြို့ထိ တိုက်ပွဲဖြစ်ပွားလာနိုင်

သျှမ်းပြည် လဲချားမြို့နယ်အတွင်း စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA) တို့ အပြိုင်အဆိုင် စစ်အင်အားဖြည့်တင်းမှုကြောင့် မိုင်းကိုင်မြို့ထိပါ တိုက်ပွဲ ဖြစ်ပွားလာနိုင်သဖြင့် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ကြောင်း စုံစမ်းသိရသည်။

.

ပြီးခဲ့သည့် သြဂုတ် ၇ ရက် လဲချားမြို့နယ်အတွင်း စစ်ကောင်စီ နှင့် SSPP တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီဖက်မှ ပြည်သူ့စစ် တပ်သားခေါ်ယူပြီး စစ်အင်အား ဖြည့်တင်းနေပြီး၊ SSPP ဘက်ကလည်း စစ်အင်အား ဖြည့်တင်းနေကြောင်း မိုင်းကိုင်မြို့ ဒေသခံတစ်ဦးက ပြောသည်။

မိုင်းကိုင်မြို့တွင်း တစ်နေရာ

“အခုလည်း နှစ်ဘက်တပ်ဖွဲ့ စစ်ရေးတင်းမာနေတုန်းပဲ။ လဲချားမြို့နယ်ထဲကို စစ်အင်အား ဖြည့်နေတုန်းပါ။ သီပေါဖက်မှာလည်း စစ်ကောင်စီတွေ အင်အားဖြည့်ဖို့ စီစဉ်နေတယ်လို့ ကြားတယ်။ အဲ့ကြောင့် သူတို့ စစ်ရေးအရ ညမထွက်ရ အမိန့်ထုတ်တာ။ မိုင်းကိုင် နဲ့ လဲချားမြို့ကတော့ တမြို့လုံးပဲ ညမထွက်ဖို့ တားမြစ်ထားတယ် “ ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ထုတ်ပြန်သည့် ညမထွက်ရ အမိန့်ထဲတွင် ည ၆ နာရီမှ မနက် ၆ နာရီအထိ ညမထွက်ဖို့ တားမြစ်ထားကြောင်း သိရသည်။

ယင်းကဲ့သို့ နှစ်ဖက်တပ်ဖွဲ့ အပြိုင်အဆိုင် ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်းကြောင့် တစ်နေ့လုပ်တစ်နေ့စား ပြည်သူများအတွက် အခက်ခဲ ဖြစ်နေကြောင်း မိုင်းကိုင်ဒေသခံ တစ်ဦးက ထပ်လောင်းပြောသည်။

“သူတို့ ရွာထဲကိုဝင်လာကတည်းက ကုန်သွယ်ရေး၊ အရောင်းအဝယ်တွေ ဘယ်လိုမှ အဆင်မပြေဘူး။ အဲ့ကစပြီး ကျနော်တို့လည်း ကိုယ့်ကိုယ်လုံခြုံမှုမရှိတော့သလို ခံစားရတယ်။ အသွားအလာ စိတ်မချရဘူး။ အဲ့ခုက ပိုဆိုးတာပေါ့ ဒီလိုထပ်လုပ်လိုက်တော့ တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့ အခြေခံ အလုပ်သမားတွေ၊ နေ့စားအလုပ်သမားတွေအတွက် ခက်ခဲတာပေါ့ “ ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အလားတူ တိုက်ပွဲဖြစ်ပွားခဲ့သည့် လဲချားမြို့နယ်အတွင်း ပြည်သူများကလည်း ညမထွက်ရ အမိန့်ထုတ်ပြန် ထားခြင်းကြောင့် အချိန်မတော် အရေးကြီး ကိစ္စများသွားလာရပါက ပစ်ခတ်ခံရမည်ကို စိုးရိမ်နေကြောင်း၊ လုံခြုံရေးအတွက် စိတ်ပူနေရကြောင်း လဲချားဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

“ကျနော်တို့က အရမ်းစိတ်ပူရတယ်။ ပြည်သူတွေအတွက် လုံခြုံရေးဆိုတာ မရှိဘူး။ အချိန်အခါ မတော် အလုပ်လေး ရှိလို့သွားရင် သူတို့အမြင်မတော်လို့ ပစ်ရင်ပစ်လိမ့်မယ်။ ဟိုဖက်က ပစ်တာလား၊ ဒီဖက်က ပစ်တာလား ဘယ်တပ်ဖွဲ့မှန်း ကိုယ်ကလည်း မသိဘူး။ စိတ်ပူရတဲ့ အပိုင်းတွေ အများကြီးရှိတာပေါ့ “ ဟု ၎င်း အမျိုးသားက ပြောသည်။

လဲချားမြို့ နှင့် မိုင်းကိုင်မြို့ အကွာအဝေးသည် ကားဖြင့်သွားလာရပါက တစ်နာရီသာ ကြာမြင့်ကြောင်း သိရသည်။

ထို့အပြင် လဲချားမြို့နယ်အတွင်း စစ်ကောင်စီမှ စစ်အင်အား တိုးချဲ့ရန်အတွက် ပြည်သူ့စစ်တပ်ဖွဲ့ တစ်ဖွဲ့လျှင် တပ်သား ၁၀၀ ပါဝင်ပေးရန် တောင်းယူခဲ့ပြီး စစ်ရေးအတူ လှုပ်ရှားနေလျက်ရှိ ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...