စယ်လန့်ကျေးရွာအနီး TNLA နဲ့ စကစ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေ

သျှမ်းပြည် မူဆယ်ခရိုင်၊ စယ်လန့်ကျေးရွာအနီးရှိ နမ့်မွမ်းတံတားအနီးတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

စယ်လန့်ကျေးရွာ

ယနေ့ (ဇူလိုင်လ ၂၃ ) ရက် ညနေပိုင်း ၅ နာရီဝန်းကျင်တွင် စယ်လန့်ကျေးရွာ ၊ နမ့်မွန်းတံတား အနီးတွင် TNLA နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားပြီး လက်နက်ကြီး လက်နက်ငယ် အသုံးပြုမှု ရှိနေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စက်သေနတ်သံတွေရော၊ ဗုံးသံတွေပါ ကြားရတယ်။ လှမ်းမြင်ရသလောက်က အငွေ့တွေလည်း မိုးပေါ်ထွက် လာတယ်။ ပစ်နေကြတာက ၁၀ မိနစ်ကျော်ကြာတယ်။ စကစ နဲ့ TNLA တပ်တွေ ထိတွေ့မှု ဖြစ်တာတဲ့” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားလာပြီး နောက်ပိုင်း ဗုံးပေါက်ကွဲသံ ၃ ချက် ဆက်တိုက်လည်း ထပ်မံထွက် ပေါ်လာကြောင်း ဒေသခံများက ဆက်ပြောသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် လက်ရှိတွင် ကားလမ်းလည်း ပိတ်ထားရပြီး လမ်းဘေး၌ ကားသမားများက ယာဥ်ရပ်နား ထားရကြောင်းလည်း ဒေသအတွင်း ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကားတွေလည်း မထွက်နိုင်သေးဘူး၊ လမ်းဘေးမှာ ကားရပ်ပြီး အခြေအနေတွေကို စောင့်ကြည့်နေရသေးတယ်။ အဲ့ဖက် ဖြတ်သွားမယ်ဆိုရင် ပလောင်တပ်ရော၊ စစ်ကောင်စီတပ်ရော ကြုံရနိုင်တယ်”ဟု အထက်ပါ ကားသမားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း နှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက် နှင့် နှစ်ဖက် တပ်ဖွဲ့၏ ထိခိုက်ကျဆုံးမှုကို သျှမ်းသံတော်ဆင့်မှ ဆက်လက် စုံစမ်းမေးမြန်းနေဆဲ ဖြစ်သည်။

အဆိုပါ နမ့်မွမ်းတံတားသည် TNLA တပ်ဖွဲ့မှ အခွန်ကောက်ရန် လာစောင့်သည့် နေရာဖြစ်ပြီး နေ့စဥ်ရက်ဆက် ကောက်ယူတောင်းခံမှုကြောင့် ဒေသခံများ သွားရေးလာရေးအတွက်လည်း ခက်ခဲကြောင်းလည်း သိရသည်။

ထို ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် TNLA တပ်ဖွဲ့ အပြင်၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကလည်း သွားလာ လှုပ်ရှားလေ့ရှိကြောင်း စုံစမ်း သိရသည်။

စစ်ကောင်စီ တပ်ဖွဲ့ နှင့် TNLA တပ်ဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ် (ခွဲ) အတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတို့ တိုက်ပွဲအပြီး၌ ဒေသခံ နှစ်ဦးကလည်း မိုင်းနင်းမိ ထိခိုက် ဒဏ်ရာရသွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...