မူဆယ်မြို့နယ်အတွင်း SSPP က သေနတ်ပစ်ဖောက်ပြီး တပ်သားလိုက်စုဆောင်းနေ

သျှမ်းပြည် မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာအုပ်စုအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA က သေနတ်ပစ်ဖောက်ပြီး လူဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

နမ့်အွမ်ကျေးရွာ

ယမန်နေ့ ဇွန် ၅ ရက်နေ့တွင် နမ့်အွမ်ကျေးရွာအုပ်စုအတွင်း SSPP/SSA တပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး နမ့်အွမ်ကျေးရွာဒေသခံ နှင့် ကောင်းဝိန်းကျေးရွာဒေသခံ (၄) ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

“ကောင်းဝိန်းဘက် နဲ့ နမ့်အွမ်ဘက်က လူတွေကို ဖမ်းသွားတာ။ မနေ့က လာဖမ်းသွားတာ။ (၄) ယောက်လောက်ဖမ်းသွားတယ်လို့ပြောတယ်။ သေနတ်တွေ ပစ်ဖောက်ပြီးတော့ ဖမ်းသွားတာ။ ဒီနေ့ ထပ်လာသေးတယ်။ ဒီနေ့လည်း သေနတ်ပစ်ဖောက်ပြီးတော့ ရွာတွေထဲ ဝင်လာတာ” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယနေ့ ဇွန်လ ၆ ရက်နေ့တွင်လည်း တိန်းလုံကျေးရွာထဲကို သေနတ်ပစ်ဖောက်ပြီး ဝင်ရောက်လာခဲ့ကြောင်း သိရသည်။ သို့သော် ယနေ့အတွက် တပ်သားမည်မျှ ရရှိသွားသည်ကို မသိရှိရသေးပေ။

ထိုအပြင် SSPP/SSA တပ်ဖွဲ့မှ မူဆယ်မြို့နယ် ၊ နမ့်ခမ်းမြို့နယ်တွင်းရှိ ကျေးရွာများထဲတွင် ၁၀ အိမ်ကို တပ်သား ၂ ယောက်ပေးဆောင်ရမည်ဟု ညွှန်ကြားထားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

နမ့်အွမ်ကျေးရွာ

“ သူတို့လာကောက်မယ်ဆိုပြီးတော့ ကျနော်တို့ ကျေးရွာဘက်တွေမှာတော့ လာပြောသွားတာတော့ ရှိတယ်။ ဒီနေ့မှ လာပြောသွားတာ။ သူတို့ (၅) ရက် အချိန်ပေးမယ်တဲ့။ သူတို့တပ်သားတောင်းတာက ဥပမာ ၁၀ အိမ်ဆိုရင် ၂ ယောက်ပေးရမယ်တဲ့။ ရွာတစ်ရွာမှာ အိမ်ခြေ ၁၀၀ ရှိရင် လူ ၂၀ ပေးရမှာပေါ့။ ပြီးတော့ သူတို့နား စစ်သင်တန်း ၁ လ သွားသင်ပြီးရင် ၁ လ အိမ်မှာ ပြန်လာနေလို့ရတယ်တဲ့။ ဒါမဲ့ စစ်ထဲတော့ ရာသက်ပန်နေရမယ်တဲ့” ဟု မူဆယ်မြို့ ဒေသခံ တစ်ဦးက ပြောသည်။

ထိုသို့ SSPP/SSA တပ်ဖွဲ့မှ တပ်သားတွေကို လိုက်လံစုဆောင်းနေသည့်အတွက်ကြောင့် မူဆယ်မြို့နယ် ၊ နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာဒေသခံများတစ်ချို့က ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

“ နမ့်အွမ်ကျေးရွာဒေသခံတွေဆိုရင် မူဆယ်မြို့ပေါ်ကို ထွက်လာခဲ့တာတွေရှိတယ်။ သူတို့ တပ်သားလာကောက်မယ်လို့ ပြောတော့ တစ်ချို့တွေက ထွက်ပြေးနေကြပြီ။ သူတို့ပြောတာတော့ မူဆယ်မြို့နယ် ၊ နမ့်ခမ်းမြို့နယ် နဲ့ ပန်ဆိုင်းဘက်ကလူတွေကို တပ်သားလာကောက်မယ်လို့ပြောတယ်။ အခုတော့ မြို့ပေါ်တွေ ၊ တစ်ခြားနေရာတွေကို ပြောင်းရွှေ့နေကြပြီ” ဟု နမ့်အွမ်ကျေးရွာအတွင်း သွားလာခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ SSPP/SSA တပ်ဖွဲ့သည် နမ့်လန်မြို့ထဲတွင်လည်း ညအချိန်တွေမှာ တပ်သားလိုက်လံစုဆောင်းနေလျက်ရှိသည်။

ထိုအပြင် နမ့်ခမ်းမြို့ပေါ်တွင်လည်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တပ်သားလိုက်လံစုဆောင်းနေသည့်အပြင် အခွန်တွေကိုလည်း လိုက်ကောက်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...