လဲချားမြို့နယ်အတွင်း သျှမ်းတပ်နှစ်တပ် တိုက်ပွဲ ထပ်မံဖြစ်ပွား၊ ဒေသခံများက စစ်ရှောင်ထွက်ပြေးနေ

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း ယနေ့ (ဧပြီ ၁၁) ရက် နံနက်ပိုင်းတွင် သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် ဒေသခံများ လဲချားမြို့ပေါ်သို့ စစ်ရှောင်လာရကြောင်း သတင်းရရှိသည်။

စစ်ရှောင်ထွက်ပြေးလာသူများ

ယနေ့ ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှ စတင်ကာ လဲချားမြို့နယ် မက်လန်းကျေးရွာအနီး၌ သျှမ်းတပ် နှစ်တပ်ဖြစ်သည့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ၊ သျှမ်းပြည် တပ်မတော် RCSS/SSA ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး ဒေသခံများက လဲချားမြို့ပေါ်သို့ စစ်ရှောင်ထွက်ပြေးရ ကြောင်း ဒေသခံများက ပြောသည်။

“ဒီနေ့မနက်မှာ ပစ်ခတ်သံတွေ စကြားရတယ်၊ RCSS/SSA နဲ့ SSPP/SSA က မက်လန်းရွာ အနီးမှာ ထိတွေ့မှု ဖြစ် တာလို့ သိရတယ်။ ဒေသခံတွေကတော့ စပါးတွေ၊ ဆန်တွေကို သိမ်းပြီး မြို့ပေါ်ကို စစ်ရှောင် ထွက်ပြေး ကြတယ်။ တချို့ကလည်း မြို့ပေါ်ရောက်နေပြီ။ တချို့လည်း ပစ္စည်းသိမ်းနေတုန်း” ဟု မက်လန်းရွာမှ အမည် မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်သည် ဒေသခံများ ကြက်သွန်စိုက်ခင်း သိမ်းနေကြချိန်လည်း ဖြစ်နေပြီး ပစ်ခတ်သံများကြားရသည့် အတွက် စိုက်ခင်းထဲ ရောက်နေကြသည့် ဒေသခံများက နေအိမ်သို့ အပြေးပြန်ကာ ပစ္စည်းသိမ်း နေကြရကြောင်း သိရသည်။

Photo-Credit စစ်ရှောင်ထွက်ပြေးလာသူများ

စစ်ရှောင်ထွက်ပြေးလာသူများသည် လဲချားမြို့ပေါ်ရှိ အမျိုးများ နေအိမ်ထံတွင် ဝင်ရောက်ခိုလှုံနေကြရခြင်း ဖြစ်ပြီး လက်ရှိ အချိန်ထိ ပစ်ခတ်သံများ ကြားနေရကြောင်းလည်း ဒေသခံများက ဆက်ပြောသည်။

“အခုချိန်ထိ ပစ်ခတ်သံတွေ ကြားနေရတုန်းပဲ။ စစ်ရှောင်ဦးရေ အတိအကျတော့ မသိရသေးဘူး။ တချို့ကလည်း ထွက်လာနေတုန်း တချို့လည်း မြို့ပေါ်က အမျိုးတွေ အသိတွေဆီ ရောက်လာတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားရာ အနီးမှ ကျေးရွာများဖြစ်ကြသည့် မက်လန်းကျေးရွာ၊ မန်မွမ်းကျေးရွာ နှင့် ဝမ်ဆန်းကောင်းဝိုးလုံ (ဝၢၼ်ႈသၢၼ်းဝူဝ်းလူင်) ကျေးရွာတို့မှ ဒေသခံများ စစ်ရှောင်ထွက်ပြေး ရကြောင်းသိရသည်။

ယင်းကဲ့သို့ သျှမ်းတပ်နှစ်တပ်မှ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေခြင်းသည် သျှမ်းပြည်သူ လူထုများသာ ဒုက္ခရောက် ရသည့် အတွက် တိုက်ပွဲ မဖြစ်ပွားစေလိုကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။

“အခုလိုမျိုး သျှမ်းတပ်ဖွဲ့ အချင်းချင်းက တိုက်ပွဲဖြစ်ပေမဲ့လည်း ခံရတဲ့ သူတွေကျတော့ ကျနော်တို့ ပြည်သူတွေ ဖြစ်တယ်၊ စစ်ရှောင်သွားရတယ်၊ လုပ်ငန်းခွင်တွေ ဆုံးရှုံးရတယ်၊ တပ်ဖွဲ့အချင်းချင်း စကားတွေလည်း နားလည် သဘောပေါက်ကြတာပဲ ၊ တွေ့ဆုံဆွေးနွေးခြင်းပဲ ဖြစ်စေချင်တယ်၊ တိုက်ပွဲကို မရှိစေချင်တော့ဘူး” ဟု လည်း လဲချားမှ အသက် (၅၀) ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း နှင့် ပတ်သက်ပြီး သျှမ်းတပ် နှစ်တပ်၏ ပြောရေးဆိုခွင့်များကို သျှမ်းသံတော်ဆင့်မှ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့တွင်လည်း လဲချားမြို့နယ် စလိုင်းလွယ်ရွာအနီး၌ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး RCSS/SSA တပ်သား ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရပြီး၊ SSPP/SSA မှ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ ခဲ့သည့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားရာ မက်လန်းရွာ တွင် စစ်ကောင်စီ နှင့် မန်ပန်ပြည်သူ့စစ် တပ်ဖွဲ့တို့လည်း ရှိနေကြောင်း သိရသည်။
သျှမ်းတပ် နှစ်တပ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းမှာလည်း ကွန်ဟိန်းမြို့နယ်အတွင်း၌ ထိတွေ့ပစ်ခတ်မှု ရှိခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...